သမိုင်းကြွေး ယူတုန်းကပြုံး
သမိုင်းကြွေး တောင်းတော့မှမုန်း
သမိုင်းကြွေး တောင်းတော့မှမုန်း
🌹🌹🌹

ဟိုယခင် စစ်အာဏာရှင်ခေတ်မှာ
သာသနာပြုမင်းလို့
ကိုယ့်ကိုယ်ကိုထင်နေသူ
နဝတ(နအဖ)စစ်အစိုးရအဖွဲ့
လူကြီးမင်းတွေဟာဘယ်လောက်အထိရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့သလဲဆိုရင်ရဟန်းသံဃာတွေကို
နှစ်ရှည်ထောင်ဒဏ်ချပြီးအကျဉ်းတိုက်တွေထဲ ဆင်းဆင်းရဲရဲသီတင်းသုံး၊ဝါဆိုစေရုံနဲ့တင်အားမရနိုင်ဘဲ
အလုပ်ကြမ်းလုပ်ခိုင်းဖို့အတွက်ရဲဘက်စခန်းတွေဆီသံခြေချင်းခတ်ကာအတင်းအဓမ္မ ပို့ပစ်ခဲ့တဲ့အထိ
ယုတ်မာပက်စက်ခဲ့ကြတယ်။ဒီလိုမျိုး ရဲဘက်စခန်းရောက်ရတဲ့ သံဃာတွေထဲ၊
ထေရ်ကြီးဝါကြီးတိုက်အုပ်ဆရာတော်တွေ၊ကျောင်းထိုင်၊စာချဆရာတော်တွေ၊ဓမ္မာစရိယအောင်တွေပါဝင်ခဲ့ပြီးအဲ့ဒီထဲကတစ်ချို့ခမျာရဲဘက်အလုပ်စခန်းမှာတင်ပျံလွန်တော်မူခဲ့ကြရရှာပါတယ်။ဖိနှိပ်ညှင်းပန်းခံရတာကြောင့်ရယ်၊အနေအစားဆင်းရဲပြီးခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရမပြည့်တာကြောင့်ရယ်၊
ကိုယ်ရောစိတ်ပါနှစ်မျိုးစလုံး အင်မတန်ပင်ပန်းချည့်နဲ့တာကြောင့်ရယ်၊ဆိုးဝါးလွန်းတဲ့ ရာသီဥတုဒဏ်ခံရတာကြောင့်ရယ်၊ရောဂါဖြစ်လာတဲ့အခါလုံလောက်တဲ့ဆေးဝါးကုသမှုအချိန်မီမပေးနိုင်တာကြောင့်ရယ်
စတဲ့အချက်တွေကြောင့်ပျံလွန်တော်မူကြရရှာတာပါ။"ရဲဘက်အလုပ်စခန်းအပို့ခံရတဲ့ဦးဇင်းတို့အုပ်စုထဲမှာဆိုရင်အဲ့ဒီမှာတင် ပျံလွန်တော်မူပြီးကျန်နေရစ်ခဲ့တာသံဃာ(၆)ပါးအထိရှိတယ်"လို့မြစ်ကြီးနားရဲဘက်စခန်းအပို့ခံခဲ့ရတဲ့ဓမ္မစရိယဘွဲ့ရဦးဇင်းဥူးဝိသုတ(သံဃာ့သမဂ္ဂီတွဲဖက်ဒုဥက္ကဌ-၁၉၉၀)(ဘုရားကြီးအလယ်တိုက်)က
မိန့်တော်မူပါတယ်။
"၁၉၉၀ အောက်တိုဘာ ၂၅ ရက်မှာအဖမ်းဆီးခံရတာ။စစ်ကြောရေးကာလ(၃)ပတ်ကြာတယ်။
သင်္ဃန်းဝတ်ထားလျက်တန်းလန်းကိုပဲခေါင်းစွပ်အမည်းစွပ်ပြီးစစ်ဆေးမေးမြန်းတယ်။စစ်မေးသူက
"ဟေ့ကောင်...ဟေ့ကောင်"လို့ခေါ်တာကိုမသိသလိုလုပ်နေတဲ့အခါ"ဟေ့ကောင်..မင်းကိုပြောနေတာကွ"လို့ငေါက်တော့"ငါက...ဘုန်းကြီးကွဆိုပြီး ပြန်ပြောလိုက်တယ်"
ဒါကဦဇင်းဦးဝိသုတမိန့်တော်မူတဲ့စကားပါပဲ။သင်္ဃန်းဝတ်ထားဆဲ ရဟန်းတစ်ပါးကိုစစ်ဆေးမေးမြန်းစဉ်
"ဟေ့ကောင် !! "လို့ခေါ်ဝံ့သူဟာ လူစစ်စစ်တော့မဟုတ်လောက်ပေဘူး။ဦးဝိသုတရဲ့ထောင်ပြစ်ဒဏ်က
၅(ည)၊၁၉(စ)၊၁၇(၁)
၁၇(၂၀) စတဲ့ပုဒ်မတွေနဲ့စုစုပေါင်း(၈၁)နှစ်ပါ။အဲ့ဒီတုန်းက သာသနာ့ဒါယကာစစ်အစိုးရမင်းအနေနဲ့
ပိဋကသုံးပုံဆောင်တိပိဋကဓရဘွဲ့ရဆရာတော်ဥူးသုမင်္ဂလကိုတောင်မချန်ဘဲနှစ်ရှည်ထောင်ဒဏ်ဆက်ကပ်ခဲ့တာမို့ဗုဒ္ဓဘာသာအပေါ်သူတို့ရဲ့ယုံကြည်သက်ဝင်ကိုင်းရှိုင်းမှုနဲ့သံဃာတော်အရှင်သူမြတ်တွေကို
သူတို့ရဲ့ကြည်ညိုချက်ကတော့ကြက်သီးဖျန်းဖျန်းထလောက်ပါရဲ့။
အမှန်မှာတော့၁၉၉၀ ခုနှစ်ရှစ်လေးလုံးနှစ်ပတ်လည်ဆွမ်းလောင်ပွဲအပြီးပြုလုပ်ခဲ့တဲ့သံဃာထုရဲ့ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်မှုကသူတို့အရှိုက်ကိုထိသွားတာကြောင့်သံဃာအပေါ် အညိုးအတေးထားခဲ့ပုံပါပဲ။
ဒါကြောင့်စစ်အစိုးရက သံဃာတွေကိုလူဝတ်လဲအကျဉ်းချပြီးတာတောင်အမုန်းတော်မပြေ မကျေနိုင်ဘဲ
မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းဖောက်လုပ်ရေးရဲဘက်အလုပ်စခန်းအတွက်အကျဉ်းသား အယောက်(၅၀၀)
ထုတ်တဲ့အထဲအကျဉ်းကျ ရဟန်းတော်တွေကိုအလုပ်ကြမ်းခိုင်းဖို့ ထည့်လိုက်ပါတယ်။
"မန္တလေး နန်းတွင်းထောင်မှာထောင်ပိုင်ဦးဝင်းမြင့်၊ထောင်မှူးကြီးဦးခင်မောင်သန်းလက်ထက်။ထောင်နေသားနှစ်လလောက် ရှိတဲ့အချိန်။(၁၉၉၁)ခုနှစ် နှစ်ဆန်းမှာရဲဘက်အလုပ်စခန်းကိုအပို့ခံရတာ"လို့
ဦးဇင်းဦးဝိသုတကပြန်ပြောင်းမိန့်ပါတယ်။
အဲ့ဒီကာလတုန်းကယခုစာရေးသူကိုယ်တိုင်နန်းတွင်းထောင်သီးသန့် ၂ ဆောင်မှာရှိနေတာမို့ရဲဘက်စခန်းမှာပျံလွန်ခဲ့ရရှာသူဦးဝိသုဒ္ဓ(အနောက်ထီးလင်းတိုက်)၊ဦးစန္ဒန(မဟာဝေယံဘုံသာတိုက်)စတဲ့သံဃာအချို့နဲ့
သိကျွမ်းရင်းနှီးခွင့်ရခဲ့ပါသေးတယ်။
ဦးစန္ဒနက ပြုံးပြုံးပြုံးပြုံးနဲ့အင်မတန်အေးတဲ့ကိုယ်တော်ပါ။ဦးဝိသုဒ္ဓဆိုရင်လည်းလမ်းလျှောက်ရင်းပုတီးစိပ်နေတတ်တာမကြာမကြာတွေ့ရတတ်တယ်။
ဒီသံဃာတော်တွေအနေနဲ့အဖမ်းဆီးခံရစဉ်ကတည်းကအတင်းအဓမ္မလူဝတ်အလဲခံထားရပြီး
အကျဉ်းထောင်ထဲရောက်တော့လည်းသင်္ဃန်းဝတ်ခွင့်မရှိကြပေမဲ့ထောင်ထဲမှာသိက္ခာတော့ လုံးလုံးမချကြပါဘူး။
ထောင်ပုံစံပုဆိုးဖြူကိုသင်းပိုင်လိုလုပ် ခါးလိပ်တင်ဝတ်ပြီးထောင်ပုံစံစောင်ကိုကိုယ်ပေါ်မှာ ဧကသီလို
လွှမ်းခြုံ သိုင်းပတ်ဆင်မြန်းထားကြပါတယ်။
အဲ့ဒီတုန်းအခါ မှတ်မှတ်ရရထောင်အာဏာပိုင်ကအစပထမပိုင်းမှာ မနက်မနက်ဆိုရင်အရုဏ်ဆွမ်းဆန်ပြုတ်
လာလာကပ်ပါသေးတယ်။
သံဃာတော်တွေကနေ့လွဲညစာမစားကြသလိုအချိန်မှန်မှန်ဝတ်တက်ရွတ်ဖတ်ကြမြဲပါပဲ။
(၁၉၉၁)ခုနှစ် နှစ်ဆန်း။
ညနေတန်းတင်အဆောင်ပိတ်ပြီးလို့နေဝင်ရီတရောအချိန်။အဆောင်ဝင်းထဲကိုအကျဉ်းထောင်အရာရှိတချို့နဲ့
ဝန်ထမ်းတွေဝင်လာပြီးသံဃာတော်တွေကိုသံချေချင်းရိုက်ပါတယ်။ီသံဃာတွေကိုဧရာမ စဉ့်နှီတုံးကြီးပေါ်
ခြေထောက် အတင်ခိုင်းပြီးတစ်ပါးပြီးတစ်ပါးသံခြေချင်းရိုက်နေတဲ့မြင်ကွင်းဟာစစ်အာဏာအမှောင်ခေတ်မှာ
အင်မတန်မှကို စိတ်မချမ်းမြေ့ဖွယ်နာကျင်ကြေကွဲစရာသမိုင်းပုံရိပ်တစ်ခုပါပဲ။
အဲ့ဒီသံခြေချင်းရိုက်သံတွေကို
ခုချိန်ထိ နားထဲမှာပြန်ကြားယောင်နေဆဲ။သြော်...
အပါယ်မကြောက်၊ငရဲမကြောက်မကြံကောင်း၊မစည်ရာကိစ္စပါ။
စစ်အာဏာရှင်တွေမှာဘာ ဘာသာတရားမှမရှိဘူးဆိုတာအဲ့ဒီကတည်းကသိခဲ့တယ်။
လက်နက်နဲ့အာဏာကလွဲပြီးဘာမှမကိုးကွယ်တဲ့သူတွေ။တစ်သက်တာ ကာလပတ်လုံးအာဏာသရဏံ ဂစ္ဆာမိကြသူတွေ။
ဒီတုန်းက ရဲဘက်ထုတ်မှာကိုကြိုတင်မသိလို့မို့ဘာမှပြင်ဆင်ချိန်မရတာကြောင့်အဲဒီသံဃာတွေမှာ
အိပ်ယာ၊စောင်၊အနွေးထည်၊လုံလုံလောက်လောက်ပါမသွားကြရှာပါဘူး။
ရဲဘက်စခန်း အပို့ခံရတဲ့သံဃာတော်တွေအနက်သံဃာတချို့ရဲ့ဘွဲ့အမည်တွေကတော့ -
၁ - ဦးကဝိန္ဒ(ဓမ္မစရိယမစိုးရိမ်တိုက်ဟောင်း၊တပ်ပေါင်းစု ဥက္ကဌ)
၂ - ဦးဓမ္မဝရ(ပျံလွန်၊ဓမ္မစရိယ၊ခင်မကန်တိုက်၊ပုဂံကျောင်း၊သံဃာ့သမဂ္ဂီ ဒုဥက္ကဌ)
၃ - ဦးဇင်းဦးဝိသုတ(ဓမ္မစရိယ၊သံဃာ့သမဂ္ဂီတွဲဖက်ဒုဥက္ကဌ)
၄ - ဦးစန္ဒိမာ(ပျံလွန်၊ဘုရားကြီးတိုက်၊လယ်ပေါ်ကျောင်း)
၅ - ဦးကောသလ္လ(ပျံလွန်၊ဂွေးချိုတိုက်၊စည်သူဘုရင်အုတ်ကျောင်း)
၆ - ဦးနန္ဒသာရ(ပျံလွန်၊ဂွေးချိုတိုက်၊ဂန္ဒာရုံကျောင်း)
၇ - ဦးဝိသုဒ္ဓ(ပျံလွန်၊အနောက်ထီးလင်းတိုက်၊ရတနာသိဂီၤကျောင်း)
၈ - ဦးစန္ဒန(ပျံလွန်၊ဝေယံဘုံသာတိုက်၊အနောက်တောင်မြို့နယ်)
၉ - ဦးစန္ဒဝရ(ဝေယံဘုံသာတိုက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှာသင်္ချာနဲ့အင်္ဂလိပ်စာပြတဲ့ဦးဇင်း)
၁၀ - ဦးစန္ဒာသီရိ(ဘုရားကြီးတိုက်၊လယ်ပေါ်ကျောင်း)
၁၁ - ဦးသြဘာသ(ဂွေးချို တိုက်)
၁၂ - ဦးပညာနန္ဒ(ဂွေးချို တိုက်)
တို့ပါပဲ။
ဘွဲ့အမည်သိသလောက်ဖော်ပြခြင်းဖြစ်ပြီးအခြားသံဃာများစွာကျန်ပါသေးတယ်။
ရဲဘက်အလုပ်စခန်းပါ သံဃာတွေလိုက်ပါစီးနင်းရတာကကုန်ရထားတွဲပါ။ရထားတံခါးပေါက်တွေကို
ဝါးကပ်ထရံတွေနဲ့ပိတ်ထားတယ်။
ဦးကဝိန္ဒ(မစိုးရိမ်တိုက်ဟောင်း)အပါအဝင်သံဃာ(၁၀)ပါးလောက်ကိုတော့မိုးကောင်းမှာ ချထားခဲ့တယ်။
ချီဗွေ"ကနေ "လောခေါင်"မရောက်ခင်နမ့်မလိနဲ့ ရှငေါ်။အဲဒီရွာ နှစ်ခုကြားမှာရာသီဥတုက ဆိုးရွားပြင်းထန်။
ခန္ဓာကိုယ်က အာဟာရမပြည့်။ပြီးတော့ ပင်ပန်းဆင်းရဲတာရယ်ကြောင့်ဂွေးချို တိုက်က
ဦးသြဘာသနဲ့ဦးပညာနန္ဒ(ဘွဲ့အမည်လွဲနိုင်)တို့နှစ်ပါးပျံလွန်တော်မူပါတယ်။
ရဲဘက်စခန်းမယ်ကျောက်တုံးတွေသယ်ရတယ်။ဆီပုံးကြီးတွေထမ်းရတယ်။ပုတီးတွေဘာတွေတောင်
ယူပြီးလွှင့်ပစ်တဲ့အထိစော်ကားနှိမ့်ချ၊ဆက်ဆံတာခံံရတယ်။
ရဲဘက်စခန်းတာဝန်ကျနေတဲ့ထောင်မှူးကြီးဦးကျော်စိန်(အဲ့တုန်းက သာသနာရေး ဝန်ကြီးဌာနဝန်ကြီး
ဦးမင်းဂေါင်ရဲ့PA)ကိုဦးဇင်းဦးဝိသုတ"က ရင်းနှီးတာမို့သံဃာတွေပင်ပန်းဆင်းရဲနေတာသက်သာရာရအောင်
အကူအညီ တောင်းတယ်။
"ရဲဘက် အလုပ်ခွင်မှာအလုပ်လုပ်နေကြတဲ့သံဃာအချို့ကိုဦးကျော်စိန်ကသူ့လုပ်ပိုင်ခွင့်အခွင့်အာဏာနဲ့
တတ်နိုင်သလောက်ပြန်ခေါ်ဆွဲထုတ်ပေးပြီးကူညီခဲ့တယ်"လို့ဦးဇင်းဦးဝိသုတက မိန့်ပါတယ်။
ရဲဘက်စခန်းမှာကျွေးတဲ့ထမင်းကဝက်"တောင်မှစားမှာမဟုတ်တဲ့ဝက်ခေါင်းခါထမင်း။စပါးလုံးကနိုင်းချင်း။
ပြီးတော့ ချဉ်ကချဉ်သေးတယ်ရယ်။ထမင်းဝေချိန်ရောက်လို့ထမင်းခူးခပ်တဲ့ သံဂေါ်ပြားနဲ့ထမင်းထည့်ပေး(ထောင်အခေါ်ပုံစံထမင်းရိုက်)တဲ့အခါဝအောင်မကျွေးတဲ့အပြင်မှောက်လျှံနေတာကိုတောင်ဇလုတ်က တိုက်ချလိုက်သေးတယ်။တစ်ပတ်ကိုတစ်ခါအသားဟင်းကျွေးဖို့အကျဉ်းထောင်လက်စွဲဥပဒေရှိတယ်ဆိုပေမယ့်နှစ်ယောက်ကိုမှ စည်သွပ်ဗူးတစ်ဗူးတည်းပေးတယ်။
ဦးစန္ဒန(ဝေယံဘုံသာတိုက်)၊
ဦးဝိသုဒ္ဓ(အနောက်ထီးလင်းတိုက်)နဲ့
ဦးစန္ဒာသီရိ(လယ်ပေါ်ကျောင်းတိုက်)တို့(၃)ပါးကဝမ်းကိုက်ရောဂါဖြစ်လို့မို့မြစ်ကြီးနားဆေးရုံ တက်နေရင်းမှာပဲအသီးသီး ပျံလွန်တော်မူကြတယ်။
ဒီကြားထဲမှာပြစ်ဒဏ်နှစ်နည်းတဲ့ ဦးဇင်းတချို့လွတ်သူလည်းလွတ်ဆိုတော့မြစ်ကြီးနား(ပြည်ထောင်)ကိုရွှေ့လာချိန်ကျဦးဇင်းဦးဝိသုတနဲ့ဦးဓမ္မဝရတို့(၂)ပါးပဲကျန်တော့တယ်။
ဦးဇင်းဦးဝိသုတက ငှက်ဖျားမိနေတာ။မိုးကောင်းပြည်သူ့ဆေးရုံပေါ်မှာဆီးတွေ၊ဝမ်းတွေ၊သွားလို့သွားမှန်းတောင်မသိတော့ဘူး။နောက်တော့(၅)ရက်လောက်မေ့မျောနေတာမို့ သေမယ်လို့တွက်ထားကြတယ်။
ဒါပေသိဦးဝိသုတက မပျံလွန်ဘဲဖျားနာနေတဲ့ဦးဓမ္မဝရခမျာမန္တလေးကနေလိုက်လာမယ့်
သူ့တူတော် ဦးဇဋိလ"ရောက်မလာခင်ပံျလွန်တော်မူရှာတယ်။
ဒီလောက်ဆိုးရွားတဲ့ရဲဘက်စခန်းမှာစာတတ်ပေတတ်ဓမ္မစရိယဘွဲ့ရသံဃာတော်တွေ၊ကျောင်းထိုင်ဆရာတော်တွေတောင်မှအလုပ်ကြမ်းခိုင်းစေ နှိပ်စက်ခံရလို့ပျံလွန်ခဲ့ရသေးတာ။အခြားအမှုရိုးရိုးအကျဉ်းသားတွေဆို
တိရိစ္ဆာန်တွေလိုဆင်းဆင်းရဲရဲ၊ငတ်ငတ်ပြတ်ပြတ်နဲ့၊ခုလို ဖေ့စ်ဘွတ်ခ်ပေါ်လည်းအတင်မခံရ၊သူတို့ရဲ့အကြောင်းဘယ်မီဒီယာထဲမှာမှ မပါ၊နောင်တချိန်မှာ သူတို့အကြောင်းဖော်ထုတ်ပြောဆိုပေးမယ့်သူတောင်
မရှိရှာဘဲ၊ခွေးသေ၊ဝက်သေ"သေကျန်ပြီးစာရင်းပျောက်အင်းပျောက်ဖြစ်ခဲ့မှာအသေအချာပါပဲ။
ဒီလို နင်းပြားအကျဉ်သားတွေ၊ဒီလို လူစစ်စစ် ငရဲသားတွေ၊ဘယ်လောက်တောင်များလိုက်လေမလဲ ?
သူတို့ကိုအသာထားပါဦး။အခုလိုနိုင်ငံရေးအရ အကျဉ်းချခံခဲ့ရပြီးရဲဘက်အပို့ခံရတဲ့သံဃာတွေထဲက
သေပျောက်ကျန်ခဲ့သူတွေကိုတောင်စာရင်းကောက်ယူနိုင်ပါပြီတဲ့လား ?
သေရွာပြန်သံဃာတွေရဲ့ဖြစ်ပျက်ကြုံတွေ့ရပုံ၊အလုံးစုံကိုလည်းစုံစမ်းဖော်ထုတ်မှတ်တမ်းယူနိုင်ပါပြီတဲ့လား ?
ထောင်နေသား(၁၄)နှစ်ရှိတဲ့အချိန်(၂၀၀၄)မတ်လ(၂၇)ရက်နေ့။ဦဇင်းဦးဝိသုတ လွတ်လာတော့အပြန်လမ်းမှာကဦးဇင်းတစ်ပါးတည်းရယ်။
ကျဆုံးကျန်ရစ်ခဲ့တဲ့ သံဃာတွေရဲ့ဝိဉာဉ်တွေကဦးဇင်းဦးဝိသုတနောက်ကနေပူးကပ်လိုက်ပါလာကြလေမလား?
ဒါမှမဟုတ်ရဲဘက်အလုပ်စခန်းတွေထဲတဝဲလည်လည် မျက်စိလည်နေကြရှာမလားမသိတော့ပါဘူး။
သံဃာတော်တွေကိုရဲဘက်အလုပ်ကြမ်းစခန်းတွေဆီအတင်းပို့ပြီးအလုပ်ကြမ်းစေခိုင်းဖို့ရာဘယ်သူကအမိန့်ပေးညွှန်ကြားခဲ့တာလဲ ?
ဒီလိုလုပ်ဖို့အထိလိုအပ်ရဲ့လား ?
ဒီကိစ္စမှာ တာဝန်အရှိဆုံးကဘယ်သူလဲ ?
စစ်အာဏာရှင်ရဲ့အလိုဆိုးကိုလိုက်လျောခြင်းမပြုဘဲသူ့တို့အပေါ်ဆန့်ကျင်မိသူသံဃာတော်အရှင်သူမြတ်တွေအနေနဲ့ရဲဘက်စခန်းကို တောရကျောင်းအဖြစ်ဝါဆိုသီတင်းသုံးခဲ့ကြရပြီးဒီမိုကရေစီဓူတင်ဆောင်လို့
ကပ်ကြီးသုံးပါး ကမ္မဌာန်းပင်ပန်းကြီးစွာ စီးဖြန်းရင်းပျံလွန်တော်မူခဲ့ကြရတာဟာကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ခေတ်ဆိုးရဲ့နာကျည်းခါးသီးဖွယ်အတိတ်ပုံရိပ်တစ်ခု ဖြစ်ခဲ့တယ်။
ဒီသမိုင်းကြွေးကိုပြန်ဆပ်တာ၊မဆပ်တာ အသာထားဦး။သမိုင်းကြွေးရှိတာကိုကြွေးယူထားသူတွေဘက်က
အရင်ဆုံးဝန်ခံအသိအမှတ်ပြုပေးဖို့လိုပါတယ်။
သမိုင်းကြွေးယူတုန်းကတော့ပြုံးပြုံး ပြုံးပြုံးနဲ့။
သမိုင်းကြွေး တောင်းတော့မှမမုန်းကြပါနဲ့ !!
#ရေးသူ -မောင်နန်းဝေ(ဗန်းမော်)
၂၀၁၇ စက်တင်ဘာ ၂၄
Rate this posting: သာသနာပြုမင်းလို့

{[['
']]}
No comments:
Post a Comment