Warmly welcome from mgburmese8888 blog.
ကျွန်တော့်ရဲ့ဘလော့ဂ်လေးကိုအလည်လာတဲ့အတွက်မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

“အောက်တန်းကျတယ်၊ရှက်ဘို့ကောင်းတယ်ဆိုတာ”




 အေးနေဝင်းဆိုတဲ့မြန်မာပြည်၏လူ့တိရိစ္ဆာန်အာဏာရှင်ကြီးနေဝင်းရဲ့မြေးကအာဏာရှင်နောက်လိုက်
 သူခိုးကြီးအောင်သောင်းငရဲပြည်သွားမှာကိုဝမ်းသာနေကြတဲ့ကျုပ်တို့လိုအဖိနှိပ်ခံနင်းပြားပြည်သူတွေ
 ပျော်နေကြတာကို“တော်တော်အောက်တန်းကျသေးပါလားနော်”ဆိုပါလား။သာမာန်လူတစ်ယောက်
 ကပြောရင်ကျုပ်အနေနှင့်ဘာမှမပြောလိုပေမယ့်အေးနေဝင်းလိုအာဏာရှင်ရဲ့မျိုးဆက်တစ်ကောင်က
 ပြောတယ်ဆိုတော့လည်းဟဲဟဲ...ဒါဆိုရင်လဲကျုပ်မေးစမ်းပါရစေအဲဒီမြန်မာပြည်ကအပြစ်မဲ့ပြည်သူတွေ
 ကိုသတ်ပြီးပြည်သူ့ဘဏ္ဍာတွေကိုခိုးခဲ့တဲ့အာဏာရှင်နေဝင်းရဲ့အထက်တန်းစားမြေးအေးနေဝင်းကို...

 (၁)မင်းတို့အထင်ကြီးနေတဲ့မင်းတို့ရဲ့အဘိုးအာဏာရှင်နေဝင်းကယောင်္ကျားကြီးတန်မဲ့နှင့်ကမ္ဘာ့ငြိမ်းချမ်း
 ရေးပိသုကာဦးသန့်ကိုမနာလိုဝန်တိုဖြစ်ခဲ့တာကိုအထက်တန်းစားတွေရဲ့လုပ်ရပ်လို့မင်းလိုကောင်ကတွေး
 ထင်ထားသလား?

 (၂)မင်းတို့အဘိုးအာဏာရှင်လူသတ်သမားကြီးနေဝင်းကသူထက်အဘက်ဘက်ကသာပြီးကိုယ်ကျင့်တရား
 လဲကောင်းမွန်တဲ့ရဲဘော်သုံးချိတ်ဝင်ဗိုလ်လင်္ကျာကိုမနာလိုဖြစ်ပြီးအာဏာသိမ်းပြီးနောက်မှာအပြစ်မရှိဘဲထောင်
 ထဲဆွဲထည့်ခဲ့တာကိုရောအထက်တန်းစားတွေရဲ့လုပ်ရပ်လို့ပြောခြင်သလား?

 (၃)ဇူလိုင်(၇)တုံးကလက်နက်ဆိုလို့အပ်တိုတစ်ချောင်းတောင်မရှိကြတဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ
 ကိုသတ်မိန့်ပေးပြီးသတ်ခဲ့လို့ကျောင်းသားတွေသေခဲ့ရတုံးကမင်းတို့ရဲ့အဘိုးလူသတ်သမားကြီးကနောက်
 ကွယ်မှာဝမ်းသာနေမယ်လို့ထင်သလား၊ဝမ်းနည်းပြီးအမျှပေးဝေနေမယ်လို့မင်းထင်းနေသလား?

 (၄)၁၉၇၄အလုပ်သမားအရေးအခင်းတုံးကမိသားစုစားဝတ်နေရေးအတွက်ခြောက်ပြားတပဲလစာလေးတိုးရ
 ဘို့တောင်းဆိုနေကြတဲ့အပြစ်မဲ့အလုပ်သမားတွေကိုမင်းတို့ရဲ့အဘိုးလူသတ်သမားကြီးအမိန့်နှင့်ပစ်သတ်ခံရ
 လို့သေကုန်တုံးကအာဏာရှင်မင်းတို့အဘိုးနေဝင်းကနောက်ကွယ်မှာသနားလွန်းလို့လူသားဆန်စွာနှင့်အမျှ
 ပေးဝေခဲ့သလား၊အခုတို့ပြည်သူတွေအောင်သောင်းသေတော့မှာမို့ဝမ်းသာနေကြသလိုဘဲသူလဲဝမ်းသာနေခဲ့
 သလား?

 (၅)၁၉၇၅ဦးသန့်အရေးအခင်းတုံးကအပြစ်မဲ့ကျောင်းသားတွေကိုသတ်မိန့်ပေးခဲ့လို့ကျောင်းသားပြည်သူရဟန်း
 တော်တွေသေကြေကြတုံးကမင်းတို့အဘိုးအာဏာရှင်လူသတ်သမားနေဝင်းနောက်ကွယ်မှာကွယ်လွန်သူတွေ
 အတွက်အမျှပေးဝေခဲ့သလား(သို့)ဝမ်းသာနေခဲ့သလား?

 (၆)၁၉၇၆မှိုင်းရာပြည့်တုံးကအပြစ်မဲ့အသတ်ခံခဲ့ရတဲ့ကျောင်းသားတွေတုံးကရောမင်းတို့ရဲ့အမျိုးယုတ်အဘိုး
 နေဝင်းကဝမ်းနည်းနေခဲ့သလား၊ဝမ်းသာနေခဲ့သလား?

 (၇)နောက်ဆုံးကတော့၁၉၈၈အရေးတော်ပုံးတုံးကမင်းတို့အဘိုးလူ့တိရိစ္ဆာန်အာဏာရှင်နေဝင်းကြောင့်အပြစ်
 မဲ့အသက်သေဆုံးခဲ့ကြရတဲ့ရဟန်း၊ဲပြည်သူကျောင်းသားထုအတွက်မင်းတို့ရဲ့အထက်တန်းစားပါလို့ထင်နေတဲ့
 အဘိုးအာဏာရှင်နေဝင်းနှင့်တကွမင်းတို့မိဘနေဝင်းမျိုးဆက်အေးဇော်ဝင်း၊စန္ဒာဝင်းအပါအဝင်မင်းတို့တတွေ
 ကရောနောက်ကွယ်မှပြည်သူတွေထောင်နှင့်ချီပြီးအသက်ဆုံးလို့အမျှပေးဝေပြီးပူဆွေးနေခဲ့လား၊ဝမ်းသာနေကြ
 လား?

 ဖြေကြစမ်းပါဦး။မှတ်ထား...ဘယ်အာဏာရှင်မဆိုတနေ့သေရမှာဘဲ။အာဏာရှင်သေရင်အဖိနှိပ်ခံပြည်သူတွေ
 ပျော်ကြတာဟာလောကဓမ္မတာဘဲ။ဒါဟာအပြစ်မဟုတ်ဘူး။မင်းတို့အဘိုးနေဝင်းသေလို့ခွေးသေတစ်ကောင်
 လိုအသုဘချခဲ့ရတုံးကလဲတို့အဖိနှိပ်ခံပြည်သူတွေပျော်ရွှင်ခဲ့ကြတာဘဲ။အဲဒီအာဏာရှင်ရဲ့မျိုးဆက်တွေလဲလူ
 ကြားထဲမှာဘယ်တော့မှဂုဏ်သရေရှိစွာမနေကြစေရဘူး။မတရားသဖြင့်ရယူထားတဲ့ငွေကြေးကတော့ချမ်းသာ
 မှာပေါ့။ဒါပေမယ့်ဂုဏ်ဒြပ်တော့မရှိဘူး။ဂုဏ်ရှိတာနှင့်ငွေကြေးချမ်းသာတာမတူဘူးနော်။မင်းတို့လိုကောင်တွေ
 နားလည်အောင်ပြောပြတာ။မင်းတို့အပါအဝင်အခုလက်ရှိအာဏာရှင်တွေရဲ့မျိုးဆက်တွေအပါအဝင်ပေါ့။
 အောက်တန်းကျတယ်၊ရှက်ဘို့ကောင်းတယ်ဆိုတာကတိုင်းပြည်ရဲ့ဘဏ္ဍာတွေကိုကိုယ်ပိုင်ပစ္စည်းဥစ္စာကဲ့သို့ခိုး
 ယူ(သို့)ဓါးပြတိုက်ရယူပိုင်ဆိုင်ထားကြပြီးကိုယ်ပိုင်လိုလို၊မွေကတည်းကဘဲဆွေစဉ်မျိုးဆက်ချမ်းသာလာသလို
 လိုနှင့်မင်းတို့လိုအာဏာရှင်တွေရဲ့မျိုးဆက်တွေကမှအောက်တန်းကျတာ၊ရှက်ဘို့ကောင်းတာကွ။အဲဒါကိုမသေ
 မခြင်းမှတ်ထားကြ!!!!!!!!!!!!
Rate this posting:
{[['']]}

No comments:

Post a Comment