့
ဖိုးထက် – မတုံးစမ်းပါနဲ့
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅
ဟေ့လူ မတုံးနဲ့ဗျ။
ခင်ဗျားက လွှတ်တော်မှာ
ခြေဥပြင်ဖို့ မဲခွဲတာ မပြင်ဖို့ဘက်က နိုင်တဲ့ ကိစ္စကို ပျော်ရတယ်လို့ဗျာ။
သဘောထားကွဲလွဲပိုင်ခွင့် ဆိုတာ လူတယောက်ဖြစ်တဲ့ ခင်ဗျားအတွက်
အပြည့်ဝရှိတယ်။ ဒါကို ကျွန်တော်လက်ခံတယ်။ ယုံကြည်တယ်။ ၅၉၊ ၄၃၆ ကို “က” ကန
“အ” အထိ ပြင်ခြင်း မပြင်ခြင်းကိစ္စကို ကျွန်တော်က ပြောနေတာမဟုတ်ဘူးဗျ။
ကျွန်တော်ပြောချင်တာက အရှိကို အရှိအတိုင်းလက်ခံပြီး နောင်ရာစုနှစ်လောက်
ကြိုး
စားကြရမယ့်ခရီးကို ခြေတလှမ်းစလိုက်ဖို့ ပြောချင်တာ။ အခုတော့ ဒီမိုး ဒီလူ ဒီလှေတွေနဲ့ ကျွန်တော်တို့နိုင်ငံက ဘယ်တော့မှ အောက်တန်းစားနိုင်ငံက တက်မှာမဟုတ်ဘူး။
မိုးမခသတင်းစာမျက်နှာမကူးယူဖေါ်ပြထားပါသည်။
မူရင်းလင့်...
http://moemaka.com/archives/44219
စားကြရမယ့်ခရီးကို ခြေတလှမ်းစလိုက်ဖို့ ပြောချင်တာ။ အခုတော့ ဒီမိုး ဒီလူ ဒီလှေတွေနဲ့ ကျွန်တော်တို့နိုင်ငံက ဘယ်တော့မှ အောက်တန်းစားနိုင်ငံက တက်မှာမဟုတ်ဘူး။
ဒီခရီးကို ဒီလမ်းက
ဒီလူတွေနဲ့သွားနေမှတော့ ဒီပန်းတိုင်ဘဲရောက်မယ်ဆိုတာ အဘွားကြီးလိုလူမျိုး
မပြောနဲ့ ကျွန်တော်လို အကောင်တောင် သိတယ်။ အခုလို Result ထွက်လာတော့
မထူးဆန်းပါဘူး။ မျှော်လင့်ပြီးသားကိစ္စပါဗျာ။ ဒါပေမယ့် အပ်နဲ့
ထွင်းရမယ့်ကိစ္စကို ပေါက်ဆိန်နဲ့ပေါက်ရအောင် လုပ်နေကြတာဗျ။ လူ့သက်တမ်းတခုဟာ
ဘာရှိမှာလဲ။ အလွန်ဆုံး နေရလှ နှစ်ပေါင်း ၈၀၊ ၉၀ ပေါ့ဗျာ။ အဲဒီ နှစ်အပိုင်း
အခြားလေးထဲမှာ အများနဲ့သက်ဆိုင်တဲ့ ကိစ္စတခုကို
ကောင်းကောင်းမွန်မွန်သွားလို့ ရပါလျက်နဲ့ ကိုယ့်နေရာ
ကိုယ်မနေချင်ကြတဲ့ကိစ္စကို မုန်းတယ်ဗျ။
ခင်ဗျားလည်း
ကိုချစ်စမ်းမောင်ကို သိမှာဘဲ။ IC က လိဒ်ဂစ်တာတီးတဲ့ ဘဲကြီးလေဗျာ။ ဒီလူကြီး
ဂစ်တာတီးရင် ကျွန်တော်တို့ သိပ်ခိုက်။ သိပ်ကြိုက်ကြတယ်မို့လား။
ကြိုက်မှာပေါ့ဗျ။ သူ့အသက်မွေးဝမ်းကျောင်း Professional ကို သူက
ပိုင်ပိုင်နိုင်နိုင်ရှိတာကိုးဗျ။ သူ့ Professional ကို သူက
ပိုပိုပြီးတော်လာအောင် လေ့ကျင့်တယ်။ သင်ယူတယ်။ ကြိုးစားတယ်။ သူ့ကို တံ
တားတစ်စင်းရဲ့တည်ဆောက်ပုံ သွားမေးကြည့်ပါ့လား။ အိမ်တအိမ်ရဲ့
လျှပ်စစ်ဝန်အားကို တွက်ခိုင်းကြည့်ပါလား။ ဒီလူကြီး ဘယ်လိုသိမလဲဗျ။ သိဖို့လဲ
မလိုဘူးဗျ။ သူ့အသက်မွေးဝမ်းကျောင်းကို ကျွမ်းကျင်နေဖို့အဓိကဘဲလေ။
နောက်ပြီး
ရှိပါသေးတယ်ဗျာ။ ထုတ်ပြရရင် အများကြီးဆိုတာ ခင်ဗျားသိပါတယ်။
ကျွန်တော်ပြောချင်တာက လူဆိုတာ ကိုယ့်အသက်မွေး ၀မ်းကျောင်းနဲ့ ကိုယ်နေရတဲ့
အသက်အရွယ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း သေကြရတာဗျ။ ဆရာဝန်တယောက်ဟာ
အင်ဂျင်နီယာဘာသာရပ် သိဖို့မလိုဘူး။ ကားစက်ပြင်ဆရာတယောက်ဟာ
နာရီပြင်တတ်ဖို့မလို ဘူး။ အခုတော့ စစ်သားက နိုင်ငံရေးလုပ်နေတယ်ဗျ။ ဒါကို
ပြောချင်တာ။ ဆန္ဒနဲ့ ဘ၀နဲ့ တထပ်တည်းကျမှ အကောင်းဆုံး ဆိုတာ
မျှော်လင့်လို့ရတာဗျ။
လူစိတ်ကင်းနေတဲ့
အစွန်းရောက် IS တွေကိုယ်ထဲကို ကျည်ဆန်အတွဲလိုက်ပစ်ထည့်နေတဲ့စစ်သားနဲ့
ဘာလက်နက်မှမရှိ တဲ့ လူအုပ်ထဲကို ကျည်ဆန်အတွဲလိုက်ပစ်ထည့်နေတဲ့
စစ်သားနှစ်ယောက်ဆိုပါတော့။ ဘယ်သူက သူ့အလုပ်ကို ပိုပြီး ခင်
မင်တွယ်တာမယ်လို့ ထင်သတုံး။ လူဗျ။ လူ။ လူဆိုတာ မွေးရာပါ စိတ်ကောင်း
စိတ်မြတ်လေးတွေ အနည်းနဲ့ အများ ရှိကြ တာချည်းဘဲ။ ၈၈ တုန်းက လူအုပ်ကြီးကို
ပြစ်သတ်ခဲ့တဲ့ စစ်သားတွေ ပျော်နေခဲ့တယ်လို့ ခင်ဗျားထင်သလား။ ကျွန်တော်က
မထင်ဘူးဗျ။ အခုလဲ လွှတ်တော်ထဲမှာ အသားလွတ်ကြီး ၂၅ ရာခိုင်နှုန်း
ဝင်ထိုင်နေတဲ့ စစ်အရာရှိကြီးတွေ ပျော်နေတယ်လို့ ခင်ဗျား ထင်လား။
စစ်သားဆိုတာ စစ်ဘဲတိုက်ချင်တာ။ သေနတ်ဘဲ ကိုင်ချင်တာ။ ဒီလူကြီးတွေ
ကိုယ်နဲ့မဆိုင်တဲ့နေရာမှာ အဆဲခံ၊ အဆူခံပြီး ထိုင်နေရတာ လုံးဝမပျော်ဘူးဆိုတာ
ကျွန်တော်က လည်ပင်းဖြတ်ကြေးတောင် အလောင်းအစား လုပ် ချင်တယ်။
ဒါပေမယ့်ဗျာ….စနစ်ကြီးဆိုးကြီးတခု။
လက်တဆုပ်စာ လူတစု။ အာဏာရူးနေတဲ့ လူတချို့ရဲ့ ကြိုးဆွဲရာကို လိုက်ကနေကြ
ရတာဗျ။ ဖြူလည်း မည်း။ မည်းလည်း မည်းနေခဲ့ကြရတော့ ငါ ဘာလုပ်နေသလဲဆိုတာ
တွေးဖို့တောင် သူတို့မှာ အချိန်မရဘူး ထင်ပါတယ်။ သူတို့အသိုင်းအ၀ိုင်းကြီး
တခုလုံးကို ကာပစ် ပစ်ပေးဖို့ငါတို့မှာ တာဝန်ရှိတယ်ဆိုတဲ့စိတ်နဲ့
ပေကတ်ကြီးတွေ လုပ်ပြီး လွှတ်တော်ထဲဝင်ထိုင်နေကြတာဗျ။
ခင်ဗျားလဲ သိတာဘဲဗျာ။
၂၀၀၈ ဖွဲ့စည်းပုံ ဘယ်လောက်လူပါးဝတယ်ဆိုတာ။ ကာချုပ်က အရာရာမှာ
ဗိုလ်ကျလို့ရအောင် ရေးထားတဲ့ စာအုပ်ကြီးဗျ။ လူတယောက်အပေါ်ကိုစုပုံပြီး
အာဏာတွေ အသားကုန်အပ်ထားတာဗျ။ ဒီခေတ်ကြီးမှာ လူ တယောက်အပေါ်ကိုဘဲ အစစအရာရာ
ပုံအပ်ထားပြီး မင်းကောင်းတယ်ထင်ရင် လုပ်ဆိုတာ ဖြစ်သင့်သလား၊ မဖြစ်သင့်
ဘူးလား စဉ်းစားပေါ့။ ခင်ဗျားလည်း ဆန်စားပြီး ကြီးလာတဲ့ မြန်မာဘဲ။
ကိုင်း..ထားပါ။ ၁၉၉၀
တုန်းက ငါတို့အာဏာလွှဲလိုက်ရင် လမ်းပေါ်မှာ ငါတို့လူတွေကိုပစ်သတ်ထားတဲ့အတွက်
အဖမ်းခံရ လိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အာဏာမလွှဲခဲ့ဘူး။ ထားပါတော့။ အခုက
သားရွှေအိုးထမ်းလာမယ့်ကိန်းဗျ။ အရာရာအားလုံးက ချောချောမွေ့မွေ့နဲ့
ချစ်ချစ်ခင်ခင်နဲ့ ပြီးသွားရမယ့်အခွင့်အရေးကို ပုတ်ချ
ဆောင့်ကန်လိုက်တာဘဲဗျ။ ခင်ဗျားက မေးမယ်။ ၄၃၆ ပြင်လိုက်လို့၊ ၅၉(စ)
ပြင်လိုက်လို့ ဒေါ်စုအာဏာရရင် စစ်ခေါင်းဆောင်တွေ ခွေးဖြစ်မယ် မထင်ဘူးလားလို့
မေးလိမ့်မယ်။ မထူစမ်းနဲ့ဗျ။ ပြည်သူလူထုက လက်စားချေချင်ရင်တောင်မှ
အဘွားကြီးက ခွင့်ပြုမှာမဟုတ်ဘူးဗျ။ ဒေါ်စုဟာ ဒီလို အောက် တန်း ခပ်ကျကျ
မိန်းမကြီးမဟုတ်ဘူးဗျ။ သူ့စိတ်ထဲမှာ လူတိုင်းကို လူ့ဂုဏ်သိက္ခာ အပြည့်နဲ့
သူ့အသက်မွေး ၀မ်းကျောင်းနဲ့ သူ တိုးတက်ကြီးပွားစေချင်တာ တခုဘဲရှိတယ်။
အခုတော့
ကိုယ့်အရိပ်ကိုယ် ပြန်ကြောက်နေရတဲ့ အဲဒီ စစ်သားမပီသတဲ့စစ်သားတွေကို
ကျွန်တော်ကတော့ သနားတယ်ဗျာ။ တော်ပါဗျာ။ အခု ဒီဥပဒေတွေ၊ စည်းကမ်းတွေ၊
စည်းမျဉ်းတွေကို မပြင်နိုင်လို့ ပြီးပြီလို့ ထင်သလားဗျ။ လုံးဝမှားမယ် ဆရာ
ရေ့။ လူဆိုတာ ကိုယ်တိုင်သာ အမှားလုပ်ချင်လုပ်မယ်။ သူများကိုတော့
မှန်စေချင်ကြတဲ့အမျိုးကြီးဘဲ။ သူများ ပစ္စည်းလုယူတဲ့ ဓားပြတောင် ရိုးတဲ့
တပည့်ကို ညာလက်ရုံးခန့်ချင်တာဗျ။ အမှန်တရားကို အလွန်မြတ်နိုးတဲ့သတ္တ၀ါထဲမှာ
လူက ထိပ်ဆုံးကဗျ။ လူမှာ လောဘရှိမယ်။ ဒေါသရှိမယ်။ မောဟရှိမယ်။
တချိန်တည်းမှာဘဲ သိပ်ပြီး အမှန်တရားကိုချစ်ခင်တွယ်တာတဲ့ သတ္တ၀ါ ဗျ။
ဘာဖြစ်လဲဗျ။ အခု
မဲခွဲတာ ရှုံးတယ်။ ပွဲပြီးသွားပြီလို့ ထင်လို့လား။ ဟား…ဟား…။
သိပ်ရီရတဲ့လူဘဲဗျာ။ ခင်ဗျား…ဗျာ။ ဒေါ်စု သမ္မတမဖြစ်လို့ မီးသေသွားပြီလို့
ထင်သလားဗျ။ ကာချုပ်က အာဏာလက်ထဲကိုင်ထားရဆဲမို့ အေးဆေးဘဲလို့ ထင်သလား ဗျ။
ဘယ်တော့မှ မပြီးဆုံးမယ့်တိုက်ပွဲကြီးတခုကို သူတို့စလိုက်ကြတာဗျ။
နောက်ဆုံးမှာ ဘယ်သူ
နိုင်မယ်၊ ရှုံးမယ်ဆိုတာ ခဏထားဗျ။ လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေရှိလို့
ခိုးချင်တိုင်း ခိုးလို့ရချင်ရမယ်။ ယူချင်တိုင်း ယူလို့ရချင်ရမယ်။
အမှန်တရားဟာ ရွှေဘဗျ။ နောက်ဆုံးမှာ ရွှေဘဟာ ရွှေဘဘဲဖြစ်မယ်ဆိုတာ ထပ်ပြီး
လောင်းလိုက်ချင်သေးတယ်။ ဂုဏ်ကျက်သရေကင်းမဲ့တဲ့ ငွေကြေး၊ ဥစ္စာတွေ သူတို့
ယူလို့ ရချင်ရမယ်။ လုပ်ချင်တိုင်း လုပ်လို့ ရချင်ရပါလိမ့်မယ်။ ကိုယ့်
Professional နဲ့ကိုယ် မနေသမျှကာလပတ်လုံး ကျွန်တော်တို့နိုင်ငံဟာ ဘယ်တော့မှ
အောက် တန်းစားနိုင်ငံက တက်မှာမဟုတ်ဘူးဆိုတာ သိထားစမ်းပါဗျာ။ အရာရာကို
လုံခြုံရေးအမြင်နဲ့ကြည့်နေရင် လုံခြုံရေး အဆင့် လောက်ဘဲ ဖြစ်တော့မှာပေါ့ဗျ။
သြော်..ပြောရအုံးမယ်။
ကျွန်တော်တို့နိုင်ငံဆိုတော့ အဲဒီနိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့
ကျွန်တော်နဲ့ ခင်ဗျားရော ပါတယ်။ မြန်မာစစ်တပ်လည်း ပါတယ်။
ထောင်ထဲရောက်နေတဲ့ ကျောင်းသားလည်း ပါတယ်။ လူအချင်းချင်း လည်လှီးချင်
လာအောင်လုပ်နေတဲ့ ဘုန်းကြီးတွေလည်း ပါတယ်။ ဒီနိုင်ငံ အောက်တန်းကျရင်
ပြည်သူလူထု တစုတည်း ကွက်ပြီး အောက် တန်းကျတယ်လို့ မထင်စမ်းပါနဲ့ဗျာ။
အားလုံး အောက်တန်းစားဖြစ်မှာဗျ။ လူတော မတိုးဖြစ်မှာဗျ။ အခုတောင် သူတို့
ကမ္ဘာ့အလယ်မှာ အောက်တန်းဘယ်လောက်ကျရသလဲ လိုက်ကြည့်ရင်တွေ့မှာဘဲ။
သူများနိုင်ငံကို ကြောက်ရပါတယ်တို့ ဘာတို့ ထုတ်ကိုပြောရလောက်အောင်
ဓားမနောက်ပိတ်ခွေး ဖြစ်နေတာဗျ။
ပြောချင်တာက တခုတည်းပါ။ သိပ်ပြီး မတုံးနဲ့ဗျ။ ချီးလှီးလို့မှ သွေးမထွက်တဲ့ ဓားတုံးကြီးလို ခင်ဗျားဦးဏှောက်ကို အဖြစ် မခံနဲ့ဗျ။
မတုံးစမ်းပါနဲ့ဗျာ။
Photo / greenwichtime.comမိုးမခသတင်းစာမျက်နှာမကူးယူဖေါ်ပြထားပါသည်။
မူရင်းလင့်...
http://moemaka.com/archives/44219
{[['
']]}
No comments:
Post a Comment