Warmly welcome from mgburmese8888 blog.
ကျွန်တော့်ရဲ့ဘလော့ဂ်လေးကိုအလည်လာတဲ့အတွက်မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

မြွေမြွေခြင်းတော့ခြေမြင်တာပေါ့တဇောက်ကန်းနိုင်ငံရေးသမားတို့ရယ်


 (၁)သူတို့ဘာကြောင့်ကျောင်းသားလူငယ်တွေကိုသွေးထိုးပေးနေသလဲ?
 (၂)သူတို့ဘာကြောင့်ဒေါ်စုကိုစွတ်စွဲပုတ်ခတ်နေကြသလဲ?
 အချိန်ရောက်လာပြီထင်သည်။အစကတဇောက်ကန်းသမားတွေရဲ့စကားတွေကိုကျောင်းသားများနားမယောင်လောက်ဘူးဟုထင်ခဲ့သည်။
 ဒါပေမယ့်လူငယ်အချို့ဆီအထိသူတို့ရဲ့အတွေးအခေါ်များပြန့်နှံ့စိုးမိုးလာနေသည်။ဒါကြောင့်ရေးလိုက်ပါသည်။

 (၁)သူတို့ဘာကြောင့်ကျောင်းသားလူငယ်တွေကိုသွေးထိုးပေးနေသလဲ?
 အဖြေကရှင်းရှင်းလေးပါ။ကျောင်းသားတွေကအစပျိုးလို့စစ်အစိုးရကနှိမ်နင်းမယ်။အဲဒီအခါပြည်သူတွေမခံမရပ်နိုင်ဖြစ်မယ်၊ပြီးတော့ဝင်ပါလာ
 မယ်။ဒါဆိုရင်(၈၈၈၈)လိုပြန်ဖြစ်မယ်။တတိုင်းပြည်လုံးအုံကြွမယ်။ဒါကတဇောက်ကန်းသူတို့အတွေး။တွက်ရေးကတော့စက်သူဌေးတွေဘဲ။
 တကယ့်လက်တွေ့မှာဖြစ်မလာဘဲတိုင်းပြည်ချောက်ထဲကျဘို့လက်နှလုံးအလိုဆိုပြီးကယ်တင်ရှင်တွေပေါ်လာမှာကိုတော့သူတို့မတွေးတာ
 လားသို့မဟုတ်အဲဒီလိုဆိုလဲနောက်တခါထပ်စောင့်ပေါ့ကွာဆိုပြီးသူတို့ကတော့ပြည်ပနိုင်ငံတွေမှာလွတ်လပ်စွာနေကြမယ်။ဒီနည်းလမ်းတွေ
 ကဖြတ်ကျော်ခဲ့ပြီးပြီလေ။(၁၉၈၈)အရေးတော်ပုံဟာမြန်မာ့သမိုင်းမှာဖြစ်ခဲ့တဲ့လူထုအုံကြွမှု့တွေထဲမှာအကြီးမားဆုံးဘဲ၊ပြီးတော့(၂၀၀၇)ရွှေ
 ဝါရောင်တုံးကလဲကြည့်လေ။မကြာသေးပါဘူးဗျာ။ဒီစစ်အစိုးရဟာဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ကောင်စားမျိုးတွေဆိုတာသက်
 သေအမြောက်အများပြခဲ့ပြီးပြီလေ။

 သဘောပေါက်ကြတော့ပေါ့။မအောင်မြင်ခဲ့တဲ့နည်းလမ်းကိုဘာဖြစ်လို့လူငယ်တွေကိုအနာခံခိုင်းပြီးထိုးကြွေးကြမှာလဲ?အခုချိန်မှာဒီလူငယ်
 ကျောင်းသားလေးတွေကျွန်တော်တို့တုံးကလောက်သူတို့မခံစားကြရပေမယ့်အနည်းဆုံးတော့နာကြမှာပေါ့။နည်းတဲ့အားနှင့်ရိုက်တာမှမ
 ဟုတ်တာ။စစ်အစိုးရမှာကလူသတ်လက်နက်ရှိတယ်။ကျောင်းသားလူငယ်တွေဆီမှာဘာမှမရှိဘူး။ဒါဆိုရင်လက်နက်ကိုင်တိုက်ပွဲရော?မရ
 ဘူးလေ။တိုင်းပြည်ရဲ့လွတ်လပ်ရေးနှင့်အတူတွဲပြီးလက်နက်ကိုင်တိုက်ပွဲဆိုတာပေါ်ပေါက်လာတာဘဲ။အခုချိန်ထိဘယ်မှာအောင်မြင်ကြ
 သေးလို့လဲ?အဆုံးမသတ်နိုင်တဲ့တိုက်ပွဲတွေဘဲဖြစ်ပေါ်နေတာဘဲ။(၈၈)တုံးကတောခိုသွားတဲ့ကျောင်းသားတပ်တွေတောင်လက်တွေ့မှာ
 အခုချိန်ထိဘာမှဖြစ်မလာသေးဘူး။ဒီနည်းလဲသုံးလို့မရဘူးလေ။စိတ်ကူးမယဉ်ကြပါနှင့်ဗျာ။

 နောက်တချက်ကတော့အဲဒီတဇောက်ကန်းနိုင်ငံရေးသမားတွေကသူတို့ဖြစ်စေခြင်သလိုပေါ်ပေါက်လာစေဘို့ကိုသူတို့ကိုယ်စားဓါးစာခံ
 ပေးမယ့်ပစ်မှတ်ကိုရှာဖွေကြတဲ့အခါလူငယ်ကျောင်းသားတွေဟာတဇောက်ကန်းတွေအတွက်အားအနည်းဆုံးနှင့်အလွယ်ကူဆုံးပစ်မှတ်
 (SoftTerget)ဖြစ်လာတာပေါ့။လူငယ်ဆိုတာတက်ကြွသည်၊ရဲရင့်သည်၊တိုက်မယ်၊ခိုက်မယ်ပေါ့၊များသောအားဖြင့်အတွယ်အတာမရှိကြ
 ဘူး(သားမယားသံယောဇဉ်)ပြီးတော့စိတ်ကူးယဉ်ကြသည်လေ။ဒါကြောင့်လည်းသမိုင်းမှာများသောအားဖြင့်ကျောင်းသားလူငယ်တွေက
 ဘဲအစပျိုးခဲ့ကြတာဘဲ။အဲသူတို့ရဲ့နည်းတွေကတော့”ကြည့်စမ်း...ကျောင်းသားတွေအရိုက်ခံနေကြရပြီ၊ဘယ်သူကတော့ဘာလို့ငြိမ်နေ
 တာလဲ၊ဗကသဆိုတာသမိုင်းအစဉ်အလာကြီးမြတ်တယ်ကွ၊သတ္တိရှိရှိပြတ်ပြတ်သားသားတော်လှန်ကြ၊ရဲရဲဝံ့ဝံ့တော်လှန်ကြ၊ကျောင်း
 သားတွေရဲ့သွေးတွေမြေကျကုန်ပြီ၊လွတ်လပ်ရေးဆိုတာတိုက်ယူမှရတာကွ.....”အစရှိသည်ဖြင့်ပေါ့ဗျာ။အထက်ပါအချက်များကြောင့်
 တဇောက်ကန်းသမားများကလူငယ်များကိုမြှောက်ထိုးပင့်ကော်သွေးထိုးပေးကြပါလေတော့သည်။ဘယ်သူကပြောတာလဲလွတ်လပ်ရေး
 ကိုတိုက်ယူလို့ရတယ်ဆိုတာ?ပြီးတော့အဲဒီသတ္တိရှိရှိတို့ပြတ်ပြတ်သားသားတို့ဆိုပြီးပြောနေတဲ့သူတွေအကုန်လုံးနီးပါးကမိုင်ထောင်ပေါင်း
 များစွာဝေးတဲ့နေရာမှာ။ပြီးတော့ပြောလိုက်သေးတယ်“မခံခြင်လွန်းလို့ပါ”တဲ့။လာသေးတယ်။ဒီလောက်တော်မခံခြင်ဖြစ်နေကြရင်လဲတိုင်း
 ပြည်ထဲပြန်လာခဲ့ကြသတ္တိရှိရှိပေါ့ကွာ၊ပြီးရင်လာကိုယ်တိုင်ဦးဆောင်ကြ။ကိုင်း...ဘယ်လိုလဲကိုယ့်လူတို့?ဘေးကနေအပြစ်ပြောနေကြမဲ့
 အစားအားလုံးကမုန်းပါတယ်ဆိုတဲ့ဘုံရန်သူစစ်အာဏာရှင်တွေကိုတိုက်ထုတ်ဘို့လောလောဆယ်မှာကိုယ်ဖြစ်ခြင်နေတာတွေကိုခဏ
 ဘေးဖယ်ထားပြီးလက်မတွဲနိုင်ကြဘူးလား?လက်မတွဲနိုင်ကြရင်လဲနေကြပါ။မနှောက်ယှက်ကြနဲ့လေ။

 (၂)သူတို့ဘာကြောင့်ဒေါ်စုကိုစွတ်စွဲပုတ်ခတ်နေကြသလဲ?
 ဒါကလဲရှင်းပါတယ်။ဒေါ်စုကိုလေးစားလိုက်နာနေကြရင်သူတို့သွေးထိုးမြှောက်ပေးပြောဆိုမှု့တွေကအရာထင်မလာတော့ဘူးလေ။ဒေါ်စု
 ကကျောင်းသားပြည်သူတွေလမ်းပေါ်ထွက်လာမှာကိုသဘောမတူဘူးဆိုတာသူတို့သိနေတာကိုး။ဒီတော့အထူးသဖြင့်လူငယ်များဒေါ်စုကို
 အကြည်ညိုပြက်လာအောင်ဒေါ်စုဘာဘဲလုပ်လုပ်အပြစ်ရှာကြံပြီးမဟုတ်တာကိုအဟုတ်လုပ်၍စွတ်စွဲပုတ်ခတ်ပြောဆိုပြီးဒေါ်စုနှင့်ကျောင်း
 သားပြည်သူကြားမှာအပြန်အလှန်ယုံကြည်မှု့ပြက်ပြားပြီးစည်းလုံးညီညွတ်မှု့ပါပြက်ယွင်းအောင်အားထုတ်ကြိုးပမ်းလာကြလေသည်။ဒီ
 နည်းလမ်းတွေကိုစစ်အစိုးရဘက်ကတော့ယ္ခင်ကတည်းကအသုံးပြုလာခဲ့ကြတာပါ။အထူးသဖြင့်ခင်ညွန့်လက်ထက်မှာပေါ့။ယ္ခုလွှတ်တော်
 ဥက္ကဌခင်အောင်မြင့်(ကကပြည်)ရဲ့ညွှန်မှုးတာဝန်ယူထားတုံးကလည်းအများကြီးလုပ်ခဲ့တာပေါ့။အခုတဇောက်ကန်းကောင်တွေကတော့
 ပုံစံကတမျိုး။သူတို့ကတော့“အရင်တုံးကဒေါ်စုကိုအရမ်းလေးစားပါတယ်။အခုဒေါ်စုရဲ့လုပ်ရပ်တွေကတော့...”ဆိုပြီးအစပျိုးပြီးတော့သူ့လူ
 ကိုယ့်ဘက်သားပုံစံနှင့်မဟုတ်တာတွေကိုအဟုတ်ပုံစံနှင့်ရေးတော့တာဘဲ။ဒါကြောင့်လဲတလောလေးတုံးကကျွန်တော်အဲဒီတဇောက်ကန်း
 တစ်ကောင်ဆီကိုလူသိရှင်ကြားစာရေးပြီးမေးတုံးကသူပြန်မဖြေခဲ့တာပေါ့။သူသိနေတယ်လေသူပြန်ဖြေခဲ့ရင်သူ့အဖြကဆီလျှော်မှု့မရှိဘူး
 ဆိုတာကို။ဒါကြောင့်သူပြန်ဖြေရင်အရှက်ကွဲမယ်လေ။သူဒေါ်စုအပေါ်ကိုစွတ်စွဲပြောဆိုထားတာတွေကဘာတစ်ခုမှခိုင်ခိုင်မာမာခြေခြေမြစ်
 မြစ်မှမရှိတာ။မလုပ်ကြပါနှင့်။ဒေါ်စုနှင့်“ဗကသ”ကျောင်းသားတွေကြားမှာကွဲရင်တတိုင်းပြည်လုံးနစ်နာမယ်။ပြီးတော့ပြည်သူက“ဗကသ”ကို
 အပြစ်တင်လာလိမ့်မယ်။အဲဒီအခါဒီ“ဗကသ”အဖွဲ့ကြီးလဲပြည်သူ့ရဲ့တံတွေးခွက်မှာပက်လက်မြောရလိမ့်မယ်။သမိုင်းတရားခံဖြစ်သွားလိမ့်
 မယ်။ဒီ“ဗကသ”ဆိုတဲ့အဖွဲ့ကြီးဆိုတာ(၈၈)တုံးကငါတို့တွေအသက်နှင့်ရင်းပြီးပြုစုပျိုးထောင်လာကြတာပါ။အထူးသဖြင့်(၈၈)နောက်ပိုင်းမှာ
 ကိုမင်းကိုနိုင်၊ကိုကိုကြီးတို့ထောင်ထဲရောက်နေချိန်မှာအသက်စွန့်ပြီးလှုပ်ရှားပျိုးထောင်ထားခဲ့ရတာပါ။အဲဒီလိုလုပ်ခဲ့လို့တို့ထဲကအချို့သူတွေ
 ခင်ညွန့်လက်ပါးစေတွေလာခေါ်သွားတာခံရပြီးယနေ့ထိဘာဖြစ်မှန်းတိတိကျကျမသိရတော့တဲ့သူတွေ၊မအေမွေးလာခဲ့တုံးကအကောင်းဘဲ
 ရေကြည်အိုင်၊ထောက်လှမ်းရေးအမှတ်(၅၊၆၊၇၊၁၄)၊မန္တလေးမှာဆိုရင်အမှတ်(၁၆)ထောက်လှမ်းရေးတပ်ဆွယ်တွေကနေပြန်ထွက်လာတော့
 မှချို့ယွင်းသွားတာတွေ။ဘဝဆုံးသွားအောင်သွက်သွက်ခါရူးသွားသူတွေအမြောက်အများပါ။ကိုယ်ဖြစ်စေခြင်တာတစ်ခုထဲကိုဘဲကြည့်ပြီးမ
 လုပ်ကြပါနှင့်။

 ဒီတော့လူငယ်ကျောင်းသားများအနေနှင့်သဘောပေါက်သင့်ကြပါပြီ။သူတို့ဟာအသုံးချခံနေရတယ်ဆိုတာကို။ဟုတ်၊မဟုတ်ကိုယ်ပိုင်အသိ
 ဥာဏ်နှင့်သုံးသပ်ပြီးပြန်စဉ်းစားကြည့်ကြပါ။ပြီးရင်တိုင်းပြည်တစ်ခုလုံးရဲ့အရေးနှင့်ကျောင်းသားသက်သက်ချည်းဘဲ၏အရေးဘယ်အရာကပို
 ပြီးရေးကြီးသည်ဆိုတာကိုစဉ်ခြင်သုံးသပ်ကြည့်ကြပါ။ဒီလိုပြောလို့ကျောင်းသားအရေးကအရေးမကြီးဘူးလို့မဆိုလိုပါ။တိုင်းပြည်၏အနာ
 ဂါတ်အတွက်ပညာရေးဟာအလွန်အရေးကြီးပါသည်။ဒါပေမယ့်တတိုင်းပြည်လုံးစစ်ကျွန်လက်အောက်ကလွတ်လပ်ရေးမရသေးဘဲနှင့်
 ကျောင်းသားအရေးကအောင်မြင်နိုင်ပါ့မလားဆိုတာကိုတော့စဉ်းစားကြည့်ဘို့ကောင်းလှပါသည်။

 “နံရံကိုခေါင်းနှင့်ဆောင့်မည်”ဆိုသည့်စကားမှာနားထောင်၍အလွန်ကောင်းပါသည်။သို့သော်လည်းတိုက်သည့်သူတွေရဲ့ဦးခေါင်းမှာသွေး
 သံရဲရဲနှင့်ပါ။အဆင်မသင့်ရင်အသက်ပါသွားနိုင်ပါသည်။အသက်ဆုံးရှုံးမှတော့ကိုယ်လုပ်ခြင်သောအရာများကိုဆက်လက်လုပ်ဆောင်နိုင်
 စွမ်းမရှိတော့ပါ။စာသားအရသာနိုင်သည်ဟုပြောနေပေမယ့်လက်တွေ့မှာတော့အရှုံးနှင့်ရင်ဆိုင်နေရခြင်းပါ။ထို့ကြောင့်လူငယ်ကျောင်းသား
 များအနေနှင့်ပြန်လည်သုံးသပ်သင့်လှပါသည်။အချိန်မကျခင်အင်အားများမပြုံးတီးစေလိုပါ။

 ကျွန်တော်တို့တိုင်းပြည်မှာကရင်ဆိုင်ရမယ့်အခက်အခဲများကအမြောက်အများနှင့်ပါ။အများသိကြတဲ့အတိုင်းဘဲအခုလောလောဆယ်ပူပန်
 နေရတာကရွေးကောက်ပွဲကဖြစ်ပါ့မလား?ဖြစ်ရင်ရောတရားမျှတပါ့မလာ?ပြီးတော့၄၃၆နှင့်၅၉(စ)ကရောဘယ်လိုလဲ?ရွေးကောက်ပွဲပြီးရင်
 ရောအစိုးရဖွဲ့ခွင့်ပေးပါ့မလား(၁၉၉၀)အတွေ့အကြုံတွေကရှိခဲ့တယ်မဟုတ်လား?ရွေးကောက်ပွဲပြီးမှအားဏာပြန်သိမ်းရင်ဘယ်လိုလုပ်ကြ
 မလဲ?အဲဒီအတွက်ပြင်ဆင်ထားကြပါရဲ့လား?အစရှိသဖြင့်“လားနှင့်လဲ”ပေါင်းများစွာကရှေ့မှာအဆင်သင့်စောင့်ကြိုနေပါရဲ့ဗျာ။ဒါကြောင့်လဲ
 ကျောင်းသားပြည်သူအားလုံးကတညီတညွတ်ထဲနှင့်ပေါင်းစည်းပြီးဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှု့အောက်မှာမတူတာတွေကိုလော
 လောဆယ်မှာဘေးဖယ်ထားပြီးတူတာတွေကိုစုစည်း၍ဒေါ်စု၏အချက်ပြမှု့ကိုစောင့်စားသင့်ကြပါသည်။ဒီအချိန်မှာကျွန်တော်တို့ရဲ့ဒီမိုကရေ
 စီလိုလားတဲ့အင်အားစုတွေထဲကတစ်ဦးတစ်ယောက်ကိုမှမလျှော့ပါးစေလိုပါ။ကျွန်တော်တို့မှာအထက်ကဖေါ်ပြထားသလိုလားပေါင်းများစွာ
 ကစောင့်ကြိုနေကြသည်မဟုတ်ပါလား။ညီညွတ်မှလဲအချိန်ကျရင်ပူးပေါင်းဆင်နွှဲပြီးအထက်ပါ“လားနှင့်လဲ”ပေါင်းများစွာကိုအောင်မြင်စွာ
 ကျော်ဖြတ်နိုင်မည်မဟုတ်ပါလား။အဲဒီအချိန်မှာထေင်ထဲမှာရောက်နေလျှင်ဘာမှလုပ်၍မရတော့ပါ။

 ဒီနေရာမှာကျွန်တော့်အထင်တစ်ခုပြောခြင်ပါသည်။ဒေါ်စုသည်မဟတ္တမဂန္ဒီကြီး၏လမ်းစဉ်ကိုယုံကြည်သူတစ်ဦးဖြစ်ပါသည်။ထို့ကြောင့်
ဒေါ်စုလည်းအဆိုပါလမ်းစဉ်ကိုလိုက်နာမည်ဟုထင်ပါသည်။ဒါကြောင့်လည်းအန်တီကပြည်သူတွေကိုမကြာခဏညီညွတ်ဘို့ပြောနေ
ခြင်းဖြစ်သည်ထင်ပါသည်။တကယ့်လက်တွေ့တွင်လည်းဂန္ဒီကြီး၏လမ်းစဉ်သည်အောင်မြင်ခဲ့သည်ကိုသမိုင်းဖြစ်စဉ်တွေမှာအထင်အ
ရှားတွေ့မြင်နိုင်ပါသည်။ကျွန်တော်လည်းအဆိုပါညီညွတ်ခြင်းနှင့်ပတ်သက်၍“တို့တွေတကယ်ညီညွတ်ကြပြီလား”ဟူသောဆောင်းပါး
ကိုရေးခဲ့ဘူးပါသည်။အဆိုပါဆောင်းပါးထဲတွင်ကျွန်တော်အထောက်အထားများနှင့်တကွဖေါ်ပြခဲ့ပါသည်။အမှန်ကဒီထက်မကရှိခဲ့ပါ
သည်။အများသိမည်ထင်ပါသည်။တောင်အာဖရိက၏အသားရောင်ခွဲခြားမှု့ပြသနာတွင်လည်းလူမဲခေါင်းဆောင်ကြီးနယ်လ်ဆင်မန်ဒဲလား
သည်လည်းအဆိုပါဂန္ဒီကြီး၏လမ်းစဉ်ကိုလိုက်ခဲ့၍နောက်ဆုံး၌အောင်ပွဲခံနိုင်ခဲ့ပါသည်။အမေရိကန်ပြည်ထောင်စု၏လူဖြူလူမဲပြသနာတွင်
လဲလူမဲခေါင်းဆောင်မာတင်လူသာကင်းဂျူနီယာသည်လဲအဆိုပါဂန္ဒီကြီး၏လမ်း၏စဉ်ကိုကျင့်သုံးခဲ့ပြီးအောင်ပွဲဆင်နိုင်ခဲ့ပါသည်။အဆိုပါ
နည်းလမ်းသည်တန်ဖိုးရှိသောလူတွေ၏အသက်ဆုံးရှုံးမှု့တွေမှအနည်းဆုံးဖြစ်အောင်ကာကွယ်ပေးပြီးလူတိုင်းလူတိုင်းအလွယ်တကူပါ
ဝင်ဆင်နွှဲနိုင်ပါသည်။ပြည်သူအများညီညွတ်ဘို့ဘဲလိုပါသည်။အချိန်တော့ယူရပါသည်။ပြည်သူတွေတကယ်တန်းညီညွတ်လျှင်မည်သည့်
အာဏာရှင်ကမှတင်းမခံနိုင်တာကမ္ဘာ့သမိုင်းမှာသက်သေအမြောက်အများပြသခဲ့ပြီးပါပြီ။ထို့ကြောင့်လည်းအာဏာရှင်များကညီညွတ်မှု့
ကိုနည်းလမ်းမျိုးစုံသုံး၍ညဖြိုဖျက်နေခြင်းဖြစ်ပါသည်။ထို့ကြောင့်ကျောင်းသားပြည်သူသတိကြီးကြီးထား၍ညီညွတ်မှု့မပြိုကွဲရန်ထိမ်းသိမ်း
ရင်းဒေါ်အောင်ဆန်းစုကြည်မှအချက်ပေးလာမည့်နေ့ကိုစောင်းစားကြပါစို့ဟုတိုက်တွန်းနှိုးဆော်လိုက်ရပါသည်ခင်ဗျာ။



Rate this posting:
{[['']]}

No comments:

Post a Comment