အလွန်မှပင်နာကြည်းစက်ဆုတ်ဖွယ်စစ်သွေးကြွစစ်အစိုးရဖြစ်ပါသည်။ဒီအစိုးရကိုနှိုင်းဘို့ရာမှာတောတွင်းသားရဲတိရိစ္ဆာန်များနှင့်ခိုင်းနှိုင်းလိုပါသည်။
တောတွင်းတိရိစ္ဆာန်များတွင်သနားကြင်နာမှု့၊စဉ်းစားဆင်ခြင်နိုင်မှု့များလုံးဝမရှိဘဲကြီးနိုင်ငယ်ညှင်းဓလေ့အတိုင်းအင်အားကြီးသူကအင်အားနည်း
သူကိုရက်ရက်စက်စက်အနိုင်ယူလေ့ရှိပြီးသူ့အစာအတွက်ဆိုလျှင်အသက်ကိုပါအလွတ်မပေးပါ။သို့ပါသောါလည်းသူ့ထက်အင်အားကြီးမားသူကို
တွေ့လျှင်တော့ထွက်ပြေးပုံးရှောင်ပါတော့သည်။ထိုနည်း၎င်းမြန်မာစစ်အစိုးရသည်လည်းထပ်တူထပ်မျှဖြစ်ပါသည်။လူကိုသေစေနိုင်သောလက်
နက်များကိုင်ဆောင်ပြီးလက်နက်မဲ့နေသောအားနည်းသည့်ပြည်သူပြည်သားများကိုသနားကြင်နာရမည့်အစားသူ့ကိုယ်ကျိုးကိုထိခိုက်လာလျှင်ရက်
ရက်စက်စက်အသေသတ်သည်အထိလုပ်ကြပါသည်။မကြာသေခင်လတ်တလောကဖြစ်ပြက်ခဲ့သောကိုပါကြီးနှင့်လက်ပန်တောင်းတောင်ဒေါ်ခင်ဝင်း
တို့၏အဖြစ်အပြက်များသည်မြန်မာစစ်အစိုးရ၏ကြီးနိုင်ငယ်ညှင်းအင်အားကြီးသူကအင်အားသေးသူကိုလက်နက်အားကိုးနှင့်အနိုင်ကျင့်၍သတ်ဖြတ်ခဲ့
သည်မှာလယ်ပြင်မှာဆင်သွားသလိုအထင်အရှားပင်ဖြစ်ပါတော့သည်။အဆိုပါအဖြစ်အပြက်မျိုးမြောက်များစွာဖြစ်ပြက်ခဲ့ကြောင်းစစ်အစိုးရအုပ်ချုပ်နေ
သော(၁၉၆၂)ခုနှစ်မှမျက်မှောက်ခေတ်တိုင်အောင်သက်သေအထောက်အထားများစွာနှင့်ဖြစ်ပျက်နေပါသည်။အဆိုပါအဖြစ်အပျက်များအတွက်တစ်
ကြိမ်တစ်ခါမျှ“ဝမ်းနည်းပါသည်၊တောင်းပန်ပါသည်၊လျှော်ကြေးပေးဆောင်ပါမည်”ဟုမပြောခဲ့ဘူးပါ။ဆက်လက်၍အနိုင်ကျင့်ဆဲ၊ကျင့်ကောင်းဆဲဖြစ်ပါ
သည်။သို့သော်လည်းမြန်မာစစ်အစိုးရထက်အင်အားကြီးမားသောတယုတ်နိုင်ငံကိုမူအပြေးအလွှားသွားရောက်၍အရှက်မရှိဝန်ချတောင်းပန်ပြီးလျှော်
ကြေးပေးဆောင်ရန်ကမ်းလှမ်းသည်ကိုတွေရသောကြောင့်အလွန်အမင်းမခံမရပ်နိုင်ဖြစ်ရလွန်းသောကြောင့်ရေးရခြင်းဖြစ်ပါသည်။ကိုယ့်ပြည်သူတွေ
ကိုတော့သတ်ခြင်တိုင်းသတ်၊ရိုက်ခြင်တိုင်းရိုက်ပြီးမျက်နှာပြောင်တိုက်ပြီးကိုယ့်ထက်အင်အားကြီးမားသောတယုတ်နိုင်ငံသားအတွက်ကျတော့ဝန်ချ
တောင်းပန်ပြီးပြည်သူ့ဘဏ္ဏာနှင့်တောင်သူတို့ရဲ့အမှားအတွက်အလျှော်ပေးဦးမတဲ့။သြော်....တောတွင်းကသားရဲအရိုင်းအစိုင်းတိရိစ္ဆာန်တွေနှင့်မြန်
မာဟဟ်သွေးကြွစစ်အစိုးရဘာများကွာခြားနေပါသလဲ။
{[['
']]}