Warmly welcome from mgburmese8888 blog.
ကျွန်တော့်ရဲ့ဘလော့ဂ်လေးကိုအလည်လာတဲ့အတွက်မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသား၍သူမ၏ခင်ပွန်းMichael Arisတည်းဖြတ်ခဲ့သော Freedom From Fear (ကြောက်ရွံ့ခြင်းမှကင်းလွတ်ရန်) ကိုမြန်မာပြန်ဆိုထားခြင်း”


         

       ဒေါ်အောင်ဆန်းစုကြည်

ကိုယ်တိုင်ရေးသား၍သူမ၏ခင်ပွန်းMichael Arisတည်းဖြတ်ခဲ့သော Freedom From Fear   (ကြောက်ရွံ့ခြင်းမှကင်းလွတ်ရန်) ကိုမြန်မာပြန်ဆိုထားခြင်း


                                                                    Freedom From Fear

                                                                                                                                 

 ပုထုစဉ်လူသားများအတွက်အဂတိ(ဖေါက်ပြန်)လိုက်စားစေရန်လှုံ့ဆော်နေသောအရာတို့မှာအာဏာမဟုတ်ဘဲစိုးရိမ်ကြောက်ရွံ့စိတ်သာ ဖြစ်ပေတော့သည်။အာဏာကိုလက်လွှတ်ဆုံးရှုံးရမည်ကိုစိုးရိမ်ကြောက်ရွံ့နေခြင်းသည်အဆိုပါအာဏာကိုပိုင်ဆိုင်ထားသူတို့အားဖေါက်ပြန်စေပြီးအာဏာ၏အန္တရာယ်အစွမ်းကိုသိရှိုကြောက်ရွံ့ခြင်းသည်လည်း၎င်းအာဏာကိုလက်ဝယ်ရှိသူများကိုဖေါက်ပြန်စေပါသည်။မြန်မာလူမျိုးအများစုကြီးသည်အဂတိတရားလေးပါးကိုသိရှိကြပြီးဖြစ်ပါသည်။ဆန္ဒဂတိဆိုသည်မှာလိုအင်ဆန္ဒကြောင့်ဖြစ်ပေါ်လာပြီးလာဒ်လာဘများကို

Rate this posting:
{[['']]}

အဝီဇိဆိုတာ ကြားဖူးသလား


                        အဝီဇိဆိုတာ ကြားဖူးသလား




(၁)“စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံကို လွန်ခဲ့သော
၂၀၀၄ ဒီဇင်ဘာတွင် ကမ္ဘာအေး ကုန်းမြေပေါ်မှာ ကျင်းပမည်ဆိုတဲ့သတင်းကို စကြားလိုက်ရတဲ့အခိုက်မှာ ကျနော့်ခေါင်းထဲမှာ တော်တော်ရှုပ်ထွေးသွားပါတယ်။ ကြည်ကြည်နူးနူးနဲ့ သာဓုပဲခေါ်လိုက်ရမှာလား။ စိတ်မသက်မသာနဲ့ ခေါင်းပဲရမ်းလိုက်ရမှာလား။ ဒီအတွက် ချမ်းချမ်းမြေ့မြေ့ကြီးကိုပဲ ဂုဏ်ယူလိုက်ရမှာလား။ အလွဲလွဲအချော်ချော်တော့ ဖြစ်ကုန်ကြတော့မယ်ထင်ပါရဲ့လို့ ပူပန်သောက ပွားလိုက်ရမှာလား။ စက္ကန့်အချို့အကြာမှာတော့ ဒါရဲ့အဖြေကို ကျနော် ကျကျနနကြီးကိုပဲ ထုတ်လို့ရသွားပါတော့တယ်။
Rate this posting:
{[['']]}

အာဏာရှင်ကြီးများ၏ အတွင်းရေး (တပ်မတော် ထောက်လှမ်းရေးအကြောင်း)





ဦးနေဝင်းဟာ တစ်ဦးတည်းသော အကိုးကွယ်ခံ စစ်အာဏာရှင်ကြီး ဘဝရောက်အောင် ဘယ်လို ဉာဏ်နီ ဉာဏ်နက်တွေ သုံးပြီး စက်ပုန်းခုတ်သွားတယ်၊ ဆိုရှယ်လစ်  စနစ်ကို အမှန် ယုံကြည်မှု မရှိခဲ့ဘဲ ဦးနေဝင်းနှင့် အပေါင်းအပါတို့ရဲ့ အာဏာတည်မြဲရေးအတွက်သာ လုပ်ခဲ့ကြပုံ၊ ခွင့်လွှတ် နိုင်ဖွယ် မရှိသော အမှားကြီးများကို ဦးနေဝင်းဟာ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပုံ၊ ဖြုတ်, ထုတ်, ချ ခံရသော တပ်မတော် ထောက်လှမ်းရေးအကြောင်း၊ မျက်မှန်ကြီး ဗိုလ်မှူးချုပ်တင်ဦးအကြောင်း၊ ဦးနေဝင်းရဲ့ အတွင်းရေး ဇာတ်လမ်းများအကြောင်း၊ တောခိုခဲ့တဲ့ ဗိုလ်ကြီးကျော်စွာမြင့် အကြောင်းနဲ့ တပ်မတော်ပြုပြင်ပြောင်းလဲရေးကို လိုလားပြီး အာဏာရှင်တွေကိုဖြုတ်ချဖ့ို ကြံစည်တဲ့ ဗိုလ်ကြီးအုံးကျော်မြင့် ကွပ်မျက်ခံခဲ့ရပုံနှင့် တပ်မတော်သားများ၏ ကြည်ညိုလေးစားမှုကိုခံယူခဲ့နိုင်တဲ့ သူရဲကောင်း ဗိုလ်ချုပ်ကြီးသူရတင်ဦးအကြောင်း စတာတွေ ပါဝင်တဲ့ ဒုဗိုလ်မှူးကြီး ကြည်ဆွေရဲ့

Rate this posting:
{[['']]}

သမိုင်းကြွေး ယူတုန်းကပြုံး သမိုင်းကြွေး တောင်းတော့မှမုန်း



သမိုင်းကြွေး ယူတုန်းကပြုံး

သမိုင်းကြွေး တောင်းတော့မှမုန်း

🌹🌹🌹








ဟိုယခင် စစ်အာဏာရှင်ခေတ်မှာ

သာသနာပြုမင်းလို့

ကိုယ့်ကိုယ်ကိုထင်နေသူ

နဝတ(နအဖ)စစ်အစိုးရအဖွဲ့

လူကြီးမင်းတွေဟာဘယ်လောက်အထိရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့သလဲဆိုရင်ရဟန်းသံဃာတွေကို
နှစ်ရှည်ထောင်ဒဏ်ချပြီးအကျဉ်းတိုက်တွေထဲ ဆင်းဆင်းရဲရဲသီတင်းသုံး၊ဝါဆိုစေရုံနဲ့တင်အားမရနိုင်ဘဲ
အလုပ်ကြမ်းလုပ်ခိုင်းဖို့အတွက်ရဲဘက်စခန်းတွေဆီသံခြေချင်းခတ်ကာအတင်းအဓမ္မ ပို့ပစ်ခဲ့တဲ့အထိ
ယုတ်မာပက်စက်ခဲ့ကြတယ်။ဒီလိုမျိုး ရဲဘက်စခန်းရောက်ရတဲ့ သံဃာတွေထဲ၊

Rate this posting:
{[['']]}

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့်အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်ခဲ့မှု့



ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့်အပြစ်မဲ့ပြည်​သူများကိုသတ်​ဖြတ်​ခဲ့မှု့
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
( စာရေးသူ ။ ဗိုလ်မှူးအောင်လင်းထွဋ်​ )



၁၉၉၈ ခုနှစ် မေ လအတွင်း ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူအရပ်သား များကို သတ်မိန့်ပေးခဲ့မှုကို ဘာအတွက်ကြောင့်အသတ်ခံခဲ့ရသည်ကိုမသိရှိဘဲ သေသွားခဲ့ရသော မွေးကင်းစ ခလေးငယ်လေးအပါဝင်ခလေး(၃)ဦး နှင့် အမျိုးသမီးများအပါအဝင် လူစုစုပေါင်း (၈၁)ဦး ၏ ကိုယ်စား ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရမှုအဖြစ်မှန်ကိုတင်ပြလိုပါသည်။

Rate this posting:
{[['']]}