Warmly welcome from mgburmese8888 blog.
ကျွန်တော့်ရဲ့ဘလော့ဂ်လေးကိုအလည်လာတဲ့အတွက်မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသား၍သူမ၏ခင်ပွန်းMichael Arisတည်းဖြတ်ခဲ့သော Freedom From Fear (ကြောက်ရွံ့ခြင်းမှကင်းလွတ်ရန်) ကိုမြန်မာပြန်ဆိုထားခြင်း”


         

       ဒေါ်အောင်ဆန်းစုကြည်

ကိုယ်တိုင်ရေးသား၍သူမ၏ခင်ပွန်းMichael Arisတည်းဖြတ်ခဲ့သော Freedom From Fear   (ကြောက်ရွံ့ခြင်းမှကင်းလွတ်ရန်) ကိုမြန်မာပြန်ဆိုထားခြင်း


                                                                    Freedom From Fear

                                                                                                                                 

 ပုထုစဉ်လူသားများအတွက်အဂတိ(ဖေါက်ပြန်)လိုက်စားစေရန်လှုံ့ဆော်နေသောအရာတို့မှာအာဏာမဟုတ်ဘဲစိုးရိမ်ကြောက်ရွံ့စိတ်သာ ဖြစ်ပေတော့သည်။အာဏာကိုလက်လွှတ်ဆုံးရှုံးရမည်ကိုစိုးရိမ်ကြောက်ရွံ့နေခြင်းသည်အဆိုပါအာဏာကိုပိုင်ဆိုင်ထားသူတို့အားဖေါက်ပြန်စေပြီးအာဏာ၏အန္တရာယ်အစွမ်းကိုသိရှိုကြောက်ရွံ့ခြင်းသည်လည်း၎င်းအာဏာကိုလက်ဝယ်ရှိသူများကိုဖေါက်ပြန်စေပါသည်။မြန်မာလူမျိုးအများစုကြီးသည်အဂတိတရားလေးပါးကိုသိရှိကြပြီးဖြစ်ပါသည်။ဆန္ဒဂတိဆိုသည်မှာလိုအင်ဆန္ဒကြောင့်ဖြစ်ပေါ်လာပြီးလာဒ်လာဘများကို



 မျှော်ကိုး၍၎င်း၊မိမိတို့ရဲ့ချစ်ခင်သူများ၏အကျိုးအတွက်၎င်းမှန်ကန်သောလမ်းကြောင်းမှလွဲချော်သွားခြင်းပင်ဖြစ်ပေသည်။ဒေါသဂတိဆိုသည်မှာမိမိမလိုမုန်းထားစိတ်ရှိသူများအားရန်ငြိုးထား၍နာကျင်စေသဖြင့်လမ်းမှားသို့ရောက်ရှိသွားခြင်းကိုဆိုလိုပါသည်။မောဟဂတိဆိုသည်မှာမသိနားမလည်ခြင်းကြောင့်ဖေါက်ပြန်သွားခြင်းပင်ဖြစ်ပါသည်။နောက်ဆုံးပိတ်ဘယာဂတိ(ကြောက်ရွံ့မှု့)သည်အဂတိတရားလေးပါးအနက်
အဆိုးဝါးဆုံးအရာပင်ဖြစ်ပေလိမ့်မည်။အဘယ်ကြောင့်ဆိုသော်ဘယာဂတိသည်အမှားအမှန်ကိုဝေဖန်ပိုင်းခြားဆင်ခြင်နိုင်သောအသိတရားအားလုံးကိုဆိတ်သုံးစေ၍ကာလကြာရှည်လာသည်နှင့်အမျှတဖြေးဖြေးအဆိုပါသုံးသပ်နိုင်စွမ်းအားတို့ကိုပါလုံးဝဖျက်စီးနိုင်သည့်အပြင်အ ခြားအဂတိတရားသုံးပါးတို့ကိုပါပြက်စီးစေသည့်အဓိကရင်းမြစ်လဲဖြစ်နိုင်ပါပေသည်။ဆန္ဒဂတိသည်လောဘကြောင့်ဖြစ်ပေါ်လာခြင်းမဟုတ်ခဲ့ပါကဆင်းရဲချို့တဲ့မည်ကိုကြောက်ရွံ့ခြင်း၊အလိုဆန္ဓမပြည်ဝမှာက်စိုးရိမ်ခြင်း၊ချစ်သူခင်သူများနှင့်ချစ်ခင်မှု့လက်လွှတ်ဆုံးရှုံးမှာကိုစိုးရိမ်ကြောင့်ကြခြင်းတို့ကြေင့်ဖြစ်ပေါ်နိုင်သလိုမိမိထက်သာလွန်ကောင်းမွန်သွားမည်ကိုလဲစိုးရိမ်ကြောင့်ကြခြင်းတု့ကလဲဆန္ဒဂတိကိုအလျှင်အမြန်ဖြစ်ပေါ်စေနိုင်ပါသည်။အဆိုပါကြောက်ရွံ့မှုနှင့်ဖေါက်ပြန်မှု့တို့သည်ဆက်စပ်နေသောကြောင့်ကြောက်ရွံ့မှု့များလွှမ်းမိုးနေသောလူမှု့အဖွဲ့အစည်းတိုင်းတွင်နည်းမျိုးစုံနှင့်ဖေါက်ပြန်မှု့များဖြစ်ပေါ်လာပြီးနက်နက်ရှိုင်းရှိုင်းအမြစ်တွယ်ခိုင်မာလာပါတော့သည်။အများပြည်သူ၏အ
ထွေထွေမကြေနပ်မှု့များနှင့်စီးပွါးရေးမပြေလည်မှု့များသည်၁၉၈၈ခုနှစ်ကျောင်းသားဆန္ဒပြမှုကများမှစတင်သည့်မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံကြီး၏အဓိကအကြောင်းရင်းပင်ဖြစ်ပါသည်။အဲဒါဟာအမှန်ပါဘဲ၊ရှင်းလင်းပြတ်သားမှု့မရှိတဲ့ပေါ်လစီ၊အသုံးမကျသောအစိုးရ၏ဆောင်ရွက်ချက်များ၊မြင့်တက်လာသောငွေကြေးဖေါင်းပွမှု့များနှင့်ကျဆင်းလာသောပြည်သူတို့၏ဝင်ငွေတို့ကတိုင်းပြည်၏စီးပွါးရေးကိုက မောက်ကမဖရိုဖရဲဖြစ်ပွါးစေခဲ့ပါသည်။
အနိမ့်ဆုံးလူနေမှု့အဆင့်အတန်းကိုရရှိဘို့အတွက်ကိုတောင်မှပင်ခက်ခဲပင်ပန်းကြီးစွာနှင့်ရုန်းကန်ရယူနေကြရရုံသာမကပြည်သူတွေ၏ဘဝတွေကိုရုပ်ပျက်ဆင်းပျက်အရှက်ရစေရန်ကြောက်ရွံ့မှု့နှင့်ဖေါက်ပြန်မှု့တို့ကနေရာယူလွှမ်းမိုးလာပေသည်။ကျောင်းသားများဟာသူတို့ရဲ့သူငယ်ချင်းအသတ်ခံရ၍ဆန္ဒပြနေကြခြင်းသာမက၎င်းတို့၏ပစ္စုပ္ပန်ဘဝများကိုအဓိပ္ပါယ်ကင်းမဲ့စေပြီးအနာဂါတ်ကိုလည်းမည်သည့်မျှော်လင့်ချက်မှမပေးနိုင်သောအာဏာရှင်စစ်နစ်ကြီးကအဆိုပါကျောင်းသားများ၏အသက်ရှင်ရပ်တည်နိုင်ခွင့်ကိုပင်ပြောင်ပြောင်ကြီးငြင်းဆန်နေသည်ကိုမကြေနပ်ကြခြင်းကြောင့်ဆန္ဒထုတ်ဖေါ်နေကြခြင်းပင်ဖြစ်ပါတော့သည်။ကျောင်းသားများ၏လိုလားတောင်းဆိုချက်များသည်ပြည်သူလူထုကြီး၏စိတ်အတွင်း၌ဖြစ်ပေါ်နေသောလိုလားချက်များနှင့်ထပ်တူကျသွားသောအခါအဆိုပါဆန္ဒပြပွမြျားသည်တစ်နိုင်ငံလုံးသို့လျှင်မြန်စွာပြန့်နှံ့သွားပါလေတော့သည်။အဆိုပါဆန္ဒပြပွဲများကိုစိတ်အားထက်သန်စွာထောက်ခံအားပေးသူများထဲတွင်စီးပွါးရေးလုပ်ငန်းရှင်များလဲပါဝင် ပေသည်။၎င်းတို့အထဲမှအချို့သည်အဆိုပါစနစ်ဆိုးကြီးအတွင်းအသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက်သာမကဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သောအရည်အချင်းများနှင့်အဆက်အသွယ်ရှိသူများပင်ပါဝင်ပေသည်။အဆိုပါစိးပွါးရေးလုပ်ငန်းရှင်များသည်၎င်းတို့၏ပိုင်ဆိုင်မှု့များက၎င်းတို့၏အသက်အိုးအိမ်စည်းစိမ်ကိုလံခြုံမှု့မပေးနိုင်ကြောင်းသဘောပေါက်နားလည်ထားကြပေသည်။တိုင်းသူပြည်သားအားလုံးလူတန်းစားမ
ရွေးပူပန်မှု့ကင်းစွာအသက်ရှင်ရပ်တည်လိုပ်ကပြည်သူတို့၏ဘဝကိုတာဝန်ခံမှု့ရှိသောအစိုးရတစ်ရပ်မှယအနည်းဆုံးလိုအပ်ချက်ပင်ဖြစ်ပေတော့သည်။အာဏာရှင်တို့၏ပြုလုပ်သမျှခံနေရသောဘဝတွေကိုပြည်သူအများကခံပြင်းနေကြပေသည်။

အေးမြတဲ့ရေကြည်ဖြစ်ကောင်းဖြစ်ပေမယ့်
လက်ခုတ်ထဲကရေအဖြစ်နှင့်ပါ
ဒါကြောင့်...ငါကတော့
လက်ခုတ်ထဲကဖန်ကွဲစကလေးတွေလိုဘဲ
ဖြစ်လိုက်ခြင်တော့တယ်။

အလွန်သေးငယ်သောဖန်ကွဲစအမှုန်ကလေးများသည်သေးငယ်ပင်သေးငယ်သော်ငြားလည်း၎င်တို့၏ထက်မြက်တောက်ပသောအသွားလေး၏စွမ်းအားဖြင့်၎င်းတို့ကိုဖျက်စီးချေမှုံးလာမည့်လက်ချောင်းတို့၏အန္တရာယ်မှမိမိကိုကိုယ်အကာအကွယ်ပေးနိုင်ခြင်းသည်ဖိနှိပ်ချုပ်ချယ်မှု့အောက်မှလွတ်မြောက်ရန်ကြိုးပမ်းဆောင်ရွက်နေသူများ၏စွမ်းဆောင်ရည်ဖြစ်သောသတ္တိဗျတ္တိ၏ထင်ရှားသောသင်္ကေတဖြစ်သည်ဟု
မှတ်ယူနိုင်ပါသည်။ပြဿသနာပေါင်းခြောက်ထောင်တို့နှင့်ရင်ဆိုင်နေရသောနိုင်ငံတွင်အဆိုပါပြဿနာများ၏အဖြေကိုမနားမနေမပင်မပမ်းကြိုးပမ်းရှာဖွေနေခဲ့ရာ၌လူထုခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းသည်မိမိကိုယ်ကိုတော်လှန်ရေးသမားဟုခံယူပြီး“သတ္တိဗျတ္တိရှိသူများကိုဘဲအားမကိုးဘဲပြည်သူတစ်ဦးခြင်းကမိမိတို့ကိုယ်တိုင်သတ္တိဗျတ္တိရှိတဲ့သူရဲကောင်းတွေဖြစ်လာအောင်ကြိုးစားအားထုပ်ကြရပေလိမ့်မည်။ဒါမှလည်းကျုပ်
တို့တတွေအတူအကွစစ်မှန်တဲ့လွတ်လပ်ရေးကြီးကိုပြည့်ပြည့်ဝဝခံစားကြရလိမ့်မည်”ဟုတိုင်းသူပြည်သားများကိုတိုက်တွန်းပြောကြားသွား ခဲ့ပါသည်။တရားဥပဒေစိုးမိုးနေသောနိုင်ငံများတွင်ကံကောင်းထောက်မစွာနေထိုင်ခွင့်ရရှိနေသူများအနေဖြင့်လူတစ်ယောက်၏နေ့စဉ်ဘဝ
ရှင်သန်ရပ်တည်နေထိုင်နိုင်ရေးအတွက်နေ့စဉ်နေ့တိုင်းကြောက်ရွံ့ထိတ်လန့်စွာနေထိုင်နေကြရသောလူ့ပတ်ဝန်းကျင်တွင်မဖေါက်ပြန်ရလေအောင်မည်မျှအထိကြိုးပန်းနေရသည်ကိုအလွယ်တကူနားလည်သဘောပေါက်ဘို့ရန်ဖြစ်နိုင်ခြေမရှိပါ။တရားဥကဒေဆိုသည်မှာဖေါက် ပြန်မှု့ကြူးလွန်သူကိုအပြစ်ဒဏ်ခတ်ခြင်းဖြင့်ဖေါက်ပြန်မှု့ကိုတားဆီးရုံသာမကဘဲအဆိုပါတရားဥပဒေသည်ဖေါက်ပြန်မှုကများကိုမကျူးလွန်
ဘဲလူသားတို့၏ဂုဏ်သိက္ခာကိုထိမ်းသိမ်းပြီးပြည်သူတို့၏အခြေခံလိုအပ်ချက်များကိုဖြည့်စီးပေးနိုင်သောလူမှု့အဖွဲ့အစည်းကိုတည်ထောင်နိုင်ရန်အကူအညီပေးနိုင်ခြင်းပင်ဖြစ်ပါတော့သည်။အဆိုပါတရားမျှတသောဥပဒေများကိုအကောင်အထည်မဖေါ်နိုင်သောနိုင်ငံတို့တွင်တရားမျှတမှု့နှင့်ဟီရိဩတ္တပ္ပတရားတို့နှင့်လျှော်ညီသောကျင့်စဉ်များကိုပြဌါန်းရန်တာဝန်သည်သာမာန်ပြည်သူလူထုကြီး၏တာဝန်အဖြစ်ကျရောက်လာပါတော့သည်။ပြည်သူတို့၏အဆက်မပြတ်ကြိုးစားအားထုတ်နှင့်တည်ငြိမ်စွာကျော်ဖြတ်နိုင်ခြင်း၏အကျိုးသည်ကြောက်ရွံ့ခြင်းကဖျက်စီးလိုက်သောကြောင့်ပျက်စီးနေသောဆင်ခြင်တုံတရားနှင့်အမှားအမှန်ပိုင်းခြားနိုင်သောဉာဏ်ရည်များသာစိုးမိုးနေသောနိုင်ငံများတွင်လူသားတို့၏ဆိုးသွမ်းသောသဘာဝကိုကန့်သတ်၍တရားမျှတမှု့နှင့်ညီညွတ်သောစိတ်ဓါတ်များကိုအထောက်အကူပြုနိုင်တဲ့ဥပဒေစိုးမိုးသောနိုင်ငံအဖြစ်သို့ပြောင်းလဲတည်ဆောက်နိုင်စွမ်းရှိလာမည်ဖြစ်သည်။
မျက်မှောက်ခေတ်တွင်အဆင့်မြင့်နည်းပညာများထွန်းကားလာပြီးအဆိုပါနည်းပညာများကိုအသုံးချ၍လူကိုသေစေနိုင်သောလက်နက်ကရိယာမျိုးစုံကိုတီထွင်အသုံးပြုလာနိုင်ခဲ့ကြပြီးနောက်ထိုလက်နက်ကရိယာများကိုအသုံးပြု၍အင်းအားနည်းပြီးအကူအညီကင်းမဲ့နေသူများကိုလွမ်းမိုးထိမ်းချုပ်နိုင်ရန်အင်အားကြီးမားပြီးဗရမ်းဗတာဖြစ်နေကြသောအာဏာရှိသူများကအသုံးချလာကြပါသည်။အဲဒါကြောင့်နိုင်ငံအဆင့်တွင်၎င်း၊အပြည်ပြည်ဆိုင်ရာအဆင့်တွင်၎င်းနိုင်ငံရေးနှင့်ကိုယ်ကျင့်တရားတို့ကိုပူးတွဲလိုက်နာကျင့်သုံးကြစေရန်အလွန်အမင်းပင်လိုအပ်နေကြပါသည်။ကမ္ဘာ့ကုလသမဂ္ဂ၏အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းတွင်လူတိုင်းလူတိုင်းနှင့်အဖွဲ့အစည်းတိုင်း၏လူမှု့အသိုင်းအဝိုင်းတို့ထဲတွင်လူမျိုးမရွေး၊ဘာသာအယူအဆမရွေးတို့၏အခြေခံရပိုင်ခွင့်များဖြစ်သောလူ့အခွင့်အရေးများကိုတိုးမြှင့်ဆောင်ရွက်ပေးရန်တိုက်တွန်းဆော်သြထားပေသည်။ရေတိုအကျိုးစီးပွါးကိုသာကြည့်ပြီးတိုင်းပြည်အတွက်ရေရှည်ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးကိုမကြည့်သောအစိုးရများ၊ပြည်သူလူထုကပေးအပ်ထားသောအာဏာ၊လုပ်ပိုင်ခွင့်နှင့်မဟုတ်ဘဲအတင်းအကြပ်ရယူထားသောအာဏာရှင်အစိုးရတို့ကိုအရေးယူဆောင်ရွက်နိုင်ရန်မှာကမ္ဘာ့ကုလသမ္မဂ္ဂအနေနှင့်အပြည့်အဝအကောင်အထည်မဖေါ်နိုင်သေးဘဲရည်မှန်းချက်အဆင့်မျှသာရှိနေပေသေးသည်။ထို့အတွက်ကြောင့်အဖိနှိပ်ခံလူသားများသည်မိမိတို့၏စွမ်းအားများကိုပြန်လည်အသုံးချကာလူသားများအဖြစ်ရရှိထားသောမွေးရာပါအခွင့်အရေးများကိုမဆုံးရှုံးစေရန်အတွက်ခုခံကာကွယ်နေရသည့်နေရာအချို့ကတော့ရှိနေမည်မှာမလွဲဧကန်ပင်ဖြစ်ပေတော့သည်။
စံပြလောက်သောတော်လှန်ရေးဆိုသည်မှာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနိုင်ရေးကိုအထောက်အကူပြုသောစိတ်ဓါတ်ပိုင်းဆိုင်ရာအပြုအမူများနှင့်တန်ဖိုးများကိုတည့်မတ်လမ်းကြောင်းပေးနိုင်သောတော်လှန်ရေးကိုဆိုလိုပါသည်။တော်လှန်ရေးတစ်ရပ်တွင်အစိုးရ၏မူဝါဒများ၊ဓလေ့ထုံးတမ်းစဉ်လာများနှင့်အတူရုပ်ဝတ္ထုပိုင်းဆိုင်ရာအခြေအနေများကိုသာမြှင့်တင်ပေးနိုင်သောအရာများသာပါဝင်နေပါကအဆိုပါတော်လှန်ရေးသည်အနည်းအကျဉ်းသာစစ်မှန်သောတော်လှန်ရေးကိုယူဆောင်ပေးနိုင်ပါသည်။ပြည်သူလူထု၏စိတ်ဓါတ်ကိုပါပြုပြင်ပြောင်းလဲနိုင်ခြင်းကိုမပြုလုပ်ဘဲနှင့်တော့စနစ်ဟောင်းမှမတရားမှု့၊တရားလက်လွတ်မှု့များကဆက်လက်ရှင်သန်ကြီးစိုးနေပြီးနောက်မျိုးဆက်သစ်ကိုဆက်လက်ခြိမ်းခြောက်နေမည်မှာမလွဲပါ။ထို့ကြောင့်လွတ်လပ်ခြင်း၊ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတို့ကိုပင်တောင်းဆိုနေယုံမျှနှင့်ဒီမိုကရေစီနိုင်ငံဖေါ်ဆောင်ဘို့မလုံလောက်ပါ။သို့ပါသောကြောင့်အထက်ဖေါ်ပြပါဆန္ဒဂတိ၊ဒေါသဂတိ၊မောဟဂတိနှင့်ဘယာဂတိတို့ကိုပါအတူတကွတိုက်ထုတ်တွန်းလှန်နိုင်ရန်အမှန်တရားအတွက်အနစ်နာခံပြီးမဆုတ်မနစ်ညီညွတ်သောကြိုးစားအားထုတ်မှု့ဖြင့်ရုံးကန်တိုက်ပွဲဝင်ရန်ခိုင်မာသောဆုံးဖြတ်ချက်ချထားရန်လဲအလွန်အမင်းလိုအပ်ပေသည်။
သူတော်စင်တို့မည်သည်မကောင်းမှု့ဒုစရိုက်များကိုသည်းခံ၍ရှောင်ကျဉ်ကျော်ဖြတ်ရန်စွမ်းရည်သတ္တိများရှိသကဲ့သို့လွတ်လပ်သည့်လူ့ဘောင်အသိုင်းအဝိုင်းတွင်နေထိုင်သူလူများသည်လည်းဖိနှိပ်မှု့များကိုရှောင်ကျဉ်၍မိမိတို့ကိုယ်ကိုမိမိတာဝန်ယူမှု့နှင့်စည်းကမ်းလိုက်နာသောလူ့ဘောင်အဖွဲ့အစည်းဖြစ်စေရန်အစဉ်အမြဲထိမ်းသိမ်းစောင့်ရှောက်ကြပေသည်။လူသားများ၏ပန်းတိုင်သည်အဆုံးတနေ့၌အခြေခံလွတ်လပ်မှု့များထဲမှမိမိတို့၏ဘဝများကိုပြည့်ဝပြီးချုပ်နှောင်မှု့ကင်းမဲ့သောလူနေမှု့ဘဝများနှင့်ကြောက်ရွံ့ခြင်းမှကင်းဝေးစေခြင်းတို့ကိုမျှော်လင့်တောင့်တကြသည်မှာဓမ္မတာပင်ဖြစ်ပေသည်။နိုင်ငံကိုလွတ်လပ်သောလူ့ဘောင်အဖွဲ့အစည်းအဖြစ်တည်ဆောက်လိုသူများ(ဒီမိုကရေစီလိုလားသူများ)သည်ပထမဦးဆုံးမိမိတို့ကိုယ်၌ကမိမိတို့၏အတွင်းစိတ်ထဲမှကြောက်ရွံ့ခြင်းစိတ်များကိုဖယ်ရှားနိုင်ရမည်ဖြစ်သည်။
အောင်ဆန်းသည်အမြဲတမ်းအပြောနှင့်အလုပ်ကိုညီစေရန်ကျင့်ကြံအားထုတ်ခဲ့လေသည်။သူသည်အမြဲတမ်းကာယသတ္တိကိုသမကဘဲအမှန်တရားကိုထုတ်ဖေါ်ပြောဆိုရဲသည့်သတ္တိရှိခြင်း၊ပြောလျှင်လဲပြောသည့်အတိုင်းအကောင်အထည်ဖေါ်သည့်စိတ်ရှိခြင်း၊ဝေဖန်မှု့များကိုလက်ခံနိုင်သည့်သတ္တိရှိခြင်း၊မိမိအမှားကိုဝန်ခံရဲခြင်းနှင့်မှားနေရာမှအမှန်ကိုပြင်ဆင်နိုင်တဲ့စွမ်းရည်သတ္တိရှိခြင်း၊အတိုက်အခံကိုလေးစားအသိအမှတ်ပြုခြင်း၊ရန်သူနှင့်တွေ့ဆုံဆွေးနွေးရဲသည့်သတ္တိရှိခြင်းနှင့်မိမိအားခေါင်းဆောင်ဖြစ်သင့်မဖြစ်သင့်ကိုပြည်သူလူထုအားရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ပေးခြင်းအစရှိသောသူ၏ပင်ကိုအစွမ်းသတ္တိများကိုထုတ်ဖေါ်ပြသခဲ့ပါသည်။အဆိုပါသူ၏အစွမ်းသတ္တိများကြောင့်မြန်မာပြည်သူလူထုကြီးတစ်ရပ်လုံးကသူ့အားတိုင်းပြည်၏လွတ်လပ်ရေးကိုအရယူပေးခဲ့သောသူရဲကောင်းတစ်ယောက်အနေနှင့်သာမကဘဲမိမိတို့၏ရင်သွေးများအတွက်စိတ်ဓါတ်ပိုင်းဆိုင်ရာစံနမူနာထားစရာအဖိုးထိုက်ရတနာတစ်ဦးအဖြစ်အစဉ်ထာဝရချစ်ခင်ကြည်ညိုလေးစားနေကြခြင်းဖြစ်
ပေသည်။
အိန္ဒိယနိုင်ငံ၏လွတ်လပ်ရေးသူရဲခေါင်းတစ်ဦးဖြစ်သောဂျဝါဟာလာနေရူးက၎င်းတို့၏လွတ်လပ်ရေးဗိသုကာကြီးမဟတ္တမဂန္ဒီကိုရည်ညွှန်ဖေါ်ပြခဲ့သောစကားလုံးအသုံးအနှုံးများသည်ဗိုလ်ချုပ်အောင်ဆန်းကိုရည်ညွှန်းပြောဆိုရာတွင်လည်းအသုံးပြုနိုင်ပါသည်။အဆိုပါအသုံးအနှုံးမှာ“သူ၏ဆုံးမသြဝါဒများ၏အနှစ်ချုပ်မှာကြောက်ရွံ့မှု့ကင်းမဲ့ခြင်းနှင့်အမှန်တရားများဖြစ်ပြီးတော့အဆိုပါစွမ်းရည်စိတ်ဓါတ်အပြုမမူများကိုအ
သုံးချလုပ်ကိုင်ဆောင်ရွက်ခဲ့ကာပြည်သူလူထုကြီး၏အကျိုးစီးပွါးအတွက်ထာဝစဉ်ကြိုးပမ်းခဲ့သူဖြစ်ပါသည်။”
ဂန္ဒီဆိုသည့်ပုဂ္ဂိုလ်ကြီးမှာအကြမ်းမဖက်သောငြိမ်းချမ်းရေးလမ်းစဉ်အတွေးအခေါ်များကိုလူထုကြားထဲသို့ဖြန့်ဖြူးပေးဝေခဲ့သောပုဂ္ဂိုလ်ကြီးဖြစ်ပြီးအောင်ဆန်းဆိုသည်မှာအမျိုးသားတပ်မတော်ကိုဦးဆောင်၍ဖွဲ့စည်းခဲ့သောပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်သောကြောင့်အခြေခံသဘာဝအားဖြင့်တော့ဆန့်ကျင်ဘက်ဖြစ်နေပါသည်။သို့ပါသော်လည်းသူတို့နှစ်ဦးဟာဖိနှိပ်သူအာဏာရှင်ကိုပုန်ကန်တော်လှန်ရာတွင်အချိန်မရွေး၊နေရာမ
ရွေးအဆင်သင့်ဖြစ်နေသောစိတ်ဓါတ်မှာမူသူတို့၏မွေးရာပါအရည်အချင်းများဖြစ်ကြပြီးအဆိုပါအရည်အချင်းများမှာမူထပ်တူထပ်မျှပင်ဖြစ်နေကြပါသည်။နေရူးသည်နိုင်ငံရေးတွင်ခေတ်မှီသောအမြင်ရှိပြီးသူကဂန္ဒီ၏အကြီးကျယ်ဆုံးသောအောင်မြင်မှု့မှာအိန္ဒိယပြည်သူများ၏စိတ်ထဲသို့ရဲစွမ်းသတ္တိစိတ်ဓါတ်များသွတ်သွင်းပေးနိုင်ခဲ့ခြင်းပင်ဖြစ်သည်ဟူယူဆခဲ့ပါသည်။သို့သော်လည်းသူ၏အကဲဖြတ်ချက်ဖြစ်သော၂၀ရာစု၏
လွတ်လပ်ရေးလှုပ်ရှားမှု့များ၏လိုအပ်ချက်များကိုသုံးသပ်ရာတွင်မူသူရှာဖွေတွေ့ရှိခဲ့သောရှေးဟောင်းအိန္ဒိယအတွေးအခေါ်တစ်ခုဖြစ်သော“အဘယခေါ်ကြောက်ရွံ့မှု့ကင်းမဲ့ခြင်းသည်လူတစ်ဦးတစ်ယောက်ခြင်း(သို့)နိုင်ငံတစ်နိုင်ငံ၏အကြီးမြတ်ဆုံးသောလက်ဆောင်မွန်ပင်ဖြစ်ပေသည်။၎င်းသည်ကာယသတ္တိရှိယုံသာမကဘဲမိမိတို့၏အတွင်းစိတ်ထဲမှကြောက်ရွံ့ခြင်းကင်းမဲ့မှု့ပင်ဖြစ်ပါသည်။”ကြောက်ရွံ့မှု့ကင်းမဲ့ခြင်းသည်ကောင်းမွန်သောလက်ဆောင်မွန်ဖြစ်သော်ငြားလည်းကြိုးစား၍ပြုစုပျိုးထောင်ထားသောသူရသတ္တိ၊ကြောက်
ရွံ့ခြင်းကိုမဖြစ်ပေါ်စေရန်လေ့ကျင့်ပြုစုပျိုးထောင်ရင်းမှထွက်ပေါ်လာသောသူရသတ္တိ၊ပြင်းထန်သောဖိနှိပ်မှု့များအဆက်မပြတ်ဖြစ်ပေါ်နေသည့်ကြားမှတည်ငြိမ်စွာရင်ဆိုင်ရပ်တည်နိုင်သောသူရသတ္တိတို့ကပို၍အဖိုးထိုက်တန်သောသူရသတ္တိများဖြစ်ကောင်းဖြစ်နိုင်ပါသည်။
လူသားတို့၏မွေးရာပါအခြေခံလူ့အခွင့်အရေးများကိုငြင်းပယ်ထားသောအုပ်ချုပ်ရေးစနစ်များတွင်ကြောက်ရွံ့ထိတ်လန့်မှု့မျိုးစုံသည်နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေမည်မှာမလွဲဧကန်ပါ။အဆိုပါကြောက်ရွံ့ထိတ်လန့်မှု့များမှာထောင်သွင်းအကျဉ်းချခံရမည်ကိုကြောက်ရွံ့မှု့၊နှိပ်စက်ညှင်းပန်းခံရမည်ကိုကြောက်ရွံ့မှု့၊မိမိတို့၏အသက်ဆုံးရှုံးမှာကိုစိုးရိမ်ထိတ်လန့်မှု့၊မိတ်ဆွေအပေါင်းအသင်းများကိုလက်လွှတ်ဆုံးရှုံးမှာကိုကြောက်ရွံ့မှု့၊မိသားစုများဆုံးရှုံးမှာကိုကြောက်ရွံ့စိုးရိမ်ခြင်း၊ဆင်းရဲဒုက္ခရောက်မှာကိုစိုးရိမ်ကြောက်ရွံ့ခြင်း၊မိမိတို့၏အလုပ်အကိုင်များဆုံးရှုံးမှာကိုစိုးရိမ်ကြောက်ရွံ့မှု့၊မိမိတို့၏ပစ္စည်းဓနဥစ္စာများလက်လွှတ်ဆုံးရှုံးမျာကိုစိုးရိမ်ကြောက်ရွံ့မှု့၊အထီးကျန်ဆန်ရမည်ကိုစိုးရိမ်ကြောက်ရွံ့မှု့၊ကျရှုံးမည်ကိုစိုးရိမ်ကြောက်ရွံ့မှု့တို့ပင်ဖြစ်ပေသည်။
လူအများသတိမထားမိဆုံးကြောက်ရွံ့ခြင်းပုံသဏ္ဍန်ကတော့မိမိကိုယ်မိမိပညာရှိကဲ့သို့ဟန်ဆောင်နေခြင်းပင်ဖြစ်သည်။မိုက်မဲသူအဖြစ်ရှုံ့ချခြင်း၊မဆင်မခြင်လုပ်ရပ်ဟုပြောဆိုခြင်း၊အရေးမပါသောလုပ်ရပ်ဟုဝေဖန်ပြောဆိုခြင်း(သို့)အဓိပ္ပါယ်မဲ့လုပ်ရပ်ဟုပြောဆိုခြင်းအစရှိသည့်နေ့စဉ်အပြုအမူအသုံးအနှုံးများကိုအသုံးပြု၍မွေးရာပါလူသားတို့၏ဂုဏ်သိက္ခာနှင့်မိမိကိုယ်မိမိပြန်လည်လေးစားလာရန်ထိမ်းသိမ်းထားခြင်းပင်
ဖြစ်သည်။တင်းကြပ်ပြင်းထန်သောစည်းမျဉ်းစည်းကမ်းများ၏လက်အောက်၌ကြောက်ရွံ့ခြင်းများနှင့်အတူကြီးပြင်းနေထိုင်ကြရသောလူသားများအဖို့အဆိုပါကြောက်ရွံ့ခြင်းများမှရုန်းထွက်နိုင်ရန်ခွန်အားနှင့်စိတ်ဓါတ်များမှာအလွယ်တကူထွက်ပေါ်လာနိုင်မည်မဟုတ်ပေ။သို့ပါသော်လည်းကြောက်ရွံ့ခြင်းဟူသောစိတ်ဆိုသည်မှာသာမာန်လူ့အသိုင်းအဝိုင်းများတွင်ဖြစ်ပေါ်လေ့မရှိခြင်းကြောင့်အဖိနှိပ်အချုပ်ချယ်ဆုံးနိုင်ငံများမှာတောင်အဏာရှင်များကိုဆန့်ကျင်တော်လှန်ဝံ့သောသူရသတ္တိများသည်အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကြပါသည်။
အလွန်ကြီးမားသောအာဏာကိုရင်ဆိုင်အံတုရန်မှာကြီးမားသောသူရသတ္တိနှင့်ခံနိုင်ရည်ရှိမှု့တို့သည်ကိုယ်ကျင့်တရားဆိုင်ရာစည်းမျဉ်းစည်းကမ်းတို့၏မွန်မြတ်သန့်စင်မှု့တို့ကိုခိုင်မြဲသောယုံးကြည်မှု့နှင့်အတိတ်တွင်ဖြစ်ပွါးခဲ့သောသမိုင်းဆိုင်ရာအသိတရားတို့အပေါ်တွင်အခြေတည်ခြင်းဖြစ်ပြီးလူသားတို့သည်မည်မျှပင်အနှောက်အရှက်များအဖျက်အစီးအခြေအနေများနှင့်ရင်ဆိုင်နေရစေကာမူစိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာတိုးတက်မှု့နှစ်ခုစလုံးမှာ၎င်းလူသားတို့၏အန္တိမရည်မှန်းချက်ပင်ဖြစ်ပါတော့သည်။မိမိကိုယ်မိမိတိုးတက်ရန်ကြိုးပမ်းးအားထုတ်ခြင်းနှင့်မိမိကိုယ်မိမိမကောင်းမှု့နွံအတွင်းမှရုံးထွက်နိုင်ရန်ကြိုးစားအားထုတ်ခြင်းတို့သည်အကြီးမားဆုံးသောလူသားတို့နှင့်အဟိတိရိစ္ဆာန်တို့အကြားကွဲပြားခြာနားချက်ပင်ဖြစ်ပါသည်။လူသားများအတွက်အမြင့်မားဆုံးတာဝန်ယူမှု့မှာအပြစ်ကင်းစင်ခြင်းဟူသောအဓိပ္ပါယ်အသိတရားနှင့်အဆိုပါအသိတရားကိူရယူပိုင်ဆိုင်ရန်ပြင်းပြသောစိတ်ဆန္ဒရှိခြင်း၊၎င်းကိုရယူပိုင်ဆိုင်ရန်လိုအပ်သောနည်းလမ်းများကိုရှာဖွေနိုင်သည့်အသိဉာဏ်ရှိခြင်း၊အဆိုပါအသိတရားကိုလိုက်နာဆောင်ရွက်နိုင်ခြင်းနှင့်နောက်ဆုံးအပြည့်အစုံမလိုက်နာနိုင်လျှင်တောင်မှအနီးကပ်ဆုံးသို့လိုက်နာဆောင်ရွက်နိုင်ရန်ကိုယ်ပိုင်ကန့်သတ်ချက်များနှင့်ပတ်ဝန်းကျင်ဆိုင်ရာအဟန့်အတားများကိုကျော်လွှာနိုင်ရန်လိုအပ်ပေသည်။
စဉ်းစားချင့်ချိန်နိုင်သောအသိဉာဏ်၊လူသားဆန်သောလူ့ဘောင်အဖွဲ့အစည်းတို့ကိုဖွဲ့စည်းတည်ထောင်လိုသောလူသားများ၏မျှော်လင့်ချက်များသည်ချို့တည့်မှု့နှင့်ကြောက်ရွံ့မှု့တို့ကင်းမဲ့သောလူ့ဘောင်အဖွဲ့အစည်းအဖြစ်တည်ဆောက်ရန်သူရသတ္တိနှင့်အနစ်နာခံမှု့များကဦးဆောင်အားဖြည့်စေကြပါသည်။အမှန်တရား၊မျှတမှု့နှင့်ဂရုဏာတရားစသည့်ကျင့်ကြံမှု့အယူအဆများကိုဟောင်းနွမ်းနေသောကျင့်ကြံမှု့အယူအဆများဟုသဘောထားပြီးပြစ်ပယ်၍မရနိုင်ဘဲ၎င်းတို့သည်အကြင်နာမဲ့သောအာဏရှင်တို့ကိုဆန့်ကျင်တော်လှန်ရာ၌အ
ကောင်းဆုံးကာကွယ်မှု့ပေးနိုင်သောတံတိုင်း၊လက်နက်များအဖြစ်အသုံးပြုနိုင်ပါသည်။

ဘာသာပြန်သူ၏ကျေးဇူးတင်စကား....
အန်တီ(ဒေါ်အောင်ဆန်းစုကြည်)ကိုယ်တိုင်ရေးသားခဲ့ပြီးသူမ၏ခင်ပွန်းMichael Arisတည်းဖြတ်ပေးခဲ့သော
Freedom From Fear    (ကြောက်ရွံ့ခြင်းမှကင်းလွတ်ရန်)စာစုကလေးဒီမှာတင်ပြီးဆုံးပါပြီးကျွန်တော့၏အဓိကစာဖတ်သူများထံသိုပေးပို့လိုသောအသိတရားမှာဒေါ်အောင်ဆန်းစုကြည်ဟူသောအမျိုးသမီးကြီးကိုဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်၍၎င်း၊ပညာတတ်၍သော်၎င်း၊ကျော်ကြား၍သော်၎င်း၊ပြည်သူအများကြားမှာရေပန်းစားနေ၍သော်၎င်းအဆိုပါအချက်များလောက်နှင့်အတင်းမျက်စေ့စုံမှိတ်၍လိုက်ပါချစ်ခင်ထောက်ခံနေခြင်းမဖြစ်လိုပါပေ။သူ၏အတွင်းစိတ်မှအတွေးခေါ်များကိုပါသိရှိစေရန်သေသေခြာခြာဖတ်ရှု့လေ့လာပြီးကိုယ်ပိုင်အသိဉာဏ်ဖြင့်သူ၏အတွေးအခေါ်များသည်မှန်၊မမှန်၊လက်တွေ့ဘဝများနှင့်ကိုက်ညီမှု့ရှိ၊မရှိပိုင်းခြားဝေဖန်သုံးသပ်ပြီးကာမှချစ်ခင်ယုံကြည်လေးစားစွာထောက်ခံစေလိုပါသည်။စာဖတ်သူမှဤကဲ့သိုပြုလုပ်ခဲ့ပါလျှင်ကျွန်တော့်အနေနှင့်ဘာသာပြန်ရကျိုးနပ်ပါပြီ။
အကယ်၍ကျွန်တော်၏ဘာသာပြန်ညံ့ဖျင်းမှု့ကြောင့်အမှားအယွင်းများပါရှိခဲ့ပါကမူရင်းစာရေးသူအန်တီနှင့်စာဖတ်သူများအနေနှင့်မေတ္တာရှေ့ထား၍ခွင့်လွှတ်ပေးကြပါရန်အနူးအညွတ်တောင်းပန်အပ်ပါသည်ခင်ဗျား။ဖတ်ရှု့ပေးသည့်အတွက်ကျေးဇူးတင်ရှိပါသည်။

အင်္ဂလိပ်လိုမူရင်းအရသာမပျက်ဖတ်ရှု့လိုသူများအတွက်လဲတင်ပေးထားပါသည်ခင်ဗျား။မိမိတို့၏ထင်မြင်ယူဆချက်၊အမြင်များကိုလည်းအောက်ကcomment boxအတွင်းလွတ်လပ်စွာဝေဖန်ဆွေးနွေးရေးသားနိုင်ပါသည်။

လေးစားစွာဖြင့်
mgburmese(ဘာသာပြန်သူ)



Rate this posting:
{[['']]}

No comments:

Post a Comment