Warmly welcome from mgburmese8888 blog.
ကျွန်တော့်ရဲ့ဘလော့ဂ်လေးကိုအလည်လာတဲ့အတွက်မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

“သူများကိုလက်ညှိးတစ်ချောင်းထိုးရင်ကိုယ့်ကိုကျန်လက်ချောင်းသုံချောင်းကပြန်ထိုးနေတာသိပါလေစစစ်အစိုးရ”


သင်္ကြာန်မတိုင်ခင်ကသတင်းလေးတစ်ပုဒ်ဖတ်မိပါတယ်စိတ်ဝင်စားလို့ပါ။ဒီစာလေးကိုရေးတဲ့အတွက်ကြိုပြီးပြောထားပါရစေ၊အဲဒါကတော့ကျွန်တော်
“ကိုးကန့်”လူမျိုးမဟုတ်သလို“ဆယ်ကန့်”လဲမဟုတ်ပါ။ထိုနည်း၎င်း“ဝ”လူမျိုးမဟုတ်သလို“လု”လည်းမဟုတ်ပါ။တော်ကြာဘာလူမျိုးမို့ညာလူမျိုးမို့သူ့အ
မျိုးထိလို့နာနေတာလို့အပြောခံရမှာစိုးလို့ပါ။သတင်းလေးကဘာတဲ့“ကိုးကန့်ပြောခွင့်ရပုဂ္ဂိုလ်ကိုဖမ်းဝရမ်းထုတ်”တဲ့။ပြစ်မှု့ကဘာလဲလို့ဖတ်ကြည့်မိတော့
“ပြည်တွင်း ပြည်ပမီဒီယာတွေကိုမမှန်သတင်းတွေပေးခဲ့”လို့ဆိုဘဲ။ဖတ်ပြီးတော့မပြုံးဘဲဝါးလုံးကွဲသာရီလိုက်ခြင်တော့တယ်အရပ်ကတို့ရေ။အဲဒီလိုသာဆို
ရင်စစ်အစိုးရကပြန်ဝန်နှင့်မှုးဇော်ဆိုတဲ့ကောင်နှစ်ကောင်တော့သေခြာပါတယ်ထောင်ထဲကတောင်ထွက်ရမှာမဟုတ်ဘူး။ကဲ...ကျုပ်တို့မြန်မာပြည်မှာတရား
ဥပဒေကိုဘယ်လောက်တောင်ဘုံးပေါလအောစစ်အစိုးရကနေအသုံးပြုနေကြသလဲဆိုရင်အဲဒါသာကြည့်ကြပါတော့ဗျာ။ဒါကြောင်လဲမြနမမာပြည်မှာတရား
ဥပဒေကိုမလေးစားတဲ့လူတွေပေါများလာတာမဆန်းတော့ပါဘူး။

Rate this posting:
{[['']]}

No comments:

Post a Comment