Warmly welcome from mgburmese8888 blog.
ကျွန်တော့်ရဲ့ဘလော့ဂ်လေးကိုအလည်လာတဲ့အတွက်မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ကလေးကို ဒါမျိုးလုပ်ခိုင်းတဲ့ အကောင်တွေ ကောင်မတွေ(ဆရာ/ဆရာမလို့ မခေါ်ချင်လို့)ရော ကျောင်းအုပ်ရောကို စီးလက်စ သားရေဖိနပ်နဲ့ ပါးတွေချည်းရိုက်ပြစ်ချင်တာ





ပညာရည်ချွှန်ဆုပေးပွဲတဲ့အမည်လေးကတော့ တကယ့်ကို လေးစားစရာပါ
မှတ်ချက်***Dr Kyaw Swe ၏ဖေစ့်ဘွတ်ခ်မှပိုစ့်ကိုကြိုက်လွန်း၍ကူးယူပြီးဖေါ်ပြပေးလိုက်ပါသည်။
=================================
၁၉..၆..၁၅
-
ပညာရည်မြင့်မားထူးချွှန်တဲ့ ကျောင်းသားကျောင်းသူတွေကိုဆုချီးမြှင့်ပေးတာအလွန်ကောင်းပါတယ်ကျုပ်တို့ဆီမှာတော့ ဝန်ကြီးဦးအောင်သောင်းဆုလို့ ခေါ်ကြတယ်ကျောင်းသားကျောင်းသူတွေထက်မိဘတွေကပိုမိုမက်မောကြတာတွေ့ရပါတယ်
-
သီရိပျံချီဘွဲ့ပိုင်ရှင်ကြီးနဲ့တွဲဓာတ်ပုံရိုက်၊သူ့လက်မှတ်ပါတဲ့ဂုဏ်ပြုဆုမှတ်တမ်းလေးချိတ်ကျက်သရေရှိလိုက်ပါဘိလို့ပြောတာလဲကြားဖူး
ပါရဲ့ဇွန် ၁၉ ရက်နေ့က တောင်တွင်းကြီးမြို့မှာဦးအောင်သောင်းဆုပေးပွဲကျင်းသွားပါတယ်။
-
ဒီပွဲကိုမြို့နယ်အတွင်းကလွှတ်တော်အမတ်တွေ၊ပါတီများကအကြီးအကဲတွေ၊ကော်မတီအသီးသီးကအကြီးအကဲတွေ၊ဌာနဆိုင်ရာ ဦးစီးတွေ စုံစုံညီညီတက်ရောက်ကြပါတယ်။
-
ဒီပွဲမှာအားလုံးရဲ့ရှေ့ကဆိုဖာခုံကြီးပေါ်မှာတစ်ဦးတည်းသီခြားထိုင်နေတဲ့ဦးအောင်းသောင်းကိုတောင်တွင်းသားတွေလောကဝတ်ပြု
လိုက်တာကတော့ အတော်ကို လွန်သွားပါတယ်။
-
ဦးအောင်းသောင် ရောက်လာထိုင်ခုံပေါ်ထိုင်ပြီးကတည်းက၈တန်းကျောင်းသူလေးတစ်ဦးကယပ်ခပ်ပေးနေရတာထ ပြန်တဲ့အထိပါပဲဒီ
လိုစီစဉ်တဲ့သူရဲ့အတွေအခေါ်က အောက်တန်းကျလွန်းပါတယ်လေပန်ကာလေးတစ်လုံးချပေးထားရင် ဖြစ်နိုင်ရဲ့နဲ့တောင်တွင်းသူ သမီးငယ်လေးကိုဒီလိုယပ်ခပ်ခိုင်းထားတာဟာစဉ်းစားစရာပါ။ခိုင်းတဲ့သူတင်မဟုတ်ပါဘူးခံယူနေတဲ့ဦးအောင်သောင်းကိုယ်တိုင်လူမှုကျင့်
ဝတ်တွေ နားလည်လိုက်နာဖို့ လိုပါတယ်။
-
အခြားသူတွေလဲအတူတူ နေနိုင်ကြရင်ဘာလို့ထူးကဲပြီးအသုံးတော်ခံချင်နေရတာလဲဒီလောက်မပူပါဘူးသမီးရာ၊ တော်တော့၊ သွားနားချီလို့ ဘာလို့ ပြောမထွက်တာလဲ။
-
သမီးရေညည်းကိုဒီလိုခိုင်းတဲ့သူကိုပြောပြပေးပါအုံးစူးရှရွှေဉာဏ်တော်ကိုဦးအောင်သောင်းဆီကသီရိပျံချီဘွဲ့ကြီးလုပေးလိုက်ချင်လို့--------။
======
DrKyaw Swe
Rate this posting:
{[['']]}

No comments:

Post a Comment