ပုဒ်မ၄၃၆(က)ကိုမဲခွဲဆုံးဖြတ်သည့်ဇွန်လ၂၅ရက်မှာပြည်ထောင်စုလွှတ်တော်အမတ်စုစုပေါင်း၆၃၃ဦးရှိသည့်အနက်
လွှတ်တော်အမတ်၅၀ဦးမှာခွင့်တိုင်ကြား၍သမိုင်းတွင်မည့်မြန်မာပြည်၏အပြောင်းအလဲကိုပြည်သူ့ဆန္ဒနှင့်အညီ
မဲပေးရန်ပြက်ကွက်ခဲ့ပါသည်။အဘယ့်ကြောင့်ပြက်ကွက်ကြသလဲဆိုတာပြည်သူအားလုံးကအလွယ်တကူသဘော
စည်ထားကြသည်မှာထင်ရှားလှပေသည်။အကယ်၍အခြေခံဥပဒေကိုပြင်ဆင်ရန်မထင်မှတ်ဘဲထောက်ခံသည့်ဘက်
မှများသွားပါကလည်းမဲပေးသူအရေအတွက်ရာနှုံးမပြည့်၍အထမမြောက်ရန်အဆင့်ဆင့်ကြံစည်ထားကြခြင်းဖြစ်ပေ
သည်။
ထို့ကြောင့်အဆိုပါတာဝန်ရှိပါရက်နှင့်တိုင်းပြည်ကိုဒုက္ခတွင်းထဲတွန်းပို့နေကြသောစစ်အစိုးရနှင့်ကြံရာပါတက်ရောက်
ခြင်းမရှိသည့်လွှတ်တော်အမတ်၅၀ဦးအနက်၃၅ဦးမှာပြီးခဲ့သည့်ရက်ကတည်းကခွင့်တိုင်ထားသူများဖြစ်ပြီး၁၄ဦးမှာဇွန်
လ၂၅ရက်ရောက်မှသာခွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။အဆိုပါလူများမှာတိုင်းပြည်ကိုဖြက်စီးရန်ကြိုးစားနေသောသမိုင်း
တရားခံများအဖြစ်သားစဉ်မြေးဆက်ရာဇဝင်တွင်သွားပါလိမ့်မည်။ထို့ပြင်လပွတ္တာမြို့နယ်မှပြည်သူ့လွှတ်တော်အမတ်
ဖြစ်သူဦးဇော်ထွန်းမှာလည်းမဲခွဲဆုံးဖြတ်မည့်ညနေပိုင်းတွင်နေ့တစ်ဝက်ခွင့်ယူခဲ့သည်။တာဝန်ရှိလျှက်၊ပြည်သူ့ထံမှလစာ
များကိုအချောင်ယူ၍တာဝန်မကြေဘဲအကြောင်းပြခွင့်တိုင်ကြားသူလွှတ်တ်ာအမတ်၁၅ဦးမှာအောက်ပါအတိုင်းဖြစ်သည်။
ဦးဇော်ထွန်း
လပွတ္တာမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပြည်သူ့လွှတ်တော်အမတ်(ညနေပိုင်းနေ့တစ်ဝက်ခွင့်)
ဦးသန်းဦး
မြဝတီမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပြည်သူ့လွှတ်တော်အမတ်
ဦးသန်းမြင့်
ဆားလင်းကြီးမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပြည်သူ့လွှတ်တော်အမတ်
ဒေါက်တာဝင်းမြင့်
လှိုင်မြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပြည်သူ့လွှတ်တော်အမတ်
ဦးကျင်ဝမ်း
ဟိုပန်မြို့နယ်၊“ဝ” ဒီမိုကရက်တစ်ပါတီ၊ပြည်သူ့လွှတ်တော်အမတ်
ဦးစိုင်းသီဟကျော်
မိုင်းရယ်မြို့နယ်၊ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ပြည်သူ့လွှတ်တော်အမတ်
ဦးထွန်းဆာ(ခ)ဦးစိုင်းထွန်းဝင်း
တန့်ယန်းမြို့နယ်၊ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ပြည်သူ့လွှတ်တော်အမတ်
ဒေါ်ခင်သန်းမြင့်
ငပုတောမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပြည်သူ့လွှတ်တော်အမတ်
ဦးဂျေယောဝူ
ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်၁၂၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊အမျိုးသားလွှတ်တော်အမတ်
ဒေါ်နန်းနီနီအေး
ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်၆၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊အမျိုးသားလွှတ်တော်အမတ်
ဦးစိုးသက်
တနင်္သာရီတိုင်းမဲဆန္ဒနယ်အမှတ်၁၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊အမျိုးသားလွှတ်တော်အမတ်
ဦးအောင်သန်း
မကွေးတိုင်းမဲဆန္ဒနယ်အမှတ်၁၀၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊အမျိုးသားလွှတ်တော်အမတ်
ဦးမြင့်လှိုင်
ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်၁၂၊တသိပုဂ္ဂလ၊အမျိုးသားလွှတ်တော်အမတ်
ဦးထွန်းကျော်
ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်၁၀၊တအောင်း(ပလောင်)အမျိုးသားပါတီ၊အမျိုးသားလွှတ်တော်အမတ်
ဦးစိုင်းစံမင်း
ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်၃၊ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊အမျိုးသားလွှတ်တော်အမတ်
{[['
']]}
No comments:
Post a Comment