မြန်မာ့နိုင်ငံရေးကိုစိတ်ဝင်စားကြသောစာဖတ်သူမိတ်ဆွေအပေါင်းတို့ခင်ဗျား...ဒီနေ့ဟာမြန်မာ့နိုင်ငံရေးသ မိုင်းမှာအရေးပါတဲ့အရာတွေထဲကတစ်ခုဖြစ်တဲ့(၁၉၇၄၊၇၅၊၇၆)ခုနှစ်များမှာစစ်အာဏာရှင်များကိုမကြောက်မရွံ့ရဲရဲဝံ့ဝံ့လက်နက်မဲ့တော်လှန်တိုက်ခိုက်ခဲ့သည့်ကျောင်းသားခေါင်းဆောင်သူရဲကောင်း (ကိုဆလိုင်းတင်မောင်ဦး)စစ်အာဏာရှင်တွေ၏လက်ထဲမှာယုတ်မာပက်စက်စွာနှင့်လုပ်ကြံခံခဲ့ရတဲ့(၃၉)နှစ်တင်းတင်းပြည့်သောနေ့ဖြစ်ပါသည်။ထိုနေ့ကိုမမေ့မလျှော့စွာနှင့်အစဉ်အမြဲသတိရနေစေရန်ဂုဏ်ပြုသောအားဖြင်ပြန်လည် ဖေါ်ထုတ်ပေး လိုက်ပါသည်။ဝမ်းနည်းဘွယ်ကောင်းသည်မှာအဆိုပါစစ်အာဏာရှင်များမှာယနေ့ထက်တိုင်
အောင်အာဏာကိုမြဲမြဲဆုတ်ကိုင်နိုင်နေခြင်းပင်ဖြစ်ပါသည်။အကြောင်းကတော့ကျွန်တော်တို့မြန်မာလူမျိုးများသည်ယနေ့ထက်တိုင်အောင်စည်းလုံးညီညွတ်မှုကအားနည်းနေသောကြောင့်ဟုယူဆမိပါသည်။ထို့ကြောင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှပြည်သူလူထုသို့ညီညွတ်မှု့ရှိကြရန်အစဉ်အမြဲတိုက်တွန်းလျှက်ရှိပါည်။အဆိုပါစစ်အာဏာရှင်များမှာလည်းအာဏာကိုဆုတ်ကိုင်ထားနိုင်စေကာမူသူတို့ကိုတော်လှန်ပုန်ကန်သူများမှာခေတ်အဆက်ဆက်တွင်နည်းအမျိုးမျိုးနှင့်ပေါ်ပေါက်စမြဲပင်ဖြစ်၍အာဏာရှင်များအနေနှင့်အာဏာမြဲစေရန်အတွက်ထာဝစဉ်စိုးရိမ်ပူပန်လျှက်ရှိကြောင်းထင်ရှားလှပါသည်။ပြည်သူလူထုကြီးကစည်းလုံးညီညွတ်လာသောတချိန်ချိန်တွင်စစ်အာဏာရှင်များကိုတညီတညွတ်ထဲပူးပေါင်းတိုက်ထုတ်နိုင်ကြပါစေဟုဆုတောင်းရင်းကျောင်းသားအညတရသူရဲခေါင်း ကိုဆလိုင်းတင်မောင်ဦး၏ (၁၉၇၄၊၇၅၊၇၆)ခုနှစ်ဝန်းကျင်က အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှု့တစိတ်တပိုင်းကိုမြန်မာ့ရေးရာဌာန(ဂျာမနီ)၏ဘလော့ဂ်စာမျက်နှာတွင်ကိုဆလိုင်းကစ်ပ်(ချင်းပြည်)ဟမ်းဘတ်(ဂျာမနီ)၂၀၁၀ခုနှစ်ကရေးသားခဲ့သော"ဆလိုင်းတင်မောင်ဦး"အမည်နှင့်သမိုင်းအဖြစ်မှန်ဆောင်းပါးကိုသမိုင်းအမှန်မသိသေးသူများအတွက်ပြန်လည်ကူးယူဖေါ်ပြလိုက်ရပါသည်ခင်ဗျား။အာဇာနီကိုဆလိုင်းတင်မောင်ဦးကောင်းရာသုဂတိလားပါစေ။ဖတ်ရှု့အားပေးကြသည့်အတွက်ကျေးဇူးအထူးတင်ရှိပါသည်။မိမိကဲ့သို့ပြည်သူအများသိရှိဗဟုသုတပွါးများစေရန်အတွက်လဲမိမိတို့၏Facebook မှ Like/Share လုပ်ပေးခြင်းဖြင်ဖြန့်ဖြးပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ဒေါင်းလုတ်လုပ်၍သိမ်းထားလိုသူများလဲ PDF ဖိုင်များကိုတိုက်ရိုက်ဒေါင်းလုတ်လုပ်၍ရယူနိုင်ပါသည်။ဖတ်၍မရပါကကျွန်တော့်CBoxထဲတွင်လာရောက်ပြောပေးပါ။ကျေးဇူးတင်ပါသည်။
mgburmese
ဆလိုင်းတင်မောင်ဦး
တောင်ခိုးများဝေမှိုင်းသော၊တောင်ဇလတ်ပန်းများ ဆင်သသော၊စိမ်းသောပြာညို့သောချင်းပြည်မှ အောက်ချင်း ဌက်သည် သစ္စာရှိခြင်း၊ညီညွတ်စည်းလုံးခြင်း၊ အေးချမ်းခြင်းတေးသံကို သီဆိုကျူးရင့်ပါစေသ တည်း။ (စာဆိုတော်ဒဂုန်တာရာ)
(တက္ကသိုလ်များ ရန်ကုန်၊ ချင်းမဂ္ဂဇင်း ၁၉၈၂ - ၈၃ မှ)
သူဟာစင်စစ် အမြင်ပျံအောက်ခြင်းဌက်၊ ရဲစွမ်းသတ္တိရှိသော သားကောင်းယောင်္ကျားဟုနက်ရှိုင်းတဲ့အဓိပ္ပါယ်ကိုဆောင်တဲ့ဆလိုင်း ဟူသော ဂုဏ်ပုဒ်နှင့်အတူ လွတ်မြောက်ရေးတိုက်ပွဲတို့ပြင်းထန်ခဲပြီးအစဉ်အလာအားဖြင့် ကမ္ဘာတလွှား သွေးမြေအကျဆုံး တက္ကသိုလ်ဖြစ်တဲ့ရန်ကုန်တက္ကသိုလ် ကျောင်းပုရဝုဏ်သို့ပျင်းပြခိုင်မာတဲ့နိုင်ငံရေးသံဒိဌါန် တခုကို ကိုင်ဆွဲ ကာခြေချခဲ့တယ်။
သူဟာခွက်ဒေါင်းအလံကိုမြင့်မြင့်လွှင့်ထူနိုင်ခဲ့ပြီးဂုဏ်ရောင်ပြောင်တဲ့သူရဲ့ခွက်ဒေါင်းရဲဘော်တို့နဲ့
လက်ခြင်းအခိုင်အမာ ဆက်ကာ အတောင်ပန်အတူခတ်ခဲ့တယ်။ သူဟာအဖိနှိပ်ခံ ပြည်သူ တို့ရဲ့လွတ်မြောက်ရေး အတွက်တိုက်ပွဲ များစွာ ရွတ်ရွတ် ချွံချွံ ဆင်နွဲခဲ့တယ်၊ ရဲစွမ်းသတ္တိ ရှိသောသားကောင်း ယောကျ်ား ပီသခဲ့တယ်။စစ်မှန်တဲ့ဆလိုင်း တဦး ပြည်သူ့အကျိုး ကို ဦးထိပ်ထားကာ ချင်းအမျိုးသားရေး ဂုဏ်ရောင် ပြောင်စေခဲ့သူ၊ကြီးမား မြင့်မြတ်တဲ့တော်လှန်ရေး စိတ်ဓါတ်ကို ကိုင်ဆွဲ ထားသူ ဆလိုင်းတင်မောင်ဦး ။
သူ့ရဲ့မိဘနှစ်ပါးဟာ အရှို မြေပြန့်ချင်းမျိုးနွယ်စု မှခရစ်ယာန်ဘာသာဝင် ဆလိုင်းလှဒင်(သံတွဲ မြို့ ရခိုင်ပြည်နယ် ဇာတိ) နှင့် မိုင်နှင်းမြိုင် (တောင်ကုတ်မြို့ ရခိုင်ပြည်နယ် ဇာတိ) တို့ဖြစ်ကြပြီး မွေးချင်း ရှစ်ဦး
အနက် အကြီးဆုံးသားဖြစ်တယ်။ ၁၉၅၁ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့မှာ တောင်ငူ မြို့မှာမွေးဖွားခဲ့ပါတယ်။၁၉၇၆ ခု ဇွန်လ ၂၆ရက်နေ့နံနက် ၄နာရီ အင်းစိန်ထောင်မှာစစ် အစိုးရက ဆလိုင်း တင်မောင်ဦး ကိုလျှို့ဝှက်စွာ ကြိုးပေးသတ်ဖြတ်ခဲ့တယ်။ ကမ္ဘာသမိုင်းမှာ မကြုံစဘူး ကျောင်းသား ခေါင်းဆောင်တဦး ကို
အခုလို ကြိူးပေး သတ်ဖြတ်ခဲ့တာဟာ စစ်အာဏရှင်တို့ရဲ့အတွေးခေါ်အားဖြင့် နိမ့်ကျလွန်း၊ချွတ်ခြုံကျလွန်းလှတဲ့အချက်ကို သက်သေပြလိုက်တာဖြစ်ပြီး စစ်အစိုးရ အတွက် သမိုင်းအမဲ ကွက်ကြီး အဖြစ်ကျန်ရစ်ခဲ့တယ်၊ တဖက်မှာ ရှည်ကြာပြီး မပြီးဆုံးသေးတဲ့ပြည်သူ့လွတ်မြောက်ရေး အရေးတော်ပုံ
ကြီး အတွက် အသက်သွေး ချွေးတို့နဲ့ရေးသားကဗျည်းထိုးခဲ့တဲ့ကျောင်းသား အာဇာနည် တဦးပေါ်ထွန်း
ခဲ့တာမို့နောင်မျိုးဆက်သစ်တွေ အတွက် အတုယူစရာ အရေးကြီး တဲ့သမိုင်းမှတ်တိုင်တခုဖြစ်ခဲ့ရပါတယ်။ရဲဘော်တို့လူသူမသိအောင်ငါ့ကိုသတ်ဖို့သူတို့လုပ်နေကြတယ်
မင်းတို့ငါ့ခန္ဓာကိုယ် ကို သတ်နိုင်ပေမဲ့ ငါ့ရဲ့ယုံကြည်ချက်ကို မင်းတို့သတ်လို့မရဘူး။ မင်းတို့ရဲ့စစ်ဖိနပ်
အောက်မှာ ငါဘယ်တော့မှဒူးမထောက်ဘူး (ဆလိုင်း တင်မောင်ဦး ၏ နောက်ဆုံးစကားများ )
၁၉၇၄-ရ၅ စာသင်နှစ်။
ပြည်သူ့အရေးတော်ပုံ ကြီးရဲ့ထွန်းပြောင်တဲ့သမိုင်းမှတ်တိုင်တခု ၊အဲဒီနှစ် က စာသင်နှစ်စတာနဲ ့ကျောင်း
သားတွေ တလှုပ်လှုပ်တရွရွ နဲ့ထူးထူး ခြားခြားရှိလှတယ်။
၁၉၇၄ ဇန္နဝါရီလ (၃)ရက်နေ့။
နှစ်အစမှာ မဆလ စစ်အစိုးရကသူတို့ရဲ့အခြေခံဥပဒေဆိုတာကြီးကိုအတင်းအဓမ္မအတည်ပြုလိုက်ကြတယ်။ပိုပြီး စိတ်လှုပ်ရှားစေတာက ဖယ်ဒရယ် ပြည်ထောင်စုအရေးနဲ့အဖမ်းခံခဲ့ကြရတဲ့ ချင်းပြည်နယ်ကစစ်ဖက်နယ်ဖက် နဲ့ မဆလပါတီက လူကြီးတချို့နဲ့ချင်းကျောင်းသားခေါင်းဆောင် တချို့ထောင်ကလွတ်လာကြတာပူပူနွေးနွေး ။ တခြားအမျိုးသား ပြည်နယ်များ က ဖယ်ဒရယ် ပြည်ထောင်စုအရေးနဲ့ အဖမ်းခံခဲ့ကြရတဲ့ခေါင်းဆောင်တွေလည်း ထိုနည်း၎င်းဘဲ မိမိတို့မတရား အကျဉ်းချခံခဲ့ရတဲ့ထောင်အသီးသီး ကနေလွတ်လာကြတယ်။
၁၉၇၄ ဇွန်လ (၆) ရက် (၇)ရက်နေ့။
နှစ်အစမှာ မဆလစစ်အစိုးရက အတင်းအဓမ္မ အတည်ပြုလိုက်တဲ့အခြေခံဥပဒေပုဒ်မ (၉)မှာ အလုပ်သမားနဲ့လယ်သမား တွေရဲ့အင်အားကို အခြေခံထားတဲ့လုပ်သား ပြည်သူတို့ရဲ့အကျိုးစီးပွါးကို နိုင်ငံ တော်က ကာကွယ် စောင့်ရှောက်ထားကြောင်း အတိအလင်းဆိုထားပါတယ်။ အတည်ပြု ပြဒါန်းလို့(၆)လဘဲရှိသေးတယ်။ ဒီဥပဒေ ဒီပုဒ်မ ကို စိန်ခေါ်စမ်းသတ်တဲ့အထွေထွေ အလုပ်သမား သပိတ်ကြီးပေါ်ပေါက်ခဲ့တယ်။ ၁၉၇၄ ခုအထွေထွေ အလုပ်သမားသပိတ်ကြီးမှာ တပြည်လုံးစက်ရုံ အလုပ်ရုံ ၁၀၀ ကျော်ပါဝင်ခဲ့ပြီး ဇွန်လ (၆)ရက်နေ့နဲ့(ရ)ရက်နေ့တွေမှာအလုပ်သမားအများအပြားနဲ့အတူ ကျောင်းသားတချို့လည်းသွေးမြေကျခဲ့ကြရတယ်။ တချိုု့လည်းထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်။ အဲဒီအချိန်တုံး က ဆလိုင်းတင်မောင်ဦး ဟာ ကျောင်းသားတဦးအနေနဲ့ပြည်သူတို့နဲ့အတူ လက်တွဲပြီး အလုပ်သမား တိုက်ပွဲမှာ တက်တက်ကြွကြွ ပါဝင် ဆင်နွှဲခဲ့တယ်။ဒီလိုစိတ်လှုပ်ရှားစရာ နိုင်ငံရေး ရာသီဥတု တွေကြားထဲမှာဘဲတက္ကသိုလ်များ ရန်ကုန် ၁၉၇၄-၇၅ စာသင်နှစ်ချင်းစာပေ နှင့်ယဉ်ကျေးမှု ဆပ် ကော်မီတီ (ခစယ)ရွေးကောက်ရာမှာ အရေးအပါဆုံးဖြစ်တဲ့ အတွင်းရေးမှူး နေရာရွေးကောက်ရန် အခြေအနေ တင်းမာနေခဲ့တယ်။ အထစ်အငေါ့တွေ ဖြစ်နေခဲ့တယ်။အရင်စာသင်နှစ်က မကြေလယ်ခဲ့တဲ့လက်ကျန်ပြဿနာတခုရဲ့ကွင်းဆက်၊ တဘက်နဲ့တဘက် အပေးအယူမတဲ့ခဲ့၊ ခစယ ရဲ့အတွင်းစည်းလုံးမှု့မှာလည်း ခိုင်မာမှု့မရှိရော့ရဲ နေခဲ့တယ်။
ဒီအစည်းအဝေးရဲ့ထူးခြားချက်တခုဟာလည်း ဒီအစည်းအဝေးကိုမထင်မရှား လူသိမများသေးတယ် အရှိမြေပြန့်ချင်းကျောင်းသားတဦး ဖြစ်တဲ့ဆလိုင်းတင်မောင်ဦး ဆိုသူတဦး ပါဝင်တက်ရောက်နေတာဖြစ်တယ်။
သူ့ကို ခစယ အစည်းအဝေးကိုခေါ်လာပြီး အများနဲ့မိတ်ဆက်ပေးလိုက်တာကတော့ သူနဲ့အတူ ထောင်က
လွှတ်လာတဲ့အဲဒီတုန်းက ဆေးကျောင်းသား၊ နောက်ပိုင်း ၁၉၉၀ရွေးကောက်ပွဲမှာ ချင်းအမျိုးသား ဒီမိုကရေ
စီအဖွဲ့ချုပ်ရဲ့အရွေးကောက်ခံ အမတ်ဖြစ်လာတဲ့ဒေါက်တာဇလေထန်း (ယခု Chin Forum )ဘဲဖြစ်ပါတယ်။တတိုင်းလုံး တပြည်လုံး နိုင်ငံရေး အခြေအနေတွေ အုတ်အုတ် ကျက်ကျက်ဖြစ်နေပြီး အထက်ဖေါ်ပြပါအကြောင်းတရား အချက်အလက်တွေနဲ့ပြည် စုံနေတဲ့အချိန် ၊ခစယ အတွင်းခေါင်းဆောင်မှု ပြဿနာကနေရုန်းထွက်မရ လိပ်ခဲတင်းလင်း ဖြစ်နေခဲ ့တဲ့အချိန်၊ ဒီအစည်းအဝေးရဲ့ဒေါင့်တနေရာမှာ ငြိမ်ငြိမ်သက်သက်နားစိုက် ထောင်နေခဲ့တဲ့ဆလိုင်းတင်မောင်ဦး ကိုယ်တိုင်ကလည်း တိုင်းရေးပြည်ရေး ဦးထိပ်ထားခဲ့ပြီး
ကျောင်းသားမြေအောက်လှုပ်ရှားမှု မှာ ပါဝင်ပတ်သက်ခဲံ့တဲ့အတွက် ၁၉၇၄ ခုနှစ် ဇန္နဝါရီလ (၃)ရက်နေ့
မှာ ဖက်ဆစ်နေဝင်းစစ်အုပ်စုရဲ ့အင်းစိန်ထောင်ထဲမှာအကျဉ်းကျရာကနေ ပူပူနွေးနွေးလွတ်လာတဲ့ချင်း
ကျောင်းသားတဦး ဖြစ်နေပြန်ပါတယ်။
အချိန်အခါရဲ့တောင်းဆိုမှု ကိုနားလည်ပြီ ဖြစ်တဲ့ဆလိုင်းတင်မောင်ဦးဟာ သွေးစည်းညီညွှတ်ရေးဆိုင်ရာ
သူ့အယူအဆ အတွေးအခေါ်တွေနဲ့ခေတ်အချိန်အခါရဲ ့သွေးစည်းညီညွှတ်ရေးတောင်းဆိုမှု့စတာတွေကို
အစည်းအဝေးနေရာရဲ့ရှေ့ကိုထွက်ပြီး ရိုးရိုးသားသားတင်ပြခဲ့တယ်။ ရှင်းလင်းပြတ်သားတိုတောင်းသော်
လည်း ပြီးပြည့်စုံလှတဲ့သူ့ရဲ့တင်ပြချက်အပြီးမှာတော့ အစည်းအဝေးခန်းမ တခုလုံး တခဏတာငြိမ်သက်
သွားပြီး အားလုံးရဲ့အာရုံဟာ သူ့အပေါ်ရောက်သွားကြတယ်။ လတ်တလော မိမိတို့ရင်ဆိုင်ကြုံတွေ့နေရ
တဲ့ခေါင်းဆောင်မှု ပြဿနာ ရဲ့တခုတည်းသော အဖြေကိုသူတို့အားလုံးရဲ့စိတ်သန္တာန်ထဲမှာ အထင်သား
ပေါ်လာသလိုပါဘဲ။
၁၉၇၄-၇၅ စာသင်နှစ်အတွက် ခစယ အတွင်းရေးမှူး အဖြစ် ဆလိုင်းတင်မောင်ဦး ကို ကန့်ကွက်သူ အလျင်းမရှိဘဲ တခဲနက် တင်မြှောက်လိုက်ကြပြီး ခိုင်မာတဲ့စည်းလုံးမှုကိုတည်ဆောက်ဖြစ်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာ ဆလိုင်းတင်မောင်ဦး ဟာ ရန်ကုန်တက္ကသိုလ် ဝိဇ္ဖာ သိပ္ပံ မှာ ဇီဝဗေဒ ဘာသာ တတိယနှစ်
ကျောင်းသား အဖြစ်သင်ကြားတက်ရောက်နေသူဖြစ်ပါတယ်။
ခေတ်သမိုင်းတို့မည်သည် အချိန်အခါရဲ ့တောင်းဆိုမှု အရ သူ့အချိန်သူ့အခါနဲ့ကိုက်ညီတဲ့ ခေါင်းဆောင်
တို့ကိုမွေးထုတ်ပေးလေ့ရှိပါတယ်။ ခစယ အတွင်းရေးမှူး အဖြစ် အမြင့်ပျံ အောက်ချင်းဌက် တို့ရဲ့အစဉ်
အလာတွေကို တက်တက်ကြွကြွ စတင်ထမ်းဆောင်နေတုန်း မရှေးမနှောင်းမှာဘဲ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့
မတရားရယူတည်ဆောက်ထားတဲ့ဖက်ဆစ်အာဏရှင်စနစ်ကို ဖိန့်ဖိန့်တုန်အောင်စိန်ခေါ်မဲ့ကုလသမ္မဂ
အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဈာပန အရေးအခင်းကို အခြေပြု ပြီးပေါ်ပေါက်ခဲ့တဲ့ပြည်
သူ့အရေးတော်ပုံကြီး ကို တခြားရဲရဲတောက်ခွက်ဒေါင်းရဲဘော်တွေနဲ့အတူ ဆလိုင်းတင်မောင်ဦး ကိုယ်
တိုင်ပါဝင်ပြီးဦးဆောင်မှု့ပေးဖြစ်ခဲ့ပါတယ်။
၁၉၇၄ ဒီဇင်ဘာလ (၅)ရက်
မြန်မာပြည်သူတွေလေးစားတဲ့ ကမ္ဘာကုလသမ္မဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာကမ္ဘာငြိမ်းချမ်းရေး ဗိသုကာကြီးလည်းဖြစ်ပါတယ်။ သူ့ကိုကမ္ဘာ့ပြည်သူတွေကလည်း အစဉ်သဖြင့်လေးစားနေကြရမှာဖြစ်ပါတယ်။ ဦးသန့် ရုပ်သလ္လပ်ထားရှိရာ ကျိုက္ကဆံကွင်းကိုဦးတည်ပြီး ချီတက်လာကြတဲ့ထောင်နဲ့သောင်းနဲ့ချီတဲ့တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားတန်းကို ရေနဲ့ဌက်ပျောသီးဝေဌပေးတဲ့စက်မှုတက္ကသိုလ်ကျောင်းသားများဌါးထားတဲ့ဒေါ့ဂျစ်ကားပေါ်ကနေ အသံချဲ့စက်နဲ့ပြောနေတဲ့အသံပါဘဲ။ အသံချဲ့စက်မှမကြာခဏ ဆိုသလို ဦးသန့်ဈာပန ကိုစည်းကမ်းသေဝပ်စွာလိုက်ပါကြဖို့နဲ့ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီးကိုနောက်ဆုံး ဂါရဝပြုကြဘို့တိုက်တွန်းတဲ့အသံမှ အပ ချီတက်နေကြတဲ့ကျောင်းသားကျောင်းသူတွေဟာလည်း အထူးစိတ်လှုပ်ရှားတက်ကြွနေပေမဲ့တစုံတရာအော်ခြင်းဟစ်ခြင်းမရှိ ချီတက်ရာမှာစည်းကမ်းသေဝပ်မှု့ရှိကြပါတယ်။
ကျိုက္ကဆံကွင်းမှာ ဦးသန့်ကိုနောက်ဆုံးဂါရဝပြုဘို့နဲ့လွမ်းသူ့ပန်းခွေချဘို့ရောက်နှင့်နေကြတဲ့သောင်းနဲ့
ချီတဲ့မိဘပြည်သူ ရဟန်းရှင်လူတွေ နဲ့ချီတက်လာတဲ့ကျောင်းသားထုတို့ပေါင်းစပ်မိခဲ့ကြပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီးလည်းဖြစ်တဲ့ကမ္ဘာကုလသမ္မဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ကိုဂါရဝပြုကြပြီး ကိုကြည်ဝင်း ဆလိုင်းတင်မောင်ဦး အစရှိတဲ့ကျောင်းသားခေါင်းဆောင်တွေကဆက်လက်ပြီး ဦးသန့်ဈာပန ကိုကျောင်းသားများက ဆက်လက်တာဝန်ယူသွားမှာဖြစ်တဲ့အတွက်ဦးသန့်
ရုပ်ကလ္လပ် အားလုံခြုံရေးတာဝန်ယူထားတဲ့ကြက်ခြေနီတပ်ဖွဲ့ကို ဖယ်ရှားပေးပါရန် မေတ္တာရပ်ခံလိုက်ပါ
တယ်။
ကြက်ခြေနီ အဖွဲ့ဖယ်ရှားပေးပြီးတာနဲ့ကျောင်းသား ခေါင်းဆောင်များလိုက်ပါလာတဲ့ဒေါ့ဂျစ်ကားကို
ဦးသန့်ရုပ်ကလ္လပ်အနီးမောင်းတက်လာပြီး ၁၉၆၂ခုနှစ် ဇူလိုင်(၇)ရက်မှာကျဆုံးသွားခဲ့ တဲ့ကျောင်းသား
များကို တမိနစ်ငြိမ်သက်စွာအလေးပြုကြပါတယ်။ တဆက်တည်းမှာဘဲ ကမ္ဘာကုလသမ္မဂ အထွေထွေ
အတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ဈာပနကိုနိုင်ငံတော်ဈာပန အဖြစ်ထိုက်ထိုက်တန်တန် တခမ်းတနား
ကျင်းပပြီး ဦးသန့်၏ရုပ်က္ကလပ်ကိုလည်း ဦးသန့်ဗိမ္မာန်တည်ဆောက်ကာ ဂူသွင်းသဂြိၤုလ်ဘို့ပြည်သူတွေရဲ့ဆန္ဒကို စစ်အစိုးရက ဆန့်ကျင်ငြင်းဆန်ပြီး သာမာန်လူတွေင်္သဂြိုလ်တဲ့ကြံတောသုဿန်မှာမြုတ်နံှ
င်္သဂြိုလ်ဘို့စီစဉ်ထားတာကို ကျောင်းသားများအပါအဝင်ပြည်သူလူထုက လက်မခံနိုင်ကြောင်း ဒါကြောင့်
ဦးသန့်ဈာပန ကိုပြည်သူ့ဈာပန အဖြစ်ကျင်းပပြီး သူ့ရဲ့ရုပ်ကလ္လပ်ကိုလည်း ဗိမ္မာန်တည်ဆောက် ဂူသွင်း
သင်္ဂြိုလ်ဘို့တောင်းဆိုချက်ကို စစ်အစိုးရကလက်ခံ လိုက်လျောလာတဲ့အထိ ရန်ကုန်တက္ကသိုလ်ထဲမှာ
အများပြည်သူတို့ဂါရဝပြုနိုင်အောင်ထားရှိမှာဖြစ်တဲ့အကြောင်းကြေငြာလိုက်ပါတယ်။
ကြေငြာချက်အပြီးမှာတော့ ပြည်သူလူထုကလည်း သောင်းသောင်းဖျဖျ လက်ခုတ်တီးရင်း အသဲလှိုက်
ရင်လှိုက် ပျော်ရွှင်ဝမ်းမြောက်စွာ သြဘာပေးကြပါတယ်။ အဲဒီ့နောက် ဦးသန့်ရုပ်ကလ္လပ်ကို ကားပေါ်
တင်ပြီး ဦးသန့်ဗိမ္မာန်တည်ဆောက်ရေး ဒို့အရေး၊ တပါတီအာဏရှင်စနစ် အလိုမရှိ။ စသည် ဖြင့်ကြွေး
ကျော်ပြီး ရန်ကုန်တက္ကသိုလ်ဆီသို့ဦးတည်သယ်ဆောင်လာကြတယ်။ ဘွဲနှင်းသဘင်ခမ်းမ မှာ ဦးသန့်
ရုပ်ကလ္လပ်ကို အများပြည်သူတို့နေ့စဉ် လာရောက်ဂါရဝပြုကြတယ်။ ရဟန်းသံဃာကအစ လူထုလူတန်း
စားပေါင်းစုံ ပါဝင်ကြပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာလည်း နေ့စဉ်နဲ့အမျှ စစ်အစိုးရ ဆန့်ကျင်ရေး
တရားဟောပြောပွဲတွေကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာပြုလုပ်ကြပါတယ်။
ဦးသန့်ကိုဂါရဝပြုရင်း နိုင်ငံရေးတရားများကိုနားထောင်အားပေးကြတဲ့လူထုပရိသတ်မှာ ရန်ကုန်ဝိဇ္ဖာသိပ္ပံ တက္ကသိုလ်ဝင်းတခုလုံး နေ့စဉ်နှင့်အမျှ သိန်းဂဏန်းမက ရှိခဲ့ပါတယ်။ တက္ကသိုလ်ဆေးရုံနဲ့တက္ကသိုလ်
ဝင်းအကြား တက္ကသိုလ်ရိပ်သာလမ်း တလျှောက် ညာဖက်ဘယ်ဖက်နှစ်ဖက်စလုံး မှာလည်း ဘူးသီးကျော်
ဆိုင်များ လ္ဘက်ရည်ဆိုင်များနဲ့ပွဲဈေးတန်းတခုလို စည်ကားသိုက်မြိုက်ခဲ့ပါတယ်။
၁၉၇၄ ဒီဇင်ဘာ (၈)ရက်
စစ်အစိုးရ အနေနဲ့ကျောင်းသားနဲ့ပြည်သူတို့ရဲ့ တောင်းဆိုချက်များအနက် ဦးသန့်ဈာပန ကိုနိုင်ငံတော်
ဈာပနအဖြစ်ကျင်းပရန် နောက်ဆုံးအချိန်ထိ ငြင်းဆန်ခဲ့တယ်။ ဦးသန် ရုပ်ကလ္လပ်ကိုတော့ ကန်တော်မင်
ပန်းခြံမှာ ဗိမ္မာန်တည်ဆောက်ဂူသွင်းဖို့သဘောတူကြောင်းပြန်ကြေငြာတဲ့အထိဖြစ်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သံဃာတော်များနဲ ့ဖွဲ့စည်းထားတဲ့ဈာပနကော်မီတီအတွင်း မဲခွဲဆုံး
ဖြတ်ချကြရာမှာ ကန်တော်မင်ပန်းခြံတွင် ဂူသွင်းဗိမ္မာန် တည်ဆောက်ဖို့မဲပေးသူအများစုဖြစ်ခဲ့ပါတယ်။
ဒီဇင်ဘာ (၈)ရက် မှာနောက်ဆုံးဂါရဝပြုဘို့တက္ကသိုလ်ကျောင်းဝင်းအတွင်း ဗိုလ်နေဝင်းမိုင်းထောင်ဖျက်
ဆီးခဲ့တဲ ့ယခင်ကျောင်းသား သမဂ္ဂ ရှိရာမြေကွက်မှာ ကျောင်းသားများတည်ဆောက်နေတဲ့ငြိမ်းချမ်းရေး
ဗိမ္မာန်အုတ်ဂူဆီကို သယ်ဆောင်လာပြီး ဦးသန့်ရုပ်ကလ္လပ်ကို ကန်တော်မင်ပန်းခြံမှာ ဗိမ္မာန်တည်ဆောက်ဂူသွင်းမည်ဖြစ်ကြောင်းထုပ်ပြန်ကြေငြာလိုက်တဲ့အခါမှာတော့ သိန်းဂဏန်းမကတဲ့ကျောင်းသားပြည်သူရဟန်းရှင်လူ လူထုပရိတ်သတ်က ကျောင်းသားများဆောက်ထားတဲ့ ငြိမ်းချမ်းရေးဗိမ္မာန်မှာဘဲ ဂူသွင်းသင်္ဂြိုလ်ဘို့တခဲနက်တောင်းဆိုကြတဲ့အတွက် အဲဒီမှာဘဲ ဂူသွင်းသင်္ဂြိုလ်လိုက်ကြပြီး ငြိမ်းချမ်းရေး ဗိမ္မာန်ကို ဆက်လက်တည်ဆောက်ခဲ့ကြပါတယ်။
ဦးသန့်ဗိမာန်တည်ဆောက်ဖို့ ပြည်သူတွေလှူဒန်းတဲ့ငွေဟာလည်း ကျပ်၃သိန်းထိ ကျောင်းသားတွေကောက်ခံရရှိ ခဲ့ကြပါတယ်။ ဦးသန့်အရေးအခင်းကြီး ဟာ ၇ရက်တပတ်ထိ ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုနဲ့အရှိန်မြင့်သထက်မြင့်လာတာနဲ့အမျှမဆလပါတီတွင်း ကောင်စီတွင်း၊ တပ်မတော်တွင်း၊တော်လှန်ရေးတပ်များစသည့်ဖြင့်ပြည်သူတွေဘက်ကိုနည်းအမျိုးမျိုးနဲ့ပူးပေါင်းပါဝင်လာကြပါတယ်။ ဥပမာအားဖြင့်ပါတီဌါနချုပ်၊ထောက်လှမ်းရေးအစရှိသည်တို့ကနေအစိုးရရဲ့အတွင်းသတင်းတွေ ပေးပို့လာကြတယ်။ ဒီအတွင်းသတင်းတွေကိုမှီပြီးစစ်ထောက်လှန်းရေး၃၀၀လောက်ကိုတက္ကသိုလ်ဝင်းထဲမှာတင် ကျောင်းသားနဲ့ပြည်သူတို့ပူးပေါင်းပြီး ဖေါ်ထုပ်ဖမ်းဆီးနိုင်ခဲ့တယ်။
၁၉ရ၄ ဒီဇင်ဘာ(၁၁)ရက်
ဒီလိုနဲ့ဒီဇင်ဘာ(၁၁)ရက်နေ့အလုပ်သမားထုပါဝင်လာပြီး လူထုတိုက်ပွဲအရှိန်ကို မြှင့်တင်ဖို့လုပ်နေချိန်၊မ
နက်(၂)နာရီမှာ စစ်တပ်နဲ့လုံထိန်းပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်ကိုဝင်စီးပါတော့တယ်။ ကျောင်းသား
ရဟန်းရှင်လူ ရာနဲ့ချီပြီး အသတ်ခံခဲ့ရပြီး ဆန္ဒပြသူ ၃၀၀၀ခန့်ကိုဖမ်းဆီးကာ အင်းစိန်ထောင်မှာ အကျဉ်းချ
ခဲ့ကြပါတယ်။ ဦးသန့်ရုပ်ကလ္လပ် ကိုလည်း အဓမ္မသိမ်းပိုက် လိုက်ပြီး နံက်လင်းအားကြီးအချိန်မှာ ရွှေတဂုံ
ဘုရားခြေရင်း ကန်တော်မင်ပန်းခြံမှာရှိတဲ့သခင်ကိုယ်တော်မှိုင်း အုတ်ဂူနဲ့ကပ်ရက်မှာ သင်္ဂြိုလ်လိုက်ကြ
ပါတယ်။ ထူးခြားထားကတော့ ဦးသန့်ဗိမ္မာန်ကို ကျောင်းသားများကောက်ခံရရှိတဲ့ငွေတွေနဲ့တည်ဆောက်
ခဲ့ကြပါတယ်။ ဒါဟာလည်း ကျောင်းသားနဲ့ပြည်သူစည်းလုံးညီညွတ်မှု ရဲ့အမှတ်သင်္ကေတတခုပါဘဲ။
၁၉၆၂ ခုနှစ် ဇူလိုင်လ(ရ)ရက်နေ့ကျောင်းသားတွေကို သွေးချောင်းစီးသတ်ဖြတ်ခဲ့ပြီး နောက်တနေ့မှာ
မှာဘဲ သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို ဗိုလ်နေဝင်းနဲ့အပေါင်းအပါစစ်အုပ်စုက မိုင်း
ထောင်ဖေါက်ခွဲခဲ့ပြီး နောင်စစ်အာဏကို မဖီဆန်ဝင့်အောင် ဖျက်ဆီးပြစ်ခဲ့ကြတယ်။
ဦးသန့်အရေးအခင်းအစမှာ ဆလိုင်းတင်မောင်ဦး အပါအဝင် ကျောင်းသားခေါင်းဆောင်တွေရဲ ့ဦးဆောင်
မှု နဲ့အတူ ၁၉၆၂ ခုနှစ်ဇူလိုင်လ (ရ)ရက်နေ့မှာ ကျဆုံးခဲ့တဲ့ကျောင်းသားတွေကိုပြည်သူတွေနဲ့အတူ
အလေးပြုခဲ့ကြတယ်။ ဦးသန့်အရေးအခင်းအဆုံးသတ်သွားတဲ့အခါမှာတော့ဦးသန့်ဗိမာန်ဆိုတဲ့အ
ဆောက်အအုံတခုဟာ ထီးထီးမားမား ပေါ်ထွက်လာခဲ့ပါတယ်။ ပြည်တင်းရင်မင်းမနိုင် ဆိုတာကိုပြသလိုက်
တာဖြစ်ပါတယ်။ပြည်သူ့အရေးတော်ပုံကြီး ရဲ့ထွန်းပြောင်တဲ့သမိုင်းမှတ်တိုင်တခု။
၁၉၇၅-၁၉၇၆ စာသင်နှစ်
ပြီးခဲ့တဲ ့စာသင်နှစ်တွေမှာ တက္ကသိုလ်ကျောင်းသားများ ဆူဆူပူပူလုပ်ခဲ့ကြတာကိုဘဲ ကျောင်းသားတွေရဲ့
နေ့စဉ် ကျောင်းတွင်းကျောင်းပြင် ကျောင်းဆောင်များမှာ စားရေးသောက်ရေးက အစအဆင်မပြေတာ
ကြောင့် လိုလိုစစ်အစိုးရရဲ့မကြည်လင်တဲ့သုံးသတ်ချက်အရ ပညာရေးဝန်ကြီး ဦးခင်မောင်ဝင်းကို တက္က
သိုလ်အသီးသီး လှည့်လည်ပြီး ကျောင်းသားတွေနဲ့အပြန်အလှန် မေးမြန်းဆွေးနွေးဘို့စေလွှတ်ခဲ့ပါတယ်။
စစ်အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့နေ့တဒူဝလိုအပ်ချက်တွေကို ဖြည့်စည်းပေးနိင်ရင် တက္ကသိုလ်
ကျောင်းသားများ ဆူဆူပူပူ ဖြစ်ခဲ့တာတွေ ငြိမ်းအေးသွားမည်လို့ယူဆပုံရပါတယ်။
၁၉၇၅ ဇွန်(၆)ရက်
မှတ်မိသလောက်ကတော့ ပညာရေးတက္ကသိုလ်မှာ ပွဲဦးထွက် ဆွေးနွေးပွဲတခုလုပ်ပြီး ၁၉၇၅ ဇွန်လ (၆)ရက်
နေ့မှာတိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်စက်မှုတက္ကသိုလ် ကိုပညာရေးဝန်ကြီးကိုယ်တိုင်လာဘို့အလှည့်ကြုံပါ
တော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်လို့ဆိုရတာက အဲဒီနေ့ဟာအရင်နှစ်ကဖြစ်ပျက်ခဲ့တဲ့အထွေထွေအလုပ်
သမားသပိတ်ကြီး ရဲ့နှစ်ပတ်လည်နေ့ကြီးဖြစ်နေပါတယ်။ ဆင်မလိုက်သင်္ဘောကျင်း၊ သမိုင်းချည်မျှင်နှင့်
အထည်စက်ရုံ၊ စသည်တို့မှာ အလုပ်သမားအမြောက်အမြားနဲ့အတူကျောင်းသားတချို့၁၉၇၄ ဇွန်လ(၆)
နဲ့(ရ)ရက်နေ့များမှာ သွေးမြေကျ အသက်စတေးခဲ့ကြတာ ပူပူနွေးနွေးဘဲ ရှိနေပါသေးတယ်။
ပိုပြီးဆိုးတာက ရန်ကုန်စက်မှု တက္ကသိုလ်မဆလ ရဲ့ လမ်းစဉ်လူငယ်အဖွဲ့ထဲ ကကျောင်းသားတွေကိုတိတ်
တဆိတ် ကြိုတင်ညှိနိုှင်းထားကြပြီး ဘယ်သူပြီးရင်ဘယ်သူ ဘာတွေပြောမယ် ဘာတွေတင်ပြဆွေးနွေးမယ်
ဆိုတာတွေဇာတ်တိုက်ထားကြတဲ့သတင်းဟာစက်မှုတက္ကသိုလ်ကျောင်းဆောင်တွေမှာသတင်း တော်တော်ပြန့်နှံ နေပြီး မဆလခေတ်တခုလုံးမှာ မဆလရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း ဒီလိုဟန်ပြ အတုအယောင်ဆွေးနွေးပွဲ ကျင်းပပြီး အလုပ်သမားနဲ့လယ်သမားထု လိမ်လည်ခဲ့သလို ကျောင်းသားထုကိုလည်း လိမ်ညာစော်ကားဖို့ကြံစည်မှု့အပေါ် ကျောင်းသားထုဟာ ဒေါသူပုန်ထနေကြပြီဖြစ်တယ်။
ဆွေးနွေးပွဲကို စက်မှုတက္ကသိုလ်ခန်းမထဲမှာကျင်းပခဲ့ပြီး စင်မြင့်ပေါ်မှာတော့ ရန်ကုန်စက်မှုတက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာအောင်ကြီး နဲ့ပညာရေးဝန်ကြီး ဦးခင်မောင်ဝင်း နဲ့နိုင်ငံတော်ကောင်စီဝင်ဒေါက်
တာလှဟန်တို့က နေရာယူထားကြပါတယ်။ ဒါပေမဲ့မဆလအတွက်မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်သွားခဲ့
ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲဦးထွက်ပြောဘို့လမ်းစဉ်လူငယ် ကဇာတ်တိုက်ရွေးချယ်ထားတဲ့ကျောင်းသားတချို့သာပြောလိုက်ရပြီး နောက်ပိုင်းကျောင်းသားထုထဲက တယောက်ပြီးတယောက် စစ်အစိုးရကိုတစ်တစ်ခွခွ စတင်ဝေဖန်ပြောဆိုလိုက်ကြတာ အားလုံးကျောင်းသားအယောက်(၃၀)လောက် ပြောဖြစ်ခဲ့ကြပါတယ်။ အလုပ်သမားတွေက ဆန်တောင်းတယ် ခင်ဗျားတို့က ကျည်ဆံပေးတယ်။ (ကိုသိမ်းလွင်. စက်မှု)
ကျောင်းသားအချင်းချင်း သွေးကွဲအောင် တယောက်နဲ့တယောက်မယုံသင်္ကာဖြစ်အောင်အပြန်
အလှန်ထောက်လှမ်းခိုင်းတာတွေ ရပ်တန်းကရပ်ပေးပါ။ (ကိုစိုးရန် .လျှပ်စစ်)
ကျောင်းသားတွေ ဆန္ဒပြတိုင်း ချင်းစစ်သားတွေက ပစ်တယ်လို့ထင်ယောင်ထင်မှားဖြစ်အောင်
ချင်းလက်နက်ကိုင်တပ်ရင်းတွေရဲ ့အမှတ်တံဆိပ်နဲ့စစ်သားတွေကိုသုံးခဲ့တယ်။ ဒါဟာတိုင်းရင်း
သားခြင်းစိတ်ဝမ်းကွဲအောင်လုပ်တာဖြစ်တယ်။ ဒီလိုလုပ်ရပ်တွေကို ရပ်တန်းကရပ်ပေးပါ။
(ဆလိုင်း ကစ်ပ် .ဗိသုကာ)
မဆလရဲ့အတုအယောင် ဆွေးနွေးပွဲကြီးဟာ ကျောင်းသားထုရဲ့ ရဲရဲတောက် ရင်ဖွင့်ကြတဲ့ဒီမို
ကရေစီ ဟစ်တိုင်အသွင်ကို ပြောင်းသွားပြီး ဆွေးနွေးပွဲကြီး ပြီးဆုံးသွားတဲ့အချိန်မှာဘဲ ဆန္ဒပြပွဲ
စတင်ပါတော့တယ်။ အမှန်မှာတော့ ပညာရေးဝန်ကြီး ဦးခင်မောင်ဝင်းဟာ စက်မှု တက္ကသိုလ်
ဆွေးနွေးပွဲကြီး ပြီးရင် သမိုင်းကျောင်းဆောင်တွေဆီကို သွားရောက်ပြီး ကျောင်းသားတွေနဲ့ဆက်
လက်ဆွေးနွေးဘို့ပါဘဲ။ ဒါပေမဲ့စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့ ဒီမိုကရေစီ ဟစ်တိုင်က
ပေးလိုက်တဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့် သူ့ခမျာမှာ သမိုင်းကျောင်းဆောင်တွေဆီက ကျောင်း
သားတွေကို မရင်ဆိုင်ရဲ လောက်အောင်ဖြစ်သွားရပြီး အဲဒီ့ဆွေးနွေးပွဲ ကြီး ကိုဖျက်သိမ်းတိမ်း
ရှောင်သွားခဲ့တယ်။ တနည်းအားဖြင့်သူဟာ အင်မတန်ကံကောင်းသွားတယ်လို့ဆိုနိုင်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ဦးသန့်အရေးအခင်းမှာ မဆလ ထောက်လှမ်းရေးတွေက အမိမဖမ်းနိုင်
ခဲ့တဲ့ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ ဝန်ကြီးလာမဲ့သမိုင်းကျောင်းဆောင်
က အားကစားရုံမှာ ကြိုတင်ရောက်နှင့်စောင့်ဆိုင်းနေ ခဲ့လို့ပါဘဲ။
ဆလိုင်းတင်မောင်ဦးဟာ ဦးသန့်အရေးအခင်းပြီးတော့ မြေပေါ်တလှည့်မြေအောက်တလှည့်
ပြည်သူတွေကြားမှာ တိမ်းရှောင်ပုန်းအောင်း နေခဲ့တာဖြစ်ပြီး သွေးစွန်းခဲ့တဲ့ ဇွန်လ (၆) ရက်နဲ့
(၇)ရက်နေ့အလုပ်သမား အရေးအခင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆန္ဒပြပွဲကို ဖန်တီးဦး
ဆောင်ဖို့အတွက် စွမ်းအားအပြည့်နဲ့မြေပေါ်ကိုပြန်လာခဲ့တာဖြစ်ပါတယ်။ ဒီလို ဆလိုင်းတင်
မောင်ဦး ကို စစ်ထောက်လှမ်းရေးတွေရဲ ့မျက်စေ့အောက်ကနေလွတ်မြောက်အောင် ကာကွယ်
စောင့်ရှောက်ပေးခဲ့တဲ့သူတွေထဲမှာ သူနဲ့အင်းစိန် ထောင်ထဲမှာ သိကျွမ်းရင်းနှီးခဲ့ကြတဲ့ချင်း
ကျောင်းသားခေါင်းဆောင် ဇလှေထန်းနဲ့ မွတ်စလင်ခေါင်းဆောင် ကိုမောင်မောင်လွင်(ခ)အာဇမ်း
တို့ဟာအရေးပါခဲ့ကြပါတယ်။ ရန်ကုန်မြို့ထဲမှာ ရုပ်ဖျက်သွားလာရာမှာ ဇလှေထန်းနဲ့သူ့နီးစပ်ရာ
ချင်းမိသားစုဝင်တွေက တာဝန်ယူခဲ့ကြပြီး ဆလိုင်းတင်မောင်ဦး ယိုးဒယား မြန်မာနယ်စပ် လွတ်
မြောက်နယ်မြေကို ခေတ္တပုန်းရှောင်ရာမှာတော့ ကိုမောင်မောင်လွင်ကိုယ်တိုင်ကလိုက်ပါပို့ဆောင်
ပေးခဲ့ပါတယ်။ ယိုးဒယားနယ်စပ်အသွား ကျုံဒိုးအရောက်မှာ စစ်ထောက်လှမ်းရေးတွေက လူဝင်
လူထွက်စစ်ဆေးတာနဲ့ကြုံတွေ့ခဲ့ကြရပေမဲ့သူတို့အလှည့်မရောက်ခင်မှာဘဲ ကရင်တော်လှန်
ရေးတပ်တွေက ဝင်တိုက်တာနဲ့ကြုံကြိုက်တဲ့အတွက် စစ်အစိုးရတပ်နဲ့ ကရင်တော်လှန်ရေးတို့
ရုန်းရင် ဆန်ခတ်ဖြစ်ပွါးခိုက်မှာ သီသီလေးလွတ်မြောက်ခဲ့ကြပါတယ်။
ပညာရေးဝန်ကြီး ဦးခင်မောင်ဝင်း သမိုင်းကျောင်းဆောင်တွေဆီကို လာဖို့အစီအစဉ်ဖျက်သိမ်း
လိုက်ပြီး ဒီမိုကရေစီ ဟစ်တိုင်ကနေ အောင်ပွဲခံခဲ ကြတဲ့ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသား
တချို့ရောက်လာကြတဲ့အခါမှာ အင်အားစုနှစ်ခု ပေါင်းစပ်သွားပြီး ကျောင်းသားဆန္ဒပြပွဲ အရှိန်
မြင့်လာခဲ့ပါတယ်။ အရင်နှစ်အလုပ်သမားအရေးအခင်းအပြီးမှာ သမိုင်းကျောင်းဆောင်များကနေ
သမိုင်းချည်မျှင်နှင့် အထည်စက်ရုံများရဲ့အလုပ်သမားဝင်းရှိ ရာ ရန်ကုန်အင်းစိန်လမ်းမကို ထွက်
တဲ့လမ်းကို စစ်အစိုးရကနောင်ကို ကျောင်းသားနဲ့အလုပ်သမားအလွယ်တကူ မပေါင်းမိအောင်
ရည်ရွယ်ပြီး အုတ်တံတိုင်း တည်ဆောက်ကာရံခဲ့ပါတယ်။ ဆလိုင်းတင်မောင်ဦး ဟာကျောင်းသား
ထုအင်အားနဲ့အဲဒီအုတ်တံတိုင်းကိုဖြိုခွဲ ပြစ်လိုက်တယ်။ ပြီးတော့ဆန္ဒပြကျောင်းသားထုကိုဦးဆောင်
ပြီး ရန်ကုန်အင်းစိန်လမ်းမဆီကို ခေါ်ဆောင်လာခဲ့ တယ်။ဆန္ဒပြကျောင်းသားတွေဟာ ရန်ကုန်ဝိဇ္ဖာ
နဲ့ သိပ္ပံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခမ်းမမှာ သပိတ်စခမ်းဖွင့်ပြီး ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
နောက်ပိုင်းရက်တွေ မှာတော့အလုပ်သမားတစ်ချို့လည်းပါဝင်ပူးပေါင်း ခဲ့ကြပြီး ကျောင်းသားအ
မြောက်အများကို အကျဉ်းချထားတဲ့အင်းစိန်ထောင်စီကို ချီတက်ခဲ့ကြပါတယ်။
အင်းစိန်ထောင်ကို ချဲ့ပစ် ..ချဲ့ပစ်၊ အမေကမွေး ... ထောင်ကကျွေး ဆိုတဲ့စစ်အာဏာရှင်တွေ
ရဲ့ ပြည်သူ ကိုခြိမ်းခြောက်အုပ်ချုပ်ရာမှာ ထိထိရောက်ရောက် အသုံးပြုခဲ့တဲ့" ထောင် "ဆိုတဲ့
ဖိနှိပ်ရေး ကိရိယာကို မကြောက်ဘူးဆိုတာပြသခဲ့ကြပါတယ်။ ရဲရဲတောက်ကြွေးကြော်သံတွေနဲ့
လောကတခွင်လုံးကိုပဲ့တင်ထပ်စေခဲ့ပါတယ်။
ထောင်ထဲကအလုပ်သမားတွေနဲ့ကျောင်းသားတွေကလည်းအာဏာရှင်တွေရဲ့ရက်စက်ကြမ်းကြုတ်တဲ့
အကျဉ်းထောင်ထဲမှာ အညှင်းပန်း အနှိပ်စက်ခံနေကြရပေမဲ့အမှန်တရားအတွက် အကြောက်တရား
ကင်းမဲ့တာကို ပြသပြီးလိုက်လံကြွေးကြော်ကြပါတယ်။ဆန္ဒပြကျောင်းသားတွေကလည်း အင်းစိန်ထောင်
ကိုဖွင့်ပေးဘို့သူတို့ကိုဖမ်းဘို့တောင်းဆိုခဲ့တာဖြစ်တယ်။
ဆန္ဒပြကျောင်းသားတွေဟာ ညနေပိုင်းမှာ သပိတ်စခန်းကို ရွှေတိဂုံဘုရားပေါ်သို့ရွေ့ကြပြီး တညလုံး
ဆန္ဒပြခဲ့ကြတယ်။ မနက်လင်းအားကြီးချိန်မှာ စစ်တပ်က စစ်ဖိနပ်တွေမချွတ်ဘဲ ရွှေတိဂုံဘုရားပေါ်ကို
ရိုင်းရိုင်းစိုင်းစိုင်း တက်လာကြပြီး ကျောင်းသားတွေကို မတရားဖမ်းဆီး ခဲ့ကြတယ်။ ကျောင်းသားတွေ
ကို စစ်လော်လီကား (၈)စင်းတိုက်ပြီး အင်းစိန်ထောင်ကိုခေါ်ဆောင်သွားကြပါတယ်။ လမ်းတလျှောက်
မှာအဖမ်းခံကျောင်းသား တွေဟာ စစ်အစိုးရဆန့်ကျင်ရေးကြွေးကြော်သံတွေကို မရပ်မနားကြွေးကြော်
သွားကြတယ်။ ကျောင်းသား ၁၅၀ခန့်အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်အဝင်မှာတော့ အဝင်လမ်းဟို
ဘက်ဒီဘက်မှာ ထောင်ဝါဒါတွေက ကြိုတင်စောင့်နေကြပြီး နံပါတ်တုတ်နဲ့ရက်ရက်စက်စက် ဝိုင်းရိုက်
ကြပါတယ်။
ရန်ကုန်ဝိဇ္ဖာနဲ့သိပ္ပံတက္ကသိုလ်မှာတော့ ဆလိုင်းတင်မောင်ဦးရဲ့ညီမဖြစ်သူမိုင်ပိုပိုနဲ့ညီဖြစ်သူ ဆလိုင်းလှရွှေတို့ကဦးစီးပြီး ကျောင်းသားတွေကို စုရုံး ထားတာမို ရန်ကုန်စက်မှုတက္ကသိုလ်က ကျောင်းသားတွေ အရောက်မှာအင်အားစုနှစ်ခု ပူးပေါင်းသွားကြပါတယ်။ မိုင်ပိုပိုကတော့ အဲဒီအချိန်က ၁၈နှစ် အရွယ် ၁၀တန်းကျောင်းသူဆလိုင်းလှရွှေက ၁ရနှစ်အရွယ် ၉တန်းကျောင်းသားဖြစ်ကြပေမဲ့သူတို့အကိုကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အဖမ်းခံရတာကို အဲဒီနေ့မတိုင်ခင်(၂၂)မတ်လ ည၈နာရီ သတင်းကြေညာချက်မှာကြားလိုက်ရတော့ မှိုင်းရာပြည့်ချီတက်ဆန္ဒပြပွဲ အစီအစဉ်ကြီး ပျက်စီးသွားမှာကိုမကြည့်ရက်နိုင်တာမို့သူတို့မောင်နှမနှစ်ဦးဟာ ရန်ကုန်ဝိဇ္ဖာနဲ့သိပ္ပံတက္ကသိုလ် ဝင်းထဲကို (၂၃)မတ်လ မနက်စောစောမှဝင်ပြီးကျောင်းသားတွေကို မှိုင်းရာပြည့်ပွဲချီတက်ကြဘို့ပြောင်ပြောင်တင်းတင်းစတင်းစည်ရုံးခဲ့ပါတယ်။
အမှန်မှာ(၂၁)နေ့မတ်လမှာဘဲ ဆလိုင်းတင်မောင်ဦးရဲ ့မိဘနှစ်ပါးနှင့်အတူ၊အသက်ပြည့်ပြီးဖြစ်တဲ့မိုင်ပိုပိုနဲ့မောင်နှမသုံးဦး အပြင် အသက်မပြည့်သေးတဲ့ (၅)နှစ်နဲ့(၁၁)နှစ်အရွယ်သာရှိကြသေးတဲ့တခြားမောင်နှမ(၄)ဦး ကိုပါအလုံလမ်းရှိထောက်လှမ်းရေး (ရ)မှာဖမ်းဆီးခေါ်ယူစစ်ဆေးခဲ့ကြတာဖြစ်တယ်။ ဆလိုင်းတင်မောင်ဦးဟာမြေအောက်ကနေပြန်လာပြီး မှိုင်းရာပြည့်ချီတက်ပွဲကို ဦးဆောင်ဖို့ရန်ကုန်မြို့ထဲ တိတ်တိတ်ပုံးဝင်ရောက်လာပြီ ဆိုတာကိုစစ်ထောက်လှမ်းရေးက သတင်းရရှိထားပြီးဖြစ်တယ်။စစ်ထောက်လှမ်းရေးတွေက ဆလိုင်းတင်မောင်ဦး ဘယ်မှာရှိတယ်ဆိုတာကို အပူတပြင်းသိချင်နေတာဖြစ်တယ်။ ဆလိုင်းတင်မောင်ဦး ရဲ ့မိသားစုဝင်အားလုံးကို တခန်းစီခွဲပြီးစစ်ဆေးကြတယ်။ အကြီးတွေကိုတော့အပေါ်ထပ်မှာစစ်ဆေးပြီးကလေးတွေကို အောက်ထပ်မှာထားပါတယ်။ ကလေးတွေကို ရက်ရက်စက်စက်ရိုက်ပြီး စစ်ဆေးရာမှာ (၁၁)နှစ်အရွယ်သာရှိသေးတဲ့ဆလိုင်းသန့်ဇင်ဟာ ကြမ်းပြင်ပေါ်ကိုလဲကျသွားပါတယ်။ လဲကျနေတာကိုဘဲ မညှာမတာ သူ့ခေါင်းပေါ်ကိုစစ်ဖိနပ်နဲ့ထပ်ပြီးတက်နင်းထားပါတယ်။ တခြားကလေးတွေလည်းစိတ်တွေချောက်ခြားပြီး ငယ်သံပါအောင် အော်ငိုကြပါတယ်။ အဲဒီ့အချိန်မှာ ဆလိုင်းလှရွှေက အပြစ်မဲ့တဲ့ကလေးတွေကိုဘာမှမလုပ်ပါနဲ့စစ်ချင်ရင် ကျနော်တို့ကိုလာစစ်ပါလို့အပေါ်ထပ်ကနေ လှမ်းအော်လိုက်တော့ ကလေးတွေကိုစစ်ဆေးတာရပ်တန့်သွားပါတယ်။ အဲဒီနေ့မှာဘဲ မိဘ နှစ်ပါးကလွဲပြီးအားလုံးကိုအိမ်ပြန်ပို့လိုက်ပါတယ်။ မိဘနှစ်ပါးကိုတော့ပြန်ပေးဆွဲ ထားလိုက်ပါတယ်။
မတ်လ (၂၂)ရက်နေ့ညမှာ မြန်မာ့အသံ ရေဒီယိုကနေ ဆလိုင်းတင်မောင်ဦးကိုဖမ်းစီးရမိကြောင်း သတင်း
ကြေညာချက်ကို ကြားသိကြရတဲ့အချိန်မှာတော့ ညီအကိုမောင်နှမတွေအားလုံးဖက်ပြီးငိုကြပါတယ်။ အဲဒီ့
အခိုက်အတန့်မှာ မိုင်ပိုပိုဟာသူ့မျက်ရည်တွေကိုသုတ်ပြီး သူ့အကိုဆလိုင်း တင်မောင်ဦး ရဲ့မပြီးဆုံးသေးတဲ့တိုက်ပွဲကို ဆက်လက်ဆင်နွဲဘို့သန္တိဌါန်ချလိုက်ပါတော့တယ်။
မတ်လ (၂၃)ရက်နေ့မနက်စောစောမှာ မိုင်ပိုပိုဟာ သူ့ရဲ့မောင်ဖြစ်သူ ဆလိုင်းလှရွှေနဲ့အတူ ရန်ကုန်ဝိဇ္ဖာနဲ့သိပ္ပံတက္ကသိုလ်ဝင်းထဲကိုဝင်ရောက်ခဲ့တယ်။ မိုင်ပိုပိုဟာ သူူမှာပါလာတဲ့ဝီစီလေးကိုမှုတ်လိုက်တဲ့အခါမှာကျောင်းသားတွေကကြောင်ပြီး ဝိုင်းကြည့်နေကြတယ်။ “ ဒီနေရာ ဒီကျောင်းဆောင်တွေဟာ ကျမတို့နောင်တော်ကျောင်းသားတွေခေတ်အဆက်ဆက် ဖေါက်ပြန်တဲ့အစိုးရတွေကို သတ္တိရှိရှိတော်လှန်ခဲ့ကြတဲ့သမိုင်းဝင်နေရာတွေဖြစ်တယ်။ ဒီနေ့ကျမတို့မှိုင်းရာပြည့်ချီတက်ပွဲကို ဆင်နွှဲကြမယ်။ ဒီစစ်အစိုးရပြုတ်ကြတဲ့အထိ ကျမတို့တိုက်ပွဲဝင်ကြမယ်” ဆိုပြီး မိုင်ပိုပိုကပြောလိုက်တော့အဆောင်ပေါ်ကကျောင်းသားတွေပါ ဆင်းလာကြတယ်။ ကျောင်းသားတွေက မိုင်ပိုပိုတို့မောင်နှမနဲ့အတူ ချီတက်ပွဲကိုဆင်နွှဲဘို့ဆင်းလာကြတဲ့အချိန်မှာ မိုင်ပိုပိုဟာ ဝမ်းသာလွန်းအားကြီးလို့သူ့ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာတယ်။ သူတို့မောင်နှမဟာကျောင်းသားတွေကို အားမာန်အပြည့်နဲ့ဆက်လက်ပြီး မှိုင်းရာပြည့်ပွဲ ချီတက်ကြဖို့ဖိတ်ခေါ်ခဲ့တယ်။ကျောင်းသူတွေပါ ပါဝင်လာကြတယ်။
ကိုတင်အေးကြူ အစရှိတဲ့ကျောင်းသားခေါင်းဆောင်တွေနဲ့အတုူ လက်တွဲ ပြီးမိုင်ပိုပိုတို့မောင်နှမဟာချီ
တက်ပွဲကြီးကို အရှေ့ဆုံးကနေ ဦးဆောင်သွားပါတယ်။ သခင်ကိုယ်တော်မှိုင်းကို ဂါရဝပြုကြပြီး ကျောင်း
သားတွေဟာ ဝိဇ္ဖာနဲ့သိပ္ပံတက္ကသိုလ် ကိုပြန်လာကြပါတယ်။ ဘွဲနှင်းသဘင်ခမ်းမရှေ့ကိုရောက်လာကြတဲ့
အချိန်မှာ ကျောင်းသားတွေက လက်ရှိ မဆလစစ်အစိုးရကို ဆန့်ကျင်ကြောင်းကြေညာပြီး စစ်အစိုးရဆန့်
ကျင်ရေး ကြွေးကြော်သံတွေကို စတင်ကြွေးကြော်ကြပါတယ်။ စစ်အစိုးရက အဲ ဒီည (၈)နာရီမှာ မြန်မာ့
အသံကနေ တက္ကသိုလ်ကျောင်းများကို ပိတ်လိုက်ကြောင်းကြေညာလိုက်ပါတယ်။ တဆက်ထဲမှာဘဲမှိုင်း
ရာပြည့်ချီတက်ပွဲကို သူတို့ဖမ်းဆီးထားတဲ့ဆလိုင်းတင်မောင်ဦး ရဲ့နှမဖြစ်သူ မိုင်ပိုပို ဦးဆောင်ကြောင်း
သတင်းကြေညာချက်မှာဖေါ်ပြခဲ့တယ်။ နောက်တနေ့ကျောင်းသားတွေလူစုကွဲသွားတဲ့အခါ မှာ ကိုတင်
အေးကြူ ၊ကိုသန်းလင်း၊ ကိုဝင်းမြင့်စတဲ့ကျောင်းသားခေါင်းဆောင်တွေကို ကြည်မြင့်တိုင်ဆိပ်ကမ်းမှာစစ်
အစိုးရက ဖမ်းဆီးလိုက်ပါတယ်။ မိုင်ပိုပိုတို့မောင်နှမဟာ တခြားကျောင်းသားအချို့နဲ့အတူ လူထုတိုက်ပွဲ
နဲ့ပေါင်းစပ်ပြီး ဆက်လက်တိုက်ပွဲဝင်ဘို့ကြိုးစားခဲ့ကြပေမဲ့မအောင်မြင်ခဲ့ဘူး။ သူတို့တတွေသံရုံးတခု
မှာခိုလှု ံဘို့ကြိုးစားနေချိန်မှာ စစ်ထောက်လှမ်းရေးက ဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်။
၁၉၇၆ခု ဇွန်လ (၂၆)ရက်နေ့နံနက် (၄)နာရီ
အင်းစိန်ထောင်မှာ စစ်အစိုးရက ဆလိုင်းတင်မောင်ဦးကို စစ်ခုံရုံးနဲ့အကျဉ်းနည်းစစ်ဆေးပြီး လျှို ့ဝှက်စွာ
ကြိုးပေးသတ်ခဲ့တယ်။ စစ်အစိုးရက ဆလိုင်းတင်မောင်ဦး ကိုကြိုးပေးသတ်လိုက်တဲ့အခါမှာ သူ့ကိုထား
ခဲ့တဲ့ကြိုးတိုက်နံရံမှာတော့ ” ညီမလေးမိုင်ပိုပိုအတွက် အကိုကြီးဂုဏ်ယူပါတယ် ” ဆိုတဲ့စာတန်းလေး
ဟာ အထင်းသားကျန်ရစ်ခဲ့ပါတယ်။
ဆလိုင်းကစ်ပ်(ချင်းပြည်)
ဟမ်းဘတ်၊ဂျာမဏီ
(၂၃)မတ်လ ၂၀၁၀
မူရင်းဆောင်းပါးလင့်.....
http://burmaburo.blogspot.com/search/label/%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%99%20%E1%80%B7%E1%80%98%E1%80%BC%E1%80%9A%E1%80%B9?updated-max=2011-07-19T12:50:00-07:00&max-results=20&start=18&by-date=false
Rate this posting: အောင်အာဏာကိုမြဲမြဲဆုတ်ကိုင်နိုင်နေခြင်းပင်ဖြစ်ပါသည်။အကြောင်းကတော့ကျွန်တော်တို့မြန်မာလူမျိုးများသည်ယနေ့ထက်တိုင်အောင်စည်းလုံးညီညွတ်မှုကအားနည်းနေသောကြောင့်ဟုယူဆမိပါသည်။ထို့ကြောင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှပြည်သူလူထုသို့ညီညွတ်မှု့ရှိကြရန်အစဉ်အမြဲတိုက်တွန်းလျှက်ရှိပါည်။အဆိုပါစစ်အာဏာရှင်များမှာလည်းအာဏာကိုဆုတ်ကိုင်ထားနိုင်စေကာမူသူတို့ကိုတော်လှန်ပုန်ကန်သူများမှာခေတ်အဆက်ဆက်တွင်နည်းအမျိုးမျိုးနှင့်ပေါ်ပေါက်စမြဲပင်ဖြစ်၍အာဏာရှင်များအနေနှင့်အာဏာမြဲစေရန်အတွက်ထာဝစဉ်စိုးရိမ်ပူပန်လျှက်ရှိကြောင်းထင်ရှားလှပါသည်။ပြည်သူလူထုကြီးကစည်းလုံးညီညွတ်လာသောတချိန်ချိန်တွင်စစ်အာဏာရှင်များကိုတညီတညွတ်ထဲပူးပေါင်းတိုက်ထုတ်နိုင်ကြပါစေဟုဆုတောင်းရင်းကျောင်းသားအညတရသူရဲခေါင်း ကိုဆလိုင်းတင်မောင်ဦး၏ (၁၉၇၄၊၇၅၊၇၆)ခုနှစ်ဝန်းကျင်က အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှု့တစိတ်တပိုင်းကိုမြန်မာ့ရေးရာဌာန(ဂျာမနီ)၏ဘလော့ဂ်စာမျက်နှာတွင်ကိုဆလိုင်းကစ်ပ်(ချင်းပြည်)ဟမ်းဘတ်(ဂျာမနီ)၂၀၁၀ခုနှစ်ကရေးသားခဲ့သော"ဆလိုင်းတင်မောင်ဦး"အမည်နှင့်သမိုင်းအဖြစ်မှန်ဆောင်းပါးကိုသမိုင်းအမှန်မသိသေးသူများအတွက်ပြန်လည်ကူးယူဖေါ်ပြလိုက်ရပါသည်ခင်ဗျား။အာဇာနီကိုဆလိုင်းတင်မောင်ဦးကောင်းရာသုဂတိလားပါစေ။ဖတ်ရှု့အားပေးကြသည့်အတွက်ကျေးဇူးအထူးတင်ရှိပါသည်။မိမိကဲ့သို့ပြည်သူအများသိရှိဗဟုသုတပွါးများစေရန်အတွက်လဲမိမိတို့၏Facebook မှ Like/Share လုပ်ပေးခြင်းဖြင်ဖြန့်ဖြးပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ဒေါင်းလုတ်လုပ်၍သိမ်းထားလိုသူများလဲ PDF ဖိုင်များကိုတိုက်ရိုက်ဒေါင်းလုတ်လုပ်၍ရယူနိုင်ပါသည်။ဖတ်၍မရပါကကျွန်တော့်CBoxထဲတွင်လာရောက်ပြောပေးပါ။ကျေးဇူးတင်ပါသည်။

{[['
']]}
No comments:
Post a Comment