အနုပညာသယ်ဆိုသည်မှာပြည်သူကကြွေးတဲ့ထမင်းကိုစားပြီးမှအသက်ရှင်ရပ်တည်နေကြရတာဖြစ်ပါသည်။ပြည်သူကအားပေးမှသူတို့ရဲ့
ဝမ်းစာပြည့်ကြရတာပါ။ထိုနည်း၎င်းအနုပညာရှင်တွေကလည်းမအောင်မြင်သေးခင်နှင့်အောင်မြင်ပြီးနောက်ပိုင်းမှာလဲသူတို့ကိုပြည်သူတွေ
အားပေးထောက်ခံခြင်လာအောင်သူတို့ရဲ့အစွမ်းအစများကိုတက်စုံလက်ကုန်ထုတ်၍ကြိုးစားကြရတာဓမ္မတာပါ။ပြည်သူကအားပေးတော့အ
ချို့လဲအောင်မြင်ပါသည်။အချို့အလွန်အောင်မြင်သွားကြပါသည်။ပြည်သူကအားမပေးလျှင်တော့အများသိတဲ့အတိုင်းပါဘဲအောက်ခြေမှာတင်
တဝဲလည်လည်နှင့်ဇတ်သိမ်းသွားကြသူတွေတပုံ
တပင်ကြီးပါဘဲ။အောင်မြင်သောအနုပညာရှင်တစ်ယောက်ဖြစ်ဘို့ရာမှာငွေကြေးမပြည့်စုံတဲ့သူတွေအဘို့ရာအလွန်ပင်ခက်ခဲကြမ်းတမ်းလှတဲ့
လမ်းဖြစ်ပါသည်။ငွေကြေးပြည့်စုံသူတွေအဘို့ကတော့ဘာအရေးလဲသိတဲ့အတိုင်းဘဲလေ။အဲ...အောင်မြင်ပြီးသွားကြရင်တော့သူတို့ရဲ့လက်
ဖျားမှာငွေသီးလာကြပါလေရောဗျာ။အဲဒီမှာဇာတ်လမ်းကစပါလေသည်။အချို့လဲထိမ်းသိမ်းနိုင်သလိုအချို့လဲမထိမ်းနိုင်မသိမ်းနိုင်ဖြစ်ကုန်
တော့တာပါဘဲ။အချို့ကတော့သူတို့ကိုအဲဒီလိုအောင်မြင်တဲ့ဘဝတွေရောက်အောင်တွန်းတင်ပို့ဆောင်ပေးခဲ့တဲ့ပြည်သူတွေရဲ့မျက်နှာကိုမှ
မထောက်ထားတော့ဘဲစော်စော်ကားကားပြုမူလုပ်ဆောင်လာတာတွေအထိဖြစ်လာကြပါတော့သည်။ထင်ပေါ်လာတော့စင်ပေါ်က
ကောက်ပြီလေ။အဲဒီမှာအာဏာလက်ရှိထားတဲ့စင်ပေါ်ကလူတွေကိုအတင်းကိုဘဲမိမိရဲ့ကျော်ကြားမှု့၊သိက္ခာတွေကိုမစောင့်ထိမ်းနိုင်တော့
ဘဲနောက်ထပ်ရရှိလာမယ့်အခွင့်အရေးများအတွက်သူတို့တတွေကိုမူလဘူတမြေတောင်မြှောက်တင်ပေးခဲ့တဲ့ထမင်းရှင်တွေရဲ့မျက်နှာ
တွေကိုမကြည့်နိုင်ကြတော့ဘဲအစွမ်းကုန်ုပုမူကြပါသည်။အမှန်တကယ်ပြောဆိုရလျှင်စာရေးသူတို့မြန်မာနိုင်ငံတွင်မြန်မာ့ရုပ်ရှင်၊ဗီဒီယိုဇတ်
လမ်းများကိုအမှန်အကန်ပီပီပြင်ပြင်အားပေးကြသည်မှာဆင်းရဲသားနှင့်လူလတ်တန်းစားအများစုကြီးဖြစ်ပါသည်။ဘာဖြစ်လို့လည်းဆိုတော့
အဆိုပါလူတန်းစားတွေအတွက်ငွေကြေးအများအပြားသုံးစွဲရန်မလိုဘဲစိတ်အပန်းဖြေစရာဆို၍ရုပ်ရှင်နှင့်ဗီဒီယိုများသာဖြစ်ပါသည်။သူတို့ခင်
မြာအဲဒီလိုအပန်းဖြေဘို့ရာတောင်သူတို့တတွေပင်ပင်ပန်းပန်းရှာဖွေလုပ်ကိုင်လို့ရလာတဲ့ရှိစုမဲ့စုအသပြာလေးများနှင့်သူတို့စိတ်အပန်းပြေစေ
ဘို့ရာမှာအနှမျောအတွန့်တိုမရှိဘဲရက်ရက်ရောရောသုံးစွဲကြရတာပါ။အဲဒီငွေတွေကိုအနုပညာရှင်ဆိုသူတွေကမှီပြီးတော့ကြီးပွါးချမ်းသာလာ
ကြတာပါ။အခြားငွေကြေးတတ်နိုင်သူများမှာကဲ့သို့ငွေကုန်ကြေးကျခံ၍စိတ်အပန်းမဖြေနိုင်ကြရှာပါ။အာဏာပိုင်အသိုင်းအဝန်းနှင့်ငွေကြေးအ
လျှံအပယ်ကြွယ်ဝနေသောလူတန်းစားများအတွက်အပန်းဖြေဘို့ရာမြန်မာ့ရုပ်ရှင်ဆိုတာမလိုအပ်ပါ။စိတ်လဲမဝင်စားကြပါ။သူတို့တွေမှာကအ
ပန်းဖြေစရာတပုံတပင်ရှိနှင့်ပြီးဖြစ်ပါသည်။ဒါကြောင့်လည်းသူတို့တတွေထဲကမြန်မာ့ရုပ်ရှင်ကိုနှစ်ခြိုက်စွဲလမ်းစွာကြည့်ရှု့အားပေးသူနည်းပါး
လှပေသည်။စာရေးသူ၏ဆိုလိုရင်းမှာအဆိုပါအောင်မြင်ကျော်ကြားလာသူများ၏အဓိကကျေးဇူးရှင်အစစ်များမှာဆင်းရဲသားနှင့်လူလတ်တန်း
စားပြည်သူလူထုကြီးပင်ဖြစ်ပါသည်။အာဏာပိုင်ဆိုသည်မှာထင်ပေါ်လာမှစင်ပေါ်ကကောက်ယူတတ်တာဓမ္မတာပါ။တဖန်ယ္ခုမြန်မာပြည်
တွင်ဒီမိုကရေစီစနစ်ကိုအဓိကရယူခြင်နေသူများမှာအဆိုပါဆင်းရဲသားနှင့်လူလတ်တန်းစားပြည်သူများပင်ဖြစ်နေပါသည်။ငွေကြေးချမ်းသာ
ကြွယ်ဝသူများအဘို့ရာ“ဘယ်အစိုးရတက်တက်ဒို့တချိုးရ”ဆိုသောမူကိုကျင့်သုံး၍တက်လာသောအစိုးရနှင့်ပေါင်းပြီးစားနေသောကြောင့်ဒီမို
ကရေစီမရလဲသူတို့ဂရုမစိုက်ပါ(အများစုကိုဆိုလိုပါသည်။)။ဆင်းရဲသားနှင့်လူလတ်တန်းစားများသာဒီမိုကရေစီမရလျှင်းစစ်ဘိနပ်အောက်
မှာအနင်းခံရလွန်း၍ပြားချပ်နေပြီးမြေကြီးနှင့်တသားထဲပင်ဖြစ်နေပါတော့သည်။ဒီထက်ပိုကြာလျှင်မြေကြီးတွေထဲကျွံဝင်ရုံသာရှိတော့မည်။
ထိုကဲ့သိုအလွယ်တကူနှင့်ပင်မြင်နိုင်သောအရာများကိုပင်မမြင်ကွယ်ပြု၍မျက်နှာပြောင်တိုက်နေသောအနုပညာရှင်ဆိုသူများကိုအလွန်ပင်
ရွံရှာမုန်းတီးမိပါသည်။စာရေးသူအနေနှင့်အဆိုပါသူများကိုအနုပညာရှင်ဟုခေါ်ဆိုမည့်အစား“အနူ”ပညာရှင်များဟုပင်ခေါ်ဆိုခြင်ပါသည်။
ဘယ်လောက်သူတို့ရဲ့ပရိတ်သတ်ပြည်သူအချို့ကအဆိုပါဘဝမေ့နေသူများကိုအားပေးချစ်ခင်နေလဲဆိုလျှင်ဖြေတွေးလေးတွေး၍“ရေ
လိုက်ငါးလိုက်နေရတာပါ”တို့“နီးရာဓါးကြောက်နေရတာပါ”တို့လိုစကားလုံးများဖြင့်ကိုယ့်ထမင်းကိုယ်စားပြီးလိုက်လံဖာထေးကာဖြေတွေး
တွေးနေသူများပင်ထုနှင့်ဌေးပါ။ဟုတ်ကဲ့စာရေးသူလဲတစ်ချိန်ကနားလည်ပေးခဲ့ဘူးပါသည်။အဲဒီတစ်ချိန်ဆိုတာကတော့စစ်အာဏာသိမ်း
ကာစ(၁၉၈၈၊၈၉၊၉၀၊၉၁၊၉၂၊၉၃)ကာလများကိုဆိုလိုပါသည်။ဥပမာတစ်ခုပြောရလျှင်ထိုအချိန်ကအလွန်တရာမှနာမည်ကြီးလူကြိုက်များခဲ့
သော၊လူသေသော်လည်းယနေ့တိုင်လူကြိုက်များနေဆဲဖြစ်သောစတီရီယိုအဆိုတော်စိုင်းထီးဆိုင်သည်၁၉၈၈ကကျောင်းသားနှင့်လူအ
မြောက်အများလမ်းများပေါ်တွင်စစ်သားတွေရဲ့လက်ချက်နှင့်ရက်ရက်စက်စက်လမ်းမတွေပေါ်မှာပစ်သတ်ခံရတာကိုမြင်ပြီးမခံခြင်လွန်း
အားကြီးပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ဖွဲ့စည်းစဉ်ကာလကဗဟိုကော်မတီဝင်တစ်ဦးအနေနှင့်ဦးဆောင်ပါဝင်ခဲ့ပါသည်။ထို့အတွက်
ကြောင့်ထိုစဉ်ကနဝတစစ်အစိုးရကအဆိုတော်စိုင်းထီးဆိုင်အားစင်မြင့်ဖျော်ဖြေပွဲများနှင့်တေးစီးရီးထုတ်ခွင့်များကိုလုံးဝပိတ်ပင်သည်အထိအ
ရေးယူခဲ့ဘူးပါသည်။ဒါပေမယ့်သူကြံ့ကြံ့ခံခဲ့သော်လဲဘဲနောက်ဆုံးမိသားစုဝမ်းရေးကအကြပ်အတည်းတွေ့လာရသည့်အတွက်ကြောင့်
အလျှော့ပေးပြီးအမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်မှနှုတ်ထွက်ခဲ့ရပါတော့သည်။သို့သော်လည်းကျွန်တော်တို့ပြည်သူပရိသတ်အများစုကြီးကသူ့ရဲ့
အခြေအနေကိုနားလည်ပေးနိုင်ခဲ့ပါသည်။သို့သော်လည်းယနေ့အချိန်ကာလသည်အဆိုပါ၁၉၉၀ပြည့်လွန်နှစ်များကနှင့်မတူတော့ပါ။အဖြူကို
အဖြူ၊အမဲကိုအမဲပြတ်ပြတ်သားသားရပ်တည်နိုင်သည့်/ရမည့်အချိန်ကာလဖြစ်နေပါပြီ။ဒါကြောင့်လည်းအချို့အနုပညာရှင်များ(သျှင်ဖြူရှင်၊
ထွန်းအိန္ဒြာဗိုလ်၊ချစ်စုဝေ၊လင်းလင်း၊သျှီ၊အနဂ္ဂ၊သံသာဝင်း)အစရှိသည့်လက်ရှိအလွန်အောင်မြင်ကျာ်ကြားနေသောအနုပညာရှင်များကိုယ်တိုင်
တောင်ပြတ်ပြတ်သားသားဆင်းရဲသားနှင့်လူလတ်တန်းစားပြည်သူများရဲ့မျက်နှာကိုထောက်ထား၍သစ္စာရှိရှိအများပြည်သူကအလွန်တရာမှ
လိုလားတောင်းတနေသောဒီမိုကရေစီကိုဦးဆောင်၍တောင်းဆိုတိုက်ပွဲဝင်နေသောဒေါ်အောင်ဆန်းစုကြည်ဘက်မှထောက်ခံရပ်တည်နေ
ပါသော်လည်းအချို့သော“အနူပညာရှင်”များမှာမူကားမျက်နှာပြောင်တိုက်အရှက်ကင်းမဲ့ကာမိမိထမင်းရှင်ပြည်သူလူထုကြီး၏မျက်နှာကိုမှမ
ထောက်ထားဘဲအာဏာရှင်များအား“အဘ”ခြင်းမိုးမွှန်အောင်ခေါ်ဆိုပြီးစားကြွင်းစားကျန်လေးများစွန့်လိုစွန့်ငြားအရှက်သိက္ခာမဲ့စွာပလူးနေ
သည်မှာအလွန်တရာမှရွံရှာဘို့ကောင်းလှပါသည်။သေခြာတာပေါ့ဗျာဒီမိုကရေစီသဘောတရားအရကိုယ်ထောက်ခံခြင်တာ၊ကိုယ်ယုံကြည်
ရာကိုထောက်ခံပြီးမယုံကြည်တာကြီးကိုမထောက်ခံခြင်နေနိုင်ပါသည်အကယ်၍သင်ဟာအမှီအခိုကင်းကင်းနှင့်လွတ်လပ်စွာလုပ်ကိုင်စား
သောက်အသက်မွေးဝမ်းကျောင်းပြုလာခဲ့ရင်ပေါ့ဗျာ။ဒါပေမယ့်လူတစ်ယောက်ဟာအောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်
လာခဲ့ပြီဆိုရင်အဲဒီလူဒီလိုဘဝမျိုးဖြစ်လာအောင်ဘယ်လိုလူတွေကပုခုံးပေါ်ထမ်းပြီးတင်ပေးခဲ့ကြသလဲဆိုတာကိုပြန်ပြီးစဉ်းစားရပါလိမ့်
မယ်။အောင်မြင်ကျော်ကြားလာတဲ့လူတစ်ယောက်ရဲ့အပြုအမူတွေဟာသာမာန်လမ်းဘေးကလူတစ်ယောက်လိုလုပ်ခြင်တာလုပ်လို့၊ပြော
ခြင်တာပြောလို့မရတော့ပါဘူး။သူတို့တတွေရဲ့ဘဝဟာမလွတ်လပ်တော့ပါဘူး။သူတို့တွေရဲ့အပြုအမူ၊အပြောအဆိုတိုင်းဟာမူလထမင်း
ရှင်တွေဖြစ်ကြတဲ့လူထုပရိသတ်၏မျက်နှာကိုပြန်လည်စဉ်းစားလေးစားရမည်ဆိုတာလူတိုင်းကပင်သိနေပါသည်။မအောင်မြင်ခင်တုံးက
တော့ပရိတ်သတ်ကြီး၊လူထုကြီးကိုသူတို့လောက်လေးစားပြရတာအမောဘဲ။အောင်မြင်ပြီးလက်ဖျားမှာငွေသီးလာတဲ့အခါကျတော့မ
အောင်မြင်သေးခင်ကပြောခဲ့တဲ့အရာတွေအကုန်လုံးကိုမေ့ပစ်ကုန်တဲ့“ဆီးသီးသည်မဗျိုင်း”လိုအနုပညာရှင်တွေလဲဘယ်လိုကျဆုံးသွားလဲ
ဆိုတာသမိုင်းမှာအပုံအပင်ပါ။ဒါကြောင့်အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေဟာထမင်းရှင်တွေ၏အလိုဆန္ဒနှင့်ဆန့်ကျင်စွာပေါ်ပေါ်
တင်တင်မပြုမူသင့်ပါဘူး။မြန်မာလူမျိုးများပီပီကျေးဇူးတရားကိုတော့နားလည်သင့်ပေသည်။မထောက်ခံခြင်လျှင်နှစ်ဖက်စလုံးနှင့်ကင်းအောင်
နေနိုင်ခဲ့ပေရမည်။ထို့ကြောင့်အဆိုပါအပြုအမူများကိုမျက်စေ့စပါးမွှေးစူးသောပြည်သူများကအဆိုပါဘဝမေ့နေကြသော“အနူပညာရှင်“များကို
သပိတ်မှောက်သည့်အနေနှင့်သူတို့၏ထွက်ရှိသမျှသောရုပ်ရှင်နှင့်ဗီဒီယိုကားများကိုဝယ်ယူ၊အားပေး၊ကြည့်ရှု့၊ငှါးရမ်းခြင်းမပြုဘဲနေသည်မှာ
အလွန်တရာမှပင်မှန်ကန်သဘာဝကျလှပါကြောင်းဆွေးနွေအပ်ပါသည်ခင်ဗျား။
{[['
']]}
No comments:
Post a Comment